လခ လျှော့ယူမယ့် လူကာကူ၊ သဘောတူညီမှု ရတဲ့ ကယ်လာဖီအိုရီ၊ မောင့်နဲ့ ရာဘီရော့ ကောလဟာလများ၊ အဲဗာရက်စ်နဲ့ အပြောင်းအရွှေ့ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ဝတ်ဆင်တဲ့ မေဆန်မောင့် ရောင်းချခံရဖို့ ရှိတယ် သတင်း ထွက် ထားပေမယ့် ထိုသတင်းများ မမှန်ကြောင်း ရိုမန်နိုက ငြင်းချက်ထုတ်ထားပါတယ်။

လူကာကူဟာ နာပိုလီကို ပြောင်းနိုင်ဖို့ သူ့ရဲ့ လုပ်ခကို ထက်ဝက်နီးပါး လျော့ယူပေးမှာပါ။ ချယ်ဆီးနဲ့ နာပိုလီကြား အပြောင်းအရွှေ့ သဘောတူညီမှုရဖို့တော့ လိုအပ်မှာ ဖြစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အာဆင်နယ်နဲ့ ဘိုလော့ညာတို့ဟာ နောက်ခံလူ ရီကာဒို ကယ်လာဖီအိုရီ အတွက် ယူရို ၄၅ သန်းဖြင့် အပြီးသတ် သဘောတူညီမှု ရသွားပါပြီ။ ဘိုလော့ညာနဲ့ ဘေဆယ်အသင်းကြား ပြောင်းရွှေ့ကြေး အကျိုးခံစားခွင့် သဘောတူညီမှုရရင် အပြောင်းအရွှေ့ ပြီးမြောက်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂျူဗင်တပ်ကနေ ထွက်ခွာလာတဲ့ ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။ ဒီတလောမှာ ရာဘီရော့ က ယူနိုက်တက်၊ လီဗာပူးတို့နဲ့ ဆွေးနွေးမယ် သတင်းတွေ ထွက်ခဲ့သေးတာပါ။

အာဆင်နယ် လူငယ်ကြယ်ပွင့် အိုဘီ မာတင်ကို အလိုရှိတဲ့ ကလပ်တွေထဲမှာ မန်ချက်စတာကလပ် ၂ သင်းလုံး ပါဝင်နေပါတယ်။ ဆယ်ကျော်သက်လေးဟာ အာဆင်နယ်ရဲ့ ပရို စာချုပ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူပါ။

ယူနိုက်တက်ဟာ ဒီနွေမှာ ခံစစ်သမားသစ် တစ်ဦး ဆက်လက် ခေါ်ယူသွားမှာဖြစ်ကာ ဒီလစ်နဲ့ ဘရန့်ဝိတ်တို့ နှစ်ဦးထဲက ဖြစ်လာဖို့ရှိပါတယ်။

ခရစ္စတယ်ပဲလေစ့်ဟာ အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုးကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှုသစ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။

အက်သလက်တီကို မက်ဒရစ်ဟာ အေစီမီလန်ကို ပြောင်းသွားတဲ့ မိုရာတာ နေရာမှာ မန်စီးတီး တိုက်စစ်မှုး ဂျူလီယန်အဲဗာရက်စ်နဲ့ အစားထိုးလိုနေပါတယ်။

ဇန်နဝါရီတုန်းက ပေါင် သန်း ၇၀ ထိ တောင်းဆိုခဲ့တဲ့ တိုနေးအတွက် ဒီနွေမှာ ပေါင် သန်း ၃၀ တန် ကမ်းလှမ်းမှုရရင်လည်း လက်ခံသွားဖို့ ဘရန့်ဖိုဒ့်အသင်း ဘက်က စဉ်းစားထားပါတယ်။