လန်ဒန်မှာ ဆေးစစ်မယ့် ကယ်လာဖီအိုရီ၊ အခက်တွေ့နေတဲ့ အယ်ဗာရက်စ်၊ လူကာကူ၊ မန်ယူ အရောင်းတင် ၂ဦးနဲ့ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းက လူကာကူအတွက် ပေါင် ၂၉-၃၇ သန်း ရလိုပေမယ့် နာပိုလီဘက်က ပေါင် ၂၁ သန်းထက် ပိုမပေးလိုပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ နွေ အသုံးစရိတ်အတွက် တိုက်စစ်သမား နှစ်ဦး ဖြစ်တဲ့ ဆန်ချိုနဲ့ အန်တိုနီတို့ နှစ်ဦးကို အရောင်းစာရင်းထဲ ထည့်ထားပါတယ်။

လီဗာပူးအသင်းဟာ ဆာလာနဲ့ ဗန်ဒိုက်တို့ကို ဒီနွေမှာ ရောင်းချမှာ မဟုတ်ဘဲ သက်တမ်း မတိုးနိုင်ခဲ့ရင် နောက်နှစ်နွေမှာ အလွတ်ဖြင့် ထွက်ခွင့်ပေးမှာဖြစ်ပါတယ်။

အီတလီသား ခံစစ်မှူး ကယ်လာဖီအိုရီဟာ အမေရိကန်ရောက် အာဆင်နယ်အသင်းနဲ့ မပူးပေါင်းခင် လန်ဒန်မှာ ဆေးစစ်မှု ခံယူပါမယ်။

အဲဗာရက်စ်က ဒီနွေမှာ ရာသီဥတု ပူနွေးတဲ့ ဒေသကို ပြောင်းရွှေ့လိုနေပေမယ့် မန်စီးတီးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၇၇ သန်းထိ ရလိုနေခြင်းကြောင့် အခက်တွေ့နေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ အော်မိုအတွက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လိုက်ဇစ်တို့ ပယ်ချလိုက်ပါတယ်။

ဒေါ့မွန်အသင်းက ဒီနွေမှာ ရောင်းထုတ်တော့မယ့် တိုက်စစ်သမား အဒီယာမီကို ခေါ်ယူဖို့ အက်စတွန်ဗီလာဘက်က စိတ်ဝင်စားနေပါတယ်။

အင်္ဂလန်နည်းပြရာထူးကနေ ဆောက်ဂိတ်နဲ့ စတိဗ် ဟောလန်းတို့ နှုတ်ထွက်သွားတာကြောင့် လက်ရွေးစင် အသင်းအတွက် ပြန် ကစားရဖို့ အာဆင်နယ် အစွန်လူ ဘမ်ဝှိုက်က ရည်မှန်းထားပါတယ်။