ထရန့်နဲ့ ရီးရဲလ်၊ ယာယီနည်းပြပဲ ခန့်မယ့် အင်္ဂလန်၊ ဘာစီနည်းပြအဖွဲ့ဝင် သီယေဂို၊ ဝက်စ်ဟမ်းသွားမယ့် တိုဒီဘိုနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ယာဂင်ကလော့ပ်၊ ဂွာဒီယိုလာတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုနေတဲ့ အင်္ဂလန်အသင်းဟာ ထိုနည်းပြ နှစ်ဦးကို ခန့်အပ်မယ်ဆို တစ်နှစ်လောက် စောင့်ရဖွယ် ရှိနေတာကြောင့် နည်းပြ ဆောက်ဂိတ်နေရာကို ယူ-၂၁ နည်းပြဖြင့် ယာယီ အစားထိုးဖွယ် ရှိနေပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း သီယေဂို အယ်ကန်တာရာ ဟာ ဘာစီလိုနာ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် လာမယ့်ရာသီက စတင် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ခေါ်ချင်ခဲ့တဲ့ နိုက်စ် ကစားသမား တိုဒီဘိုကို တစ်ရာသီ အငှားခေါ်ယူမှာဖြစ်ကာ ရာသီကုန်မှာ ယူရို ၃၆ သန်း အပြင် ထပ်တိုးကြေးတွေပေးဖို့ သဘောတူညီမှုရခဲ့ပါပြီ။

ပြင်သစ်သား ကစားသမားတွေကို ထိခိုက်စေတဲ့ chants ကြွေးကြော်မိခဲ့တာ အတွက် အာဂျင်တီးနားနဲ့ ချယ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်က တရားဝင် တောင်းပန်လာပါတယ်။

ချယ်ဆီးအသင်းကလည်း အန်ဇိုရဲ့ တောင်းပန်စာ အတွက် အားပေးထောက်ခံလိုက်ပြီး ကစားသမားကို ပညာပေး သင်တန်း တက်စေမယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို ပေါင် သန်း ၃၀ ဖြင့် ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ပစ်မှတ်ဖြစ်တဲ့ လိုင်လီနဲ့ ပြင်သစ်ခံစစ်မှူး ယိုရိုကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီး ကစားသမားက ဆေးစစ်တော့မှာပါ။

အာဆင်နယ်၊ ချယ်ဆီးတို့နဲ့ ရေပန်းစားခဲ့တဲ့ တိုက်စစ်မှုး အိုဆင်မန်ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းဖို့ များနေပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် ညာ အစွန်လူ ဘစ်ဆာကာကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူး ညာအစွန်လူ ထရန့်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေပါတယ်။ အခြေအနေ ထူးခြားလာခြင်းတော့ မရှိသေးဘဲ လီဗာပူးကလည်း ထရန့်ကို သက်တမ်းတိုးလိုနေဆဲပါ။

ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ဟာ မာဆေးအသင်းကို ယူရို သန်း ၃၀ နဲ့တင် ပြောင်းရွှေသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အနာဂတ် အပြောင်းအရွှေ့ကနေ အကျိုးခံစားခွင့် ရပါဦးမယ်။