မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတလောမှာ အာဆင်နယ် အသင်းနဲ့ စာချုပ် ကုန်တော့မယ့် လူငယ်တိုက်စစ်သမား အိုဘီမာတင် ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်သမားဟာ အာဆင်နယ်နဲ့ စာချုပ်ကုန်တော့မှာဖြစ်ကာ လန်ဒန်ကလပ်မှာ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့ထက် အသင်းပြောင်း၊ ထွက်ခွာဖို့ကိုပဲ ဆုံးဖြတ်ထားတာပါ။
ဒီအပတ်မှာ အိုဘီမာတင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကို ရောက်လာခဲ့ကာ အပြောင်းအရွှေ့ ကိစ္စ စတင် ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးမှုကလည်း အခြေအနေကောင်းနေပြီ လို့ သိရပါတယ်။
ဂန်းနား အကယ်ဒမီ ကြယ်ပွင့်လေး အိုဘီမာတင် ဟာ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုလည်း ခံခဲ့ရသေးပေမယ့် ထိုစဉ်က နည်းပြ အာတီတာနဲ့ စကားပြောဆိုပြီးတဲ့နောက် အသင်းမှာပဲ ဆက်နေမလို ရှိခဲ့သေးတာပါ။
၂၀၂၃ နိုဝင်ဘာတုန်းက လီဗာပူး ယူ-၁၆ ကို ၁၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ တစ်ဦးတည်း ၁ဝ ဂိုးသွင်းခဲ့တဲ့ အိုဘီမာတင်ဟာ ယူ-၁၇ အဆင့် ယူရိုပြိုင်ပွဲမှာ ဒိန်းမတ်အသင်းအတွက် ကိုယ်စားပြုခဲ့သေးသူ ဖြစ်ပါတယ်။