ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဖာဘီယန် ရုဇ် ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းက ဆွေးနွေးမှုတွေ စတင်ထားပြီ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် ဂိုးသမား ဖိလစ် ဂျော်ဂျင်ဆန် ကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးနွေးနေတာ နောက်ဆုံး အဆင့် ရောက်ရှိနေပြီလို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ လန်ဒန်ကလပ်ဟာ ကနဦး ယူရို သန်း ၂ဝ ကမ်းလှမ်းမှုထက် ပိုကောင်းအောင် ညှိနေပါတယ်။
ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ အီတလီကလပ် ဂျီနိုအာအသင်းနဲ့အတူ ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ နီးစပ်နေပါတယ်။
မန်စီးတီးအသင်းဟာ ဒီဘရိုင်းနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမာန် ကြယ်ပွင့် မူဆီယာလာအား စိတ်ဝင်စားနေပါတယ်။
လီဗာပူးအသင်းက ဒီနွေဈေးကွက်ကနေ ထိပ်တန်း ကစားသမား ခေါ်ယူမှု လုပ်နိုင်ဖို့ အားထုတ်နေပြီဖြစ်ကြောင်း နည်းပြဆလော့က ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် နောက်ခံလူ ဝမ် ဘစ်ဆာကာဟာ ဝက်စ်ဟမ်းအသင်းထံ ပြောင်းဖို့အား ငြင်းဆန်ခဲ့ကာ အင်တာမီလန်ထံ ပြောင်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ဘာစီလိုနာတို့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့တဲ့ စပိန်ကွင်းလယ်လူ အော်မိုအား မန်စီးတီးဘက်က အလေးအနက် စိတ်ဝင်စားနေပါတယ်။
မာလန်ဆား ဟာ ချယ်ဆီးအသင်းကနေ အလွတ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကာ Lens အသင်းထံ ရောက်ရှိသွားပါပြီ။
ဝက်စ်ဟမ်းအသင်းနဲ့ Mazraoui ကြား အပြောင်းအရွှေ့ ကိစ္စ အေးဂျင့်ကြေး သဘောတူညီမှု မရခြင်းနဲ့အတူ ပျက်ပြယ်သွားပြီဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကြားဝင် ချိတ်ဆက်နေပြီဖြစ်ပါတယ်။
အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ဟာ အနာဂတ်မှာ အသင်းပြောင်းလိုတာကြောင့် တစ်ပတ် လုပ်ခ ပေါင် ၁၆၀၀၀၀ တန် သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ် မရှိပါဘူး။