ဝါတာရု အန်ဒို ကမ်းလှမ်းမှု၊ ဆေးစစ်ပြီးသွားတဲ့ ကယ်လာဖီအိုရီ၊ ထရန့်ကို ခေါ်မယ့် ရီးရဲလ်နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မာဆေးအသင်းဟာ လီဗာပူး ကွင်းလယ်ခံစစ်သမား ဝါတာရု အန်ဒို အတွက် ယူရို ၁၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး လီဗာပူးက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အီတလီခံစစ်မှုး ရီကာဒို ကယ်လာဖီအိုရီဟာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး ဖြစ်ပြီး အမေရိကန်သို့ လိုက်လာပြီး အာဆင်နယ်အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ အသက် ၂၂ နှစ်အရွယ် ဗီလာရီးရဲလ် ဂိုးသမား ဂျော်ဂျင်ဆန်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူသွားမှာဖြစ်ကာ ၇ နှစ် စာချုပ် ပေးအပ်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နောက်နှစ် ၂၀၂၅ မှာ လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ကို အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

လာမယ့် ၂ ပတ်အတွင်းမှာ စပိန်တိုက်စစ်သမား နီကိုး ဝီလီယမ်ရဲ့ အနာဂတ်ကို မြင်တွေ့ရတော့မှာဖြစ်ကာ ဘာစီလိုနာထံ ရောက်ရှိသွားဖို့ နီးစပ်နေပါပြီ။

လက်စတာအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ဟာ လီဗာပူးကြယ်ပွင့် ဗန်ဒုတ်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုနေကြပါတယ်။

ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာဟာ လုပ်ခပိုင်း သဘောတူညီမှု မရခြင်းကြောင့် ဂျီနိုအာအသင်းနဲ့ လက်မှတ်ထိုးမှု ပြုလုပ်တော့မှာ မဟုတ်ပါဘူး။

မန်စီးတီး တိုက်စစ်သမား အဲဗာရက်စ်ကို ခေါ်ဖို့ အာဆင်နယ်နဲ့ ချယ်ဆီးတို့က စိတ်ဝင်စားနေပေမယ့် ကစားသမားက စပိန်ဘက်သို့သာ ပြောင်းရွှေ့ချင်နေပါတယ်။

အင်္ဂလန်တိုက်စစ်သမား ဂေါ်ဒန်ဟာ ဒီနွေဈေးကွက်မှာပဲ နယူးကာဆယ်ကနေ လီဗာပူးအသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒန်ဘတ်က သူ့အတွက် တန်ကြေး ပေါင် သန်း ၂၀ ဈေးသတ်မှတ်ထားတာက များပြားလွန်းတယ်လို့ ခံစားရကြောင်း ထုတ်ပြောလာပါတယ်။