အေဂျက် ဂိုးသမားလေး တွန်မီ ဆက်ဖို့ဒ် ဆေးစစ်ဖို့ အတွက် အာဆင်နယ်က booking လုပ်ထားပြီ ဖြစ်ပြီး ပြီးစီးတာနဲ့ ဒီနွေ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် မိတ်ဆက်ကြေညာဖွယ် ရှိပါတယ်။
အာဆင်နယ် နောက်ခံလူ တီယာနေးကတော့ ယူရိုကနေ အသည်းကွဲ ပြန်လာပြီးနောက် အာဆင်နယ် အသင်း ထရိန်နင်ထံ ပြန်လာ ပူးပေါင်းနေပါပြီ။
ဝက်စ်ဟမ်း အသင်းဟာ အာဆင်နယ်ရဲ့ ရေးစ် နယ်ဆန် ကို စိတ်ဝင်စားနေပြီး ပေါင် ၁၅ သန်း – သန်း ၂ဝ ဝန်းကျင်နဲ့ ကမ်းလှမ်း ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဘိုလော့ညာ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူရေးဟာ မထင်မှတ်ဘဲ ကြံ့ကြာနေပြီး ကစားသမားရဲ့ ယခင် ကလပ်ဟောင်း ဘေဆယ်က ပြောင်းရွှေ့ကြေး တဝက် ထိ ရယူလိုနေတာကြောင့် ညှိနှိုင်းမရ ဖြစ်နေပါတယ်။ ထိုကလပ် နှစ်သင်းကြား ညှိနှိုင်းမရရင်တော့ အပြောင်းအရွှေ့ကပါ ပျက်ပြယ်ဖွယ် ရှိနေပါတယ်။
အာဆင်နယ် အသင်းဟာ အမေရိကန် ရာသီကြို ခရီးစဉ် အတွက် တောင့်တင်းတဲ့ လူစာရင်းနဲ့ သွားမှာ ဖြစ်ပေမယ့် အဓိက ကစားသမား တချို့ မပါဝင်နိုင်ဘူးလို့ သိရပါတယ်။
ယူရိုက ပြန်လာတဲ့ ဒီကလန်ရိုက်စ်၊ ဆာကာ၊ ရမ်စ်ဒယ်နဲ့ ဒေးဗစ် ရာယာ တို့ လေးယောက်ဟာ အားလပ်ရက် ယူနေဦးမှာ ဖြစ်ပြီး နောက်မှ လော့စ်အင်ဂျလိစ် သို့ လိုက်လာ ပူးပေါင်းမှာပါ။
ဂန်းနားတွေဟာ လာမယ့် ဇူလိုင် ၂၄ နဲ့ ၂၇ ရက်မှာ ဘုန်းမောက်၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ LA မှာ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး လီဗာပူးနဲ့တော့ ဇူလိုင် ၃၁ ရက် Philadelphia မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့်လေး Henry-Francis ဟာ အိုင်းရစ် ဘောလုံးရာသီကုန်မယ့် နိုဝင်ဘာကုန်ထိ Sligo Rovers အသင်းမှာ အငှား သွားရောက် ကစားမှာ ဖြစ်ပါတယ်။