ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (11/09/20)

ချယ်ဆီး အသင်းဟာ ကန်တေအတွက် အင်တာမီလန်ရဲ့ ကစားသမား အလဲအထပ်နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အင်တာနည်းပြကွန်တီက ချယ်ဆီး ကွင်းလယ်လူကို ခေါ်ယူလိုတာကြောင့် ဘရိုဇိုဗစ်ကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးက ချက်ချင်းပယ်ချခဲ့ပြီး အဲရစ်ဆင်ကိုလဲ စိတ်မဝင်စားကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ ဂျူဗင်တပ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တယ် လို့ သတင်း ထွက်နေပြီး ပြင်သစ်သားဟာ စီးရီးအေ ကလပ်ထံ ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။ ချယ်ဆီး က သူ့အတွက် ယူရို ၅သန်း လောက်သာ အလိုရှိနေတာ ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းဟာ ချယ်ဆီး ကွင်းလယ်တိုက်စစ် ကော်နာ ဂယ်လာဂါအတွက် အငှား အပြောင်းအရွှေ့လုပ်ဖို့ ပစ်မှတ်ထားနေပါတယ်။ အင်္ဂလန် ယူ၂၁ ကစားသမားဟာ ချာလ်တန်နဲ့ ဆွမ်ဆီး အငှားကစားသမားဘဝမှာအထင်ကြီးစရာစွမ်းဆောင်ပြခဲ့တဲ့နောက် အယ်ဘီယွန် ကင်းထောက်တွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတာလဲဖြစ်ပါတယ်။

ဘတ်ရှူဝါရီဟာ ချယ်ဆီးနဲ့ ၁နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရခဲ့တဲ့နောက် ခရစ္စတယ်ပဲလေ့စ်ထံ အငှားပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ ချယ်ဆီးမှာ ရတဲ့ တစ်ပတ်လုပ်ခ ပေါင်၁သိန်းကိုတော့ ပဲလေ့စ်က အပြည့်ပေးမှာမဟုတ်ပဲ တစိတ်တပိုင်းသာ ပေးမှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ထံ မစ်ချီ ဘတ်ရှူဝါရီ အငှားပြောင်းရွှေ့ခဲ့တဲ့နောက် ချယ်ဆီး ကွင်းလယ်လူ ဘီလီ ဂီလ်မာက ကျောနံပါတ် ၂၃ ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အသက် ၁၉နှစ် အရွယ် ကစားသမားဟာ ဇူလိုင်လမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့တဲ့နောက် လက်ကျန်ရာသီကို လွဲချော်ခဲ့ရပြီး နောက်ထပ် လအနည်းငယ်ထိ ကစားနိုင်ဦးမှာတော့ မဟုတ်ပါဘူး။

ဖီကာယို တိုမိုရီကို အငှားချမှာမဟုတ်ကြောင်း လမ်းပတ်က ပြောဆိုခဲ့တဲ့နောက် အင်္ဂလန် နောက်ခံလူအနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပုံမှန် နေရာရဖို့ တိုက်ပွဲဝင်နိုင်ပြီဖြစ်ပါတယ်။ တိုမိုရီဟာ အဲဗာတန်ကို အငှားပြောင်းရွှေ့ဖို့ချိတ်ဆက်မှုရှိခဲ့ပေမယ့် တနင်္လာနေ့ ဘရိုက်တန်နဲ့ပွဲမှာ ချယ်ဆီး အတွက် ကစားပေးရနိုင်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ရန်းနက်စ်ဂိုးသမား အီဒူရတ် မန်ဒီဟာ ၅နှစ်စာချုပ်နဲ့အတူ ချယ်ဆီး ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပေမယ့် ချယ်ဆီး အနေနဲ့ အသင်းမှာ ကီပါ ရှိရက်နဲ့ ယူရို ၂၈သန်းတန် ကစားသမားကို ပွဲထွက်ခွင့် ပေးမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ကိုင်ဟားဗတ်ဟာ ပြီးခဲ့တဲ့အပတ်က ပေါင် ၆၂သန်းနဲ့ ချယ်ဆီး ထံ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဂျာမန် ကွင်းလယ်လူအတွက် ပေးရတဲ့ ပမာဏက များပြားလွန်းပြီး ဒါကို ချယ်ဆီး က အသာတကြည် ပေးခဲ့တာက ရယ်စရာကောင်းတယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့က ဝေဖန်လိုက် ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ကန္ေတအတြက္ အင္တာမီလန္ရဲ႕ ကစားသမား အလဲအထပ္နဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ အင္တာနည္းျပကြန္တီက ခ်ယ္ဆီး ကြင္းလယ္လူကို ေခၚယူလိုတာေၾကာင့္ ဘ႐ိုဇိုဗစ္ကို အလိုက္ေပးကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္ဆီးက ခ်က္ခ်င္းပယ္ခ်ခဲ့ၿပီး အဲရစ္ဆင္ကိုလဲ စိတ္မဝင္စားေၾကာင္း အေၾကာင္းျပန္ခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးဟာ ဂ်ဴဗင္တပ္နဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့တယ္ လို႔ သတင္း ထြက္ေနျပီး ျပင္သစ္သားဟာ စီးရီးေအ ကလပ္ထံ ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ ရွိေနပါတယ္။ ခ်ယ္ဆီး က သူ႔အတြက္ ယူ႐ို ၅သန္း ေလာက္သာ အလိုရွိေနတာ ျဖစ္ပါတယ္။

ဝက္စ္ဘ႐ြန္းဟာ ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္ ေကာ္နာ ဂယ္လာဂါအတြက္ အငွား အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ပစ္မွတ္ထားေနပါတယ္။ အဂၤလန္ ယူ၂၁ ကစားသမားဟာ ခ်ာလ္တန္နဲ႔ ဆြမ္ဆီး အငွားကစားသမားဘဝမွာအထင္ႀကီးစရာစြမ္းေဆာင္ျပခဲ့တဲ့ေနာက္ အယ္ဘီယြန္ ကင္းေထာက္ေတြရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရတာလဲျဖစ္ပါတယ္။

ဘတ္ရႉဝါရီဟာ ခ်ယ္ဆီးနဲ႔ ၁ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရခဲ့တဲ့ေနာက္ ခရစၥတယ္ပဲေလ့စ္ထံ အငွားေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ခ်ယ္ဆီးမွာ ရတဲ့ တစ္ပတ္လုပ္ခ ေပါင္၁သိန္းကိုေတာ့ ပဲေလ့စ္က အျပည့္ေပးမွာမဟုတ္ပဲ တစိတ္တပိုင္းသာ ေပးမွာျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ထံ မစ္ခ်ီ ဘတ္ရႉဝါရီ အငွားေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ ခ်ယ္ဆီး ကြင္းလယ္လူ ဘီလီ ဂီလ္မာက ေက်ာနံပါတ္ ၂၃ ကို ေပးအပ္ျခင္း ခံခဲ့ရပါတယ္။ အသက္ ၁၉ႏွစ္ အ႐ြယ္ ကစားသမားဟာ ဇူလိုင္လမွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရခဲ့တဲ့ေနာက္ လက္က်န္ရာသီကို လြဲေခ်ာ္ခဲ့ရၿပီး ေနာက္ထပ္ လအနည္းငယ္ထိ ကစားႏိုင္ဦးမွာေတာ့ မဟုတ္ပါဘူး။

ဖီကာယို တိုမိုရီကို အငွားခ်မွာမဟုတ္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့တဲ့ေနာက္ အဂၤလန္ ေနာက္ခံလူအေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ပုံမွန္ ေနရာရဖို႔ တိုက္ပြဲဝင္ႏိုင္ၿပီျဖစ္ပါတယ္။ တိုမိုရီဟာ အဲဗာတန္ကို အငွားေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ တနလၤာေန႔ ဘ႐ိုက္တန္နဲ႔ပြဲမွာ ခ်ယ္ဆီး အတြက္ ကစားေပးရႏိုင္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ရန္းနက္စ္ဂိုးသမား အီဒူရတ္ မန္ဒီဟာ ၅ႏွစ္စာခ်ဳပ္နဲ႔အတူ ခ်ယ္ဆီး ထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရခဲ့ၿပီ ျဖစ္ေပမယ့္ ခ်ယ္ဆီး အေနနဲ႔ အသင္းမွာ ကီပါ ရွိရက္နဲ႔ ယူ႐ို ၂၈သန္းတန္ ကစားသမားကို ပြဲထြက္ခြင့္ ေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

ကိုင္ဟားဗတ္ဟာ ၿပီးခဲ့တဲ့အပတ္က ေပါင္ ၆၂သန္းနဲ႔ ခ်ယ္ဆီး ထံ ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ ဂ်ာမန္ ကြင္းလယ္လူအတြက္ ေပးရတဲ့ ပမာဏက မ်ားျပားလြန္းၿပီး ဒါကို ခ်ယ္ဆီး က အသာတၾကည္ ေပးခဲ့တာက ရယ္စရာေကာင္းတယ္လို႔ ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့က ေဝဖန္လိုက္ ပါတယ္။