လက်ရှိ နွေ အပြောင်းအရွှေ့ကာလ လက်ရှိ ဈေးကွက်ထဲမှာ စာချုပ်ကုန်လို့ မိခင်ကလပ်တွေနဲ့ လမ်းခွဲ ထွက်ခွာလာတာကြောင့် ပြောင်းရွှေ့ကြေး မပေးရဘဲ အလွတ်နဲ့ ရနိုင်တဲ့ အကောင်းဆုံး ကစားသမားများ အကြောင်းကို ဖော်ပြပေးပါမယ်။
၇) အန်တိုနီ မာရှယ် (နောက်ဆုံးကလပ် – မန်ချက်စတာ ယူနိုက်တက်)
ယူနိုက်တက်မှာ ၉ နှစ်တာ ကစားခဲ့တဲ့ တိုက်စစ်မှုးဟာ မျှော်လင့်သလောက် အတိုင်းအတာထိ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသက် ၂၈ နှစ်သာ ရှိသေးပြီး ပြိုင်ဘက်တွေကို လိမ်ခေါက်ကျော်ဖြတ်နိုင်တဲ့ စွမ်းရည် ရှိတဲ့ မာရှယ်ဟာ တိုက်စစ် လိုအပ်နေတဲ့ အသင်းတွေ အတွက်တော့ စိတ်ဝင်စားဖွယ် ရွေးချယ်စရာ ဖြစ်ပါတယ်။
မာရှယ်ကို ပြင်သစ်ကလပ် မာဆေးနဲ့ လိုင်ယွန်အသင်းတွေက စိတ်ဝင်စားနေသလို တူရကီ ကလပ် ဘက်ဆစ်တက်ကလည်း ချိတ်ဆက်နေပါတယ်။
၆) ဟမ်းမဲစ် – (နောက်ဆုံးကလပ် – ဒေါ့မွန်)
သူ့ခေတ် အခါမှာတော့ အကောင်းဆုံး ဗဟိုခံစစ်မှုး တစ်ဦး ဖြစ်ခဲ့တဲ့ ဟမ်းမဲစ် ဟာ ဒီနွေမှာ အလွတ်နဲ့ ရနိုင်သူ ဖြစ်ပါတယ်။ အသက် ၃၅ နှစ် အရွယ် နောက်ခံလူဟာ ဒေါ့မွန်နဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ ကစားပြီးခဲ့ပြီး ဘောလုံး ကစားခြင်းကတော့ အနားမယူသေးပါဘူး။
၎င်းကို ဘိုင်ယန် လီဗာကူဆင်နဲ့ ဘိုလော့ညာ အသင်းတွေက စောင့်ကြည့်နေပါတယ်။
၅) ဂွီဒို ရိုဒရီဂွက်ဇ် ( နောက်ဆုံး ကလပ် – ရီးရဲလ်ဘက်တစ်)
၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ကိုပါ အမေရိက ချန်ပီယံ ကွင်းလယ် ကစားသမားဟာ ဒီနွေ ဈေးကွက်ထဲ အလွတ်နဲ့ ရနိုင်သူ တစ်ဦးပါ။ ၎င်းကို ဘာစီလိုနာက အလေးအနက် ချိတ်ဆက်နေပါတယ်။ ဘက်တစ်ကလည်း အာဂျင်တိုင်းသားကို ပြန်ခေါ်ချင်နေပြီး အသင်းဟောင်းထံလည်း ပြန်ရောက်သွားနိုင်ပါတယ်။
အပိုင်း ၂ ဆက်လက် ဖော်ပြပါမည်။