မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ပေးပို့လိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဘက်က ယူရို ၃၅ သန်း ဝန်းကျင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ ဘိုင်ယန်မြူးနစ်ဘက်က ယူရို သန်း ၅၀ အပြင် ထပ်တိုးကြေးတွေ ရမှ ထွက်ခွင့်ပေးလိုနေပါတယ်။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက နည်းလွန်းတာကြောင့် ဆက်လက် ဆွေးနွေးနေကြဆဲပါ။
ဒီလစ်ရဲ့ ဘိုင်ယန်နဲ့ လက်ရှိ စာချုပ်ကလည်း ၂၀၂၇ ထိ ကျန်ရှိနေသေးတာကြောင့် ဘွန်ဒီလီဂါ ကလပ်ကတော့ ပြောင်းရွှေ့ကြေး ပို ရချင်နေပါတယ်။
ကလပ် နှစ်သင်းကြား ဆွေးနွေး စကားပြောမှု ဆက်ရှိနေပေမယ့် ဂျာမာန်ကလပ်ဟာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူရေး အသုံးစရိတ်ရဖို့ ဒီလစ်ကို အမြန်ဆုံး ရောင်းချရဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် ကစားသမားတွေထဲက ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ် ဟာ ယူနိုက်တက်ထံ ပြောင်းလာဖို့ အတော် စိတ်အားထက်သန်နေပြီး အေးဂျင့်တွေအား ရအောင် ညှိပေးဖို့ အပြတ် ပြောထားကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ဖူးပါတယ်။
ယူနိုက်တက် ဟာ ဒီတလောမှာ ယိုရို ကို ခေါ်ယူလိုက်တာကြောင့် ယူနိုက်တက်ရဲ့အခြား ပစ်မှတ်တွေ ဖြစ်တဲ့ ဒီလစ်နဲ့ ဘရိတ်ဝိတ် တို့ ကျန်ရစ်ခဲ့ပြီ ထင်ခဲ့ကြသော်လည်း မန်ချက်စတာ ကလပ်က နောက်ထပ် ဗဟိုခံစစ်မှုး တစ်ဦး ထပ်မံခေါ်ယူဦးမှာပါ။
ဒီနွေမှာ ဘိုင်ယန်ကနေ ထွက်လာဖို့ သေချာသလောက် ဖြစ်နေတဲ့ ဒီလစ်ကတော့ သူ့ အေးဂျင့်တွေ အား သရဲနီတွေ ချဉ်းကပ်မှု အပေါ် အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ ညွှန်ကြားထားပါတယ်။