ယူနိုက်တက်ဟာ ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်ကို ပေါင်၂၂.၇သန်းတန် စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးနဲ့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ မနှစ်က ပြိုင်ပွဲစုံ ၄၉ပွဲမှာ ၁၃ဂိုးသွင်း၊ ၁၂ဂိုးဖန်တီးခဲ့တဲ့ တဲလက်စ်ဟာ ပေါ်တိုနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဖရီးအေးဂျင့် မဖြစ်ခင် အသင်းကနေထွက်ခွာဖို့ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်လိမ့်မယ် လို့ မယူဆပေမယ့် သရဲနီတွေဟာ ပြီးခဲ့တဲ့ ရာသီကရခဲ့တဲ့ အဆင့် ၃ နေရာထက် ပိုတိုးတက်ဖို့ ကြိုးစားနေသလို မနှစ်ကထက် ပိုပြီးအင်အားတောင့်တင်းတဲ့ ဖလားစိန်ခေါ်သူတွေ ဖြစ်လာလိမ်မ့ယ်လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။
ဘုန်းမောက် တိုက်စစ်မှူး ဂျိုရှူဝါကင်းက ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကို ပြန်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ကင်းဟာ ယူနိုက်တက် အကယ်ဒမီမှာ ၅နှစ်ကြာ ရှိခဲ့ပြီးနောက် အသင်းကိုစွန့်ခွာခဲ့ပြီး ဘလက်ဘန်းရိုဗားမှာ သိပ်မအောင်မြင်ခဲ့ပေမယ့်လဲ ဘုန်းမောက်မှာ ယုံကြည် အားကိုးနိုင်ပြီး စွယ်စုံရတဲ့ ပရီးမီးယားလိဂ် တိုက်စစ်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ စမောလင်းဟာ မနှစ်က သူ အငှားကစားခဲ့တဲ့ ရိုးမားကို ပြန်သွားပြီး အပြီးသတ်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်တာနဲ့ အတူ အသက် ၃၀ အရွယ် ကစားသမားက ဒီတစ်ပတ် အသင်း လေ့ကျင့်ရေး အစီအစဉ်ကို လာရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက် ဟာ ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ကြိုးပမ်းနေပေမယ့် သူတို့အသင်းမှာ ခံစစ်က အရမ်း အားနည်း နေတာကြောင့် ဗဟိုခံစစ်အတွက် နာပိုလီရဲ့ ကူလီဘာလီကိုသာ အဓိက ဦးစားပေး ခေါ်ယူသင့်တယ်လို့ အီယန်ရိုက်က အကြံပေး ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်လူ ဖရက်က သူ့အနေနဲ့ဒီနွေမှာ တူရကီကလပ် ဂါလာတာဆာရေးကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေဖို့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္လိမ့္မယ္ လို႔ မယူဆေပမယ့္ သရဲနီေတြဟာ ၿပီးခဲ့တဲ့ ရာသီကရခဲ့တဲ့ အဆင့္ ၃ ေနရာထက္ ပိုတိုးတက္ဖို႔ ႀကိဳးစားေနသလို မႏွစ္ကထက္ ပိုၿပီးအင္အားေတာင့္တင္းတဲ့ ဖလားစိန္ေခၚသူေတြ ျဖစ္လာလိမ္မ့ယ္လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေပၚတိုေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ေပါင္၂၂.၇သန္းတန္ စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ဖို႔ အခြင့္အေရးနဲ႔ ကမ္းလွမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။ မႏွစ္က ၿပိဳင္ပြဲစုံ ၄၉ပြဲမွာ ၁၃ဂိုးသြင္း၊ ၁၂ဂိုးဖန္တီးခဲ့တဲ့ တဲလက္စ္ဟာ ေပၚတိုနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီ ျဖစ္တာေၾကာင့္ ဖရီးေအးဂ်င့္ မျဖစ္ခင္ အသင္းကေနထြက္ခြာဖို႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈရွိေနခဲ့တာျဖစ္ပါတယ္။
ဘုန္းေမာက္ တိုက္စစ္မႉး ဂ်ိဳရႉဝါကင္းက ဒီေႏြမွာ မန္ခ်က္စတာ ယူႏိုက္တက္ကို ျပန္သြားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ကင္းဟာ ယူႏိုက္တက္ အကယ္ဒမီမွာ ၅ႏွစ္ၾကာ ရွိခဲ့ၿပီးေနာက္ အသင္းကိုစြန႔္ခြာခဲ့ၿပီး ဘလက္ဘန္း႐ိုဗားမွာ သိပ္မေအာင္ျမင္ခဲ့ေပမယ့္လဲ ဘုန္းေမာက္မွာ ယုံၾကည္ အားကိုးႏိုင္ၿပီး စြယ္စုံရတဲ့ ပရီးမီးယားလိဂ္ တိုက္စစ္ကစားသမားအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ေနာက္ခံလူ စေမာလင္းဟာ မႏွစ္က သူ အငွားကစားခဲ့တဲ့ ႐ိုးမားကို ျပန္သြားၿပီး အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီ ျဖစ္တာနဲ႔ အတူ အသက္ ၃၀ အ႐ြယ္ ကစားသမားက ဒီတစ္ပတ္ အသင္း ေလ့က်င့္ေရး အစီအစဥ္ကို လာေရာက္ခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။
ယူႏိုက္တက္ ဟာ ေဒါ့မြန္ တိုက္စစ္ၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ႀကိဳးပမ္းေနေပမယ့္ သူတို႔အသင္းမွာ ခံစစ္က အရမ္း အားနည္း ေနတာေၾကာင့္ ဗဟိုခံစစ္အတြက္ နာပိုလီရဲ႕ ကူလီဘာလီကိုသာ အဓိက ဦးစားေပး ေခၚယူသင့္တယ္လို႔ အီယန္႐ိုက္က အႀကံေပး ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ ကြင္းလယ္လူ ဖရက္က သူ႔အေနနဲ႔ဒီေႏြမွာ တူရကီကလပ္ ဂါလာတာဆာေရးကို ေျပာင္းေ႐ႊ႕ႏိုင္တယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနဖို႔ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။