မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်နဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ တိုက်စစ်မှုး ဟွိုင်လန်း၊ ခံစစ်မှုးသစ် ယိုရို တို့ ဘယ်လောက်ကြာအောင် နားရမလဲ အခြေအနေတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ခံစစ်မှူး အသစ် စက်စက် ယိုရို ကတော့ အာဆင်နယ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခြေထောက် အကာဖိနပ် တပ်ဆင်ထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်ကမှ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ရောက်လာခဲ့တဲ့ ယိုရိုဟာ နှစ်ပတ် အကြာမှာတင် ခြေဖဖိုးရိုး ထိသွားတာကြောင့် ၃ လ ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
နောက်တစ်ယောက် ဖြစ်တဲ့ တိုက်စစ်မှုး ဟွိုင်လန်းက တံကောက်ကြော ဒဏ်ရာ ရသွားတာ ဖြစ်ပြီး ၎င်းကတော့ သီတင်းပတ် ၆ ပတ်လောက် ကြာ အနားယူရတော့မှာပါ။
ဒါကြောင့် ဟွိုင်လန်းကလည်း စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ပရီးမီးယားလိဂ် အစောပိုင်း ပွဲတွေကို လွဲချော်ဖွယ် ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီ ဒဏ်ရာ ပြဿနာတွေကြောင့် အတော် ခံစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ကတော့ အခုလို ရာသီကြို ကာလမှာတင် အဓိက အားထားရမယ့် ကစားသမား နှစ်ဦး ဒဏ်ရာတွေ ရသွားတာကြောင့် ထိုးနှက်မှု ကြီးခဲ့ပါတယ်။