ဇာဗီ ဆိုင်မွန်စ် အတွက် သန်း ၁ဝဝ သုံးမယ့် မန်ယူ၊ ရောင်းခံရမယ့် ချာလိုဘတ်၊ စီးတီးရဲ့ ဂိုးသမား ပစ်မှတ်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ချယ်ဆီးအသင်းဟာ အမေရိက ရာသီကြို ခရီးစဉ်သို့ နောက်ခံလူ ချာလိုဘတ်ကို မခေါ်ဘဲ ချန်ထားခဲ့ပါတယ်။ ချာလိုဘတ်ကို ချယ်ဆီးက ဒီနွေမှာ အပြီး ရောင်းချလိုနေပြီး အသက် ၂၅ နှစ်သား အတွက် ပေါင် ၃၅ သန်း လို့ ဈေး သတ်မှတ်ထားပါတယ်။

ပီအက်စ်ဂျီ တောင်ပံသမား ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူရေးမှာ ဘိုင်ယန်၊ လိုက်ပ်ဇစ်တို့ထက် အသာရဖို့ မန်ချက်စတာ ယူနိုက်တက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁ဝဝ ထိ သုံးစွဲချင်နေပါတယ်။

ဒေါ့မွန်အသင်းကနေ အလွတ်ဖြင့် ထွက်ခွာသွားတဲ့ ခံစစ်မှူး ဟမ်းမဲစ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အလေးအနက် စိတ်ဝင်စားနေပါတယ်။

ဒီနွေအတွက် လီဗာပူးရဲ့ ဦးစားပေး ရည်မှန်းချက်က ထရန့် အလက်ဇန်းဒါး အာနိုး ကို သက်တမ်းတိုးစာချုပ် ပေးနိုင်ရေးပဲ ဖြစ်ပါတယ်။

ဂိုးသမား အီဒါဆန် က ဆော်ဒီဘက်နဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီ ဂိုးသမား ဒွမ်နာယာမာကို ပစ်မှတ်ထားလာပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အန်ကတ်တီးရားကို ပဲလေစ့်ထံ ရောင်းထုတ်ကာ ခံစစ်မှူး ဂူဟီကို ပြန်လည် ခေါ်ယူလိုနေပါတယ်။

တိုက်စစ်မှုါ် အဲဗာရက်စ်အတွက် မန်စီးတီးဘက်က ယူရို သန်း ၇၀ + ယူရို သန်း ၂၀ ထိ ပြောင်းရွှေ့ကြေး ရလိုနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူမှာ မဟုတ်ဘဲ ဘင်ဖီကာ ကွင်းလယ်လူ ဂျာအိုနီဗက်စ်အတွက် ပိုမို အားထည့်နေပါပြီ။

၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်က လီဗာပူးအသင်းနဲ့ သက်တမ်းတိုးလိုနေပါတယ်။

ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ယူနိုက်တက်ဟာ ဇူဘီမန်ဒီ၊ ရာဘီရော့နဲ့ အမရာဘတ်တို့ထဲက တစ်ဦးကို ရွေးချယ်ဖို့ စဉ်းစားနေပါတယ်။

အက်သလက်တီကိုအသင်းရဲ့ ဒီနွေကွင်းလယ်ပစ်မှတ်ဟာ ချယ်ဆီး ကွင်းလယ်လူ ဂါလယ်ဂါနဲ့ စပိန်ကွင်းလယ်လူ မိုရီနိုတို့ပဲ ဖြစ်ပါတယ်။

အာဆင်နယ် အကယ်ဒမီ ကြယ်ပွင့်လေး အိုဘီမာတင်ဟာ ဂန်းနားတို့နဲ့ ပရို စာချုပ် မချုပ်ဘူးလို့ ငြင်းဆန်လိုက်ပြီး ဒီတလောမှာ ကလပ်အသင်းသစ် ရွေးချယ် ပြောင်းရွှေ့တော့မှာပါ။