မန်ချက်စတာ ယူနိုက်တက်ဟာ နွေစျေးကွက်ကနေ နယ်သာလန်တိုက်စစ်သမား ဇီရစ်ဇီးနဲ့ ပြင်သစ်သားခံစစ်မှူး ယိုရိုတို့ကို ခေါ်ယူထားပါတယ်။
ယူနိုက်တက်ဟာ နောက်ထပ် ခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ်မှ ဒီလစ်၊ အဲဗာတန်မှ ဘရန့်ဝိတ်တို့အပြင် ကွင်းလယ်ခံစစ်သမား တစ်ဦးကိုလည်း ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။
လက်တလောမှာ ယူနိုက်တက်က နယ်သာလန်ခံစစ်မှူး ဒီလစ်ကို ဦးစားပေး ချိတ်ဆက်နေပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ ခက်ခဲနေဆဲပဲ ဖြစ်ပါတယ်။
ယူနိုက်တက်ခံစစ်မှာ မာတီနက်စ်၊ လင်ဒီအော့၊ မက်ဂွဲရားတို့ ရှိနေပေမယ့် အာဂျင်တီးနား ခံစစ်မှူးကို ချန်ထားကာ ကျန် ၂ ဦးကို လက်ရှိ စျေးကွက်မှာတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
မာတီနက်စ်ကို နောက်ရာသီမှာ ယိုရိုနဲ့ တွဲဘက်စေဖို့အဖြစ် အရေးပေါ် အခြေအနေမှာ ဘယ်အစွန်လူအဖြစ် အသုံးပြုဖို့နဲ့ ကွင်းလယ်ခံစစ်သမား မခေါ်နိုင်ခဲ့ရင် မိုင်နူးနဲ့အတူ ကွင်းလယ်မှာ တွဲဘက်ပေးဖို့ နည်းပြတန်ဟက်က ရည်ရွယ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ဒီနွေမှာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူ တော်မီနေးအပြင် ဝါရင့် ကွင်းလယ်လူ ကာဆီမီရိုကိုလည်း ရောင်းချဖို့ ကြိုးစားနေပါတယ်။ သူတို့ နေရာမှာ အရေးပေါ်အဖြစ် မာတီနက်စ်ကို အသုံးချဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။