လီဗာပူးရဲ့ ခံစစ် ပစ်မှတ်ကို အပြိုင် ဝင်ခေါ်ဖို့ ပါဝင်လာတဲ့ အာဆင်နယ် အသင်းရဲ့ ခြေလှမ်း

အာဆင်နယ်အသင်းဟာ ဒီနွေဈေးကွက်မှာ ခံစစ်ပိုင်းကိုလည်း အာရုံစိုက် အားဖြည့်ဖို့ ရည်ရွယ်နေပြီး ပဲလေစ့် ခံစစ်မှူး ဟူဂီကို ခေါ်ယူရေးအတွက်ပါ ပါဝင် ယှဉ်ပြိုင်ဖွယ် ရှိနေပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် စွမ်းဆောင်ရည် ကောင်းခဲ့သလို homegrown ကစားသမားဖြစ်တာကြောင့် ဂူဟီအပေါ် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

ဒါကြောင့်ပဲ ပဲလေစ့်နဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဂူဟီကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ကြိုးစားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နီးပါး ပေးရမှာမို့ အခက်တွေ့နေပါတယ်။

ပဲလေစ့်ဟာ ဒီနွေမှာ ကစားသမားကောင်းတွေကို အင်အားဖြည့်ဖို့ ရည်ရွယ်ထားပြီး အာဆင်နယ် တိုက်စစ်သမား အန်ကတ်တီးရားကို ပစ်မှတ်ထားနေတယ်။

ဒီအခွင့်အရေးကို အသုံးချကာ ဂူဟီနဲ့ အလဲအထပ်လုပ်ဖို့ အာဆင်နယ်ဘက်က စဉ်းစားလာကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အာဆင်နယ်ဘက်က အန်ကတ်တီးရားအတွက် ပေါင် သန်း ၃၀ ဝန်းကျင် တောင်းဆိုမှာဖြစ်ကာ ဒါဟာ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူး ဂူဟီကို ခေါ်ယူနိုင်ရေး စရိတ်များစွာ လျော့ချနိုင်ဖွယ်ရှိတာ ဖြစ်ပါတယ်။