ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/09/20)

တိုက်စစ်မှူး မာရှယ်ဟာ လာမယ့် ရာသီမှာ ယူနိုက်တက် အတွက် သွင်းဂိုး ၄၅ ဂိုးလောက်ထိ သွင်းနိုင်လိမ့်မယ်လို့ အသင်းဖော် ပါရဲရားက ထောက်ခံလိုက်ပါတယ်။ မာရှယ်က ပြီးခဲ့တဲ့ရာသီမှာ ၂၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို ယူနိုက်တက် ခေါ်ယူနိုင်လိုက်တာက အပြောင်းအရွှေ့ကောင်း ဖြစ်ပေမယ့် အားနည်းနေတဲ့ ခံစစ်ကို လျစ်လျူရှုလို့ မရဘဲ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိုပါက အားဖြည့်ရဦးမှာ ဖြစ်ကြောင်း အီရန်ရိုက်က ထောက်ပြလိုက်ပါတယ်။

ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ဂိုး ၆၀၀ ကျော် သွင်းထားတဲ့ အသက် ၁၇ နှစ် အရွယ် တိုက်စစ်သမားလေး ချာလီ မက်နေးကို ပေါင် ၁.၃၅ သန်းနဲ့ ခေါ်ဖို့ သဘောတူညီမှု ရရှိလာပါတယ်။

ဇွန်လမှာ ယူနိုက်တက်နဲ့ စပါးတို့ တွေ့ဆုံခဲ့တဲ့ပွဲအတွင်း ဟိုဆေး မော်ရင်ညိုက ပေါ့ဘာဟာ ဘောလုံးအမြင်ရှိပြီး သူ့အသင်း ဂိုးရဖို့အတွက် အရည်အသွေးမြင့် ပေးပို့မှုတွေ လုပ်မှာဖြစ်ကြောင်း၊ ဒါကြောင့် ပေါ့ဘာကို ထိန်းချုပ်ဖို့ လိုအပ်ကြောင်း စပါး အသင်းသားတွေကို သတိပေး စကားပြောခဲ့တဲ့ ဗီဒီယိုဖိုင်ကို Amazon Prime ရဲ့ All or nothing အစီအစဉ်မှာ ပြသခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မနက်ဖြန် ကစားမယ့် ယူနိုက်တက် U18 အသင်းနဲ့ လီဗာပူး U18 အသင်းတို့ ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပြီး လီဗာပူးလူငယ် အသင်းဘက်မှာ ပြသနာ ရှိနေပုံရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်သူ အဲလက်စီယာ ရက်ဆိုကို နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မြောက်ကာရိုလိုင်းနား ကလပ်နဲ့အတူအမေရိကန်မှာ ၃နှစ်ကြာရှိနေခဲ့ပြီး တိုက်စစ်မှူးဟာ ၂၀၁၈ ယူ၂၀ အမျိုးသမီးကမ္ဘာ့ဖလားမှာ ကြေးတံဆိပ်ရခဲ့တဲ့ အင်္ဂလန် အသင်းမှာ ပါဝင်ခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံရပြီး ကလပ်အသင်းထံ ပြန်ရောက်လာတဲ့ လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်ဟာ တစ်ဦးတည်း လေ့ကျင့်ရေး ဆင်းခွင့်ပြုဖို့ နည်းပြ ဆိုးရှားထံ ခွင့်တောင်းပြီး လေ့ကျင့်နေခဲ့ပါတယ်။

Zawgyi – တိုက္စစ္မွဴး မာရွယ္ဟာ လာမယ့္ ရာသီမွာ ယူနိုက္တက္ အတြက္ သြင္းဂိုး ၄၅ ဂိုးေလာက္ထိ သြင္းနုိင္လိမ့္မယ္လို႔ အသင္းေဖာ္ ပါရဲရားက ေထာက္ခံလိုက္ပါတယ္။ မာရွယ္က ျပီးခဲ့တဲ့ရာသီမွာ ၂၃ ဂိုး သြင္းယူေပးခဲ့ပါတယ္။

ဗန္ဒီဘိခ္ကို ယူနိုက္တက္ ေခၚယူနိုင္လိုက္တာက အေျပာင္းအေရႊ႕ေကာင္း ျဖစ္ေပမယ့္ အားနည္းေနတဲ့ ခံစစ္ကို လ်စ္လ်ဴရႈလို႔ မရဘဲ ပရီးမီးယားလိဂ္ဖလား စိန္ေခၚလိုပါက အားျဖည့္ရဦးမွာ ျဖစ္ေၾကာင္း အီရန္ရိုက္က ေထာက္ျပလိုက္ပါတယ္။

ယူနိုက္တက္ဟာ ျမိဳ႔ခံျပိဳင္ဘက္ မန္စီးတီးအသင္းမွာ ဂိုး ၆၀၀ ေက်ာ္ သြင္းထားတဲ့ အသက္ ၁၇ နွစ္ အရြယ္ တိုက္စစ္သမားေလး ခ်ာလီ မက္ေနးကို ေပါင္ ၁.၃၅ သန္းနဲ႕ ေခၚဖို႔ သေဘာတူညီမႈ ရရွိလာပါတယ္။

ဇြန္လမွာ ယူႏိုက္တက္နဲ႔ စပါးတို႔ ေတြ႕ဆုံခဲ့တဲ့ပြဲအတြင္း ဟိုေဆး ေမာ္ရင္ညိဳက ေပါ့ဘာဟာ ေဘာလုံးအျမင္ရွိၿပီး သူ႔အသင္း ဂိုးရဖို႔အတြက္ အရည္အေသြးျမင့္ ေပးပို႔မႈေတြ လုပ္မွာျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ေပါ့ဘာကို ထိန္းခ်ဳပ္ဖို႔ လိုအပ္ေၾကာင္း စပါး အသင္းသားေတြကို သတိေပး စကားေျပာခဲ့တဲ့ ဗီဒီယိုဖိုင္ကို Amazon Prime ရဲ႕ All or nothing အစီအစဥ္မွာ ျပသခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

မနက္ျဖန္ ကစားမယ့္ ယူနိုက္တက္ U18 အသင္းနဲ႕ လီဗာပူး U18 အသင္းတို႔ ပြဲစဥ္ကို ေရႊ႕ဆိုင္းလိုက္တယ္လို႔ သိရျပီး လီဗာပူးလူငယ္ အသင္းဘက္မွာ ျပသနာ ရွိေနပံုရေၾကာင္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ယူႏိုက္တက္ဟာ အဂၤလန္သူ အဲလက္စီယာ ရက္ဆိုကို ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ေျမာက္ကာ႐ိုလိုင္းနား ကလပ္နဲ ႔အတူအေမရိကန္မွာ ၃ႏွစ္ၾကာရွိေနခဲ့ၿပီး တိုက္စစ္မႉးဟာ ၂၀၁၈ ယူ၂၀ အမ်ိဳးသမီးကမာၻ႔ဖလားမွာ ေၾကးတံဆိပ္ရခဲ့တဲ့ အဂၤလန္ အသင္းမွာ ပါဝင္ခဲ့ပါတယ္။

အဂၤလန္ လက္ေရြးစင္အသင္းကေန ထုတ္ပယ္ခံရျပီး ကလပ္အသင္းထံ ျပန္ေရာက္လာတဲ့ လူငယ္ကစားသမား ေမဆန္ ဂရင္း၀ုဒ္ဟာ တစ္ဦးတည္း ေလ့က်င့္ေရး ဆင္းခြင့္ျပဳဖို႔ နည္းျပ ဆိုးရွားထံ ခြင့္္ေတာင္းျပီး ေလ့က်င့္ေနခဲ့ပါတယ္။