မန်ချက်စတာ နှစ်သင်းရဲ့ ကစားသမားသစ် မိတ်ဆက်များ၊ ဂရင်းဝုဒ်၊ ရာဘီရော့၊ အူဘာမီးယန်းတို့နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုင်လီအသင်းမှ ဆယ်ကျော်သက် ပြင်သစ် နောက်ခံလူ လင်နီ ယိုရိုကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ယိုရို အတွက် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် (၅၂.၂)သန်း + ထပ်ဆောင်းကြေး ပေါင် (၆.၇)သန်း သုံးခဲ့ပြီး လီဂူးဝမ်းသမိုင်းမှာ ဈေးအကြီးဆုံး ခံစစ်မှူး အရောင်းလည်း ဖြစ်လာကာ ယိုရိုက ယူနိုက်တက်နဲ့ ၅)နှစ် + (၁)နှစ် စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ယိုရို ခေါ်ယူမှု အပြီးမှာ ယိုရိုနဲ့ အေးဂျင့်တူ ကစားသမား ဖြစ်တဲ့ ပီအက်စ်ဂျီ ကွင်းလယ် အူဂါတီကို ခေါ်ဖို့လည်း ယူနိုက်တက် သဘောတူညီမှု ရခဲ့ပြီး အပြီးသတ်ဖို့ ဆက်လက် လုပ်ေ်ဆာင်နေပါတယ်။

မန်ချက်စတာ စီးတီးအသင်းကလည်း ဂျီရိုနာမှ ဘရာဇီးလ် တောင်ပံကစားသမားလေး ဆာဗီယိုကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဂျီရိုနာက City Football Group လက်အောက်က အသင်း ဖြစ်ပေမယ့် စီးတီးက ဆာဗီယို ကို ရအောင် ခေါ်ယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် (၂၁)သန်း အပိုဆုကြေးများ အပါအဝင်နဲ့ဆို ပေါင် (၃၃.၆)သန်း သုံးခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ စာချုပ်ကုန်လို့ အလွတ်နဲ့ ထွက်ခွာလာတဲ့ ကွင်းလယ် ကစားသမား ရာဘီရော့ ဟာ ဒီရက်ပိုင်းမှာ ယူနိုက်တက်၊ လီဗာပူးတို့နဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

မာဆေး အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား ဂရင်းဝုဒ်ကို ခေါ်ယူလိုက်ပါပြီ။ မာဆေး ပရိသတ်တွေကတော့ ကန့်ကွက်နေတဲ့ ကြားက နာမည်ပျက် ရှိတဲ့ ဂရင်းဝုဒ်ကို ခေါ်လို့ အမျက်ထွက်နေကြပါတယ်။

တော့ဘိုးလေ တို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ ပြင်သစ်ကလပ် Strasbourg အသင်းဟာ နည်းပြ ဗီအဲရာနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

ဆော်ဒီကလပ် Al-Qadsiah အသင်းဟာ မာဆေး တိုက်စစ်မှူး အူဘာမီးယန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။