လီဗာပူး ပစ်မှတ် ဘရာဇီးကွင်းလယ်၊ ဂါလယ်ဂါ သွားချင်တဲ့ ကလပ်၊ ဆော်ဒီသွားမယ့် ဒီဘရိုင်း၊ ဂန်းနား ဂိုးသမားသစ်နဲ့ အပြောင်းအရွှေ့ သတင်းထူးများ

လီဗာပူးအသင်းဟာ အတ္တလန္တာ မှ ဘရာဇီးသား ကွင်းလယ် ကစားသမား အီဒါဆန် ကို စိတ်ဝင်စားနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အတ္တလန္တာ အတွက် ပွဲ ၉ဝ ကစားကာ ၈ ဂိုး သွင်းထားပါတယ်။

ကော်နယ် ဂါလယ်ဟာ က အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ လုပ်လို့ရတာ အကုန် လုပ်ဆောင်သွားချင်နေပြီ ဖြစ်တယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ အင်္ဂလန် အသင်းဖော် ထရစ်ပီယာ တိုက်တွန်းမှုကြောင့် ဂါလယ်ဟာ ကလည်း တီကို သို့ ပြောင်းရွှေ့ချင်နေပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းရဲ့ ဆော်ဒီကလပ် Al-Ittihad ထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားခဲ့ပြီ သတင်းထွက်ပေါ်နေပြီး စီးတီး ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

ယူနိုက်တက်ဟာ တောင်ပံသမား အန်တိုနီကို ရာသီသစ်မှာ ဆက်ထိန်းထားဖို့ကို စဉ်းစားဆဲဖြစ်သလို ကစားသမားရဲ့ လုပ်ခ ကာမိစေရေး အငှားချဖို့ပါ စဉ်းစားနေပါတယ်။

Al Ittihad အသင်းက စီးတီးရဲ့ ဘရာဇီးဂိုးသမား အီဒါဆန်ကို ခေါ်ယူလိုနေကာ မန်စီးတီးဘက်က ယူရို သန်း ၆၀ လောက်ထိ တောင်းဆိုထားပေမယ့် သဘောတူညီမှု ရှာဖွေနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို ယူရို ၄၅ သန်းဖြင့် ခေါ်ယူမယ်လို့ ပေါ်တူဂီ သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းဟာ အေဂျက်ကနေ အသက် ၁၈ နှစ်အရွယ် ဂိုးသမားလေး တွမ်မီ ဆက်ဖိုဒ့်ကို ပေါင် ၁ သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ဟာ ဒီနွေမှာ အသင်းပြောင်းလိုနေဆဲဖြစ်ကာ တဖက်မှာလည်း ဂိုးသမား ကီပါအတွက် ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုရဖို့ကိုလည်း ချယ်ဆီးဘက်က စောင့်ဆိုင်းနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေ ပစ်မှတ်နေတဲ့ အိုဆင်မန်နဲ့ ဂျာအို နီဗက်စ်တို့ နှစ်ဦးလုံးကို လာမယ့်အပတ်ထဲ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။