သောမက်စ်ပါတေးကို အာဆင်နယ်ထံ မရောင်းပဲ ချိန်ဘာလိန်နဲ့ လဲလိုနေတဲ့ အက်သလက်တီကို

UNICODE – အက်သလက်တီကို အသင်းဟာ ၎င်းတို့အသင်း ကွင်းလယ်လူ သောမက်စ် ပါတေးကို အာဆင်နယ်အသင်းထံ ရောင်းထုတ်ခြင်း မလုပ်ပဲ လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်နဲ့ အပြောင်းအရွှေ့ ဒဲ့လဲမှုလုပ်လိုကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

တီကိုဘက်က အာဆင်နယ်ဘက်က ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးကို နှစ်သက်ခြင်းကြောင့်လား ကစားသမား အင်အားဖြည့်မှုမှာ တိုက်စစ်ပိုင်း ပိုမိုအားသန်သူကို အလိုရှိခြင်းကြောင့်လားတော့ မသိရသေးပါဘူး။ ပါတေးက ကွင်းလယ်ခံစစ်နေရာကို အဓိက ကစားသူဖြစ်ပြီး ချိန်ဘာလိန်က တိုက်စစ်အားသန် ကွင်းလယ်နဲ့ တောင်ပံသမား ဖြစ်ပါတယ်။

အာဆင်နယ်မန်နေဂျာ အာတီတာဟာ ကွင်းလယ် အဖျက်ပိုင်းကို မာမာထန်ထန် ကစားနိုင်မယ့် ကစားသမား ရှာဖွေနေခဲ့ပြီး အက်သလက်တီကို မက်ဒရစ်မှာ တောက်ပနေတဲ့ ဂါနာ ကွင်းလယ်လူကို စိတ်ဝင်စားခဲ့တာပါ။ အာဆင်နယ်ဘက်က စိတ်ဝင်စားနေတာကို အတည်ပြုထားနိုင်ပေမယ့် တရားဝင် ကမ်းလှမ်းမှုနဲ့ ပက်သက်လို့တော့ အတည် မပြုနိုင်သေးတာဖြစ်တယ်။

ပါတေးရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်းဝန်းကျင်ဖြစ်ပြီး အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်မခံလိုတဲ့ တီကိုက တစ်ဘက်မှာလည်း ဂန်းနားတိုက်စစ်သမား လာကာဇက်တီကို ခေါ်ယူလိုနေပါတယ်။ စပိန်အသင်းဟာ အခြားသော ဥရောပ အသင်းတွေလိုပဲ ကစားသမား အလိုက်ပေး လဲမှုတွေနဲ့အတူ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံးစရိတ် လျော့ချမှုတွေကို လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်။

ပါတေးနဲ့ ချိန်ဘာလိန်တို့က အသက်အရွယ် အပိုင်းအခြား တူညီကြပြီး ကွင်းလယ်မှာ အဓိက ကစားသူတွေဖြစ်ကာ ဒဲ့လဲမှုကို မျှတတဲ့ အစီအစဉ်အဖြစ် တီကိုဘက်က စတင် အသံလွှင့်လာတာဖြစ်တယ်။ သောမက်စ် ပါတေးဟာ အက်သလက်တီကိုနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိသလို ချိန်ဘာလိန်ကလည်း လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်တယ်။

ZAWGYI – အက္သလက္တီကို အသင္းဟာ ၄င္းတို႔အသင္း ကြင္းလယ္လူ ေသာမက္စ္ ပါေတးကို အာဆင္နယ္အသင္းထံ ေရာင္းထုတ္ျခင္း မလုပ္ပဲ လီဗာပူးကြင္းလယ္လူ ခ်ိန္ဘာလိန္နဲ႔ အေျပာင္းအေရႊ႕ ဒဲ့လဲမႈလုပ္လိုေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

တီကိုဘက္က အာဆင္နယ္ဘက္က ကမ္းလွမ္းတဲ့ ေျပာင္းေရႊ႔ေၾကးကို ႏွစ္သက္ျခင္းေၾကာင့္လား ကစားသမား အင္အားျဖည့္မႈမွာ တိုက္စစ္ပိုင္း ပိုမိုအားသန္သူကို အလိုရွိျခင္းေၾကာင့္လားေတာ့ မသိရေသးပါဘူး။ ပါေတးက ကြင္းလယ္ခံစစ္ေနရာကို အဓိက ကစားသူျဖစ္ျပီး ခ်ိန္ဘာလိန္က တိုက္စစ္အားသန္ ကြင္းလယ္နဲ႔ ေတာင္ပံသမား ျဖစ္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အာတီတာဟာ ကြင္းလယ္ အဖ်က္ပိုင္းကို မာမာထန္ထန္ ကစားႏုိင္မယ့္ ကစားသမား ရွာေဖြေနခဲ့ျပီး အက္သလက္တီကို မက္ဒရစ္မွာ ေတာက္ပေနတဲ့ ဂါနာ ကြင္းလယ္လူကို စိတ္ဝင္စားခဲ့တာပါ။ အာဆင္နယ္ဘက္က စိတ္ဝင္စားေနတာကို အတည္ျပဳထားႏုိင္ေပမယ့္ တရားဝင္ ကမ္းလွမ္းမႈနဲ႔ ပက္သက္လို႔ေတာ့ အတည္ မျပဳႏုိင္ေသးတာျဖစ္တယ္။

ပါေတးရဲ႕ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၄၅ သန္းဝန္းက်င္ျဖစ္ျပီး အာဆင္နယ္ရဲ႕ ကမ္းလွမ္းမႈကို လက္မခံလိုတဲ့ တီကိုက တစ္ဘက္မွာလည္း ဂန္းနားတိုက္စစ္သမား လာကာဇက္တီကို ေခၚယူလိုေနပါတယ္။ စပိန္အသင္းဟာ အျခားေသာ ဥေရာပ အသင္းေတြလိုပဲ ကစားသမား အလုိက္ေပး လဲမႈေတြနဲ႔အတူ အေျပာင္းအေရႊ႔ ေစ်းကြက္မွာ အသံုးစရိတ္ ေလ်ာ့ခ်မႈေတြကို လုပ္ဖို႔ ရည္ရြယ္ထားတာျဖစ္တယ္။

ပါေတးနဲ႔ ခ်ိန္ဘာလိန္တို႔က အသက္အရြယ္ အပိုင္းအျခား တူညီၾကျပီး ကြင္းလယ္မွာ အဓိက ကစားသူေတြျဖစ္ကာ ဒဲ့လဲမႈကို မွ်တတဲ့ အစီအစဥ္အျဖစ္ တီကိုဘက္က စတင္ အသံလႊင့္လာတာျဖစ္တယ္။ ေသာမက္စ္ ပါေတးဟာ အက္သလက္တီကိုနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိသလို ခ်ိန္ဘာလိန္ကလည္း လီဗာပူးနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာျဖစ္တယ္။