ဘရိုက်တန် Vs ချယ်ဆီးပွဲ အတွက် ဘီဘီစီမှ လော်ရိုး သုံးသပ်ခန့်မှန်းချက်

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲစဉ် ၁ မှာ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် စက်တင်ဘာလ ၁၅ ရက် (အင်္ဂါနေ့) နံနက် ၁း၄၅ နာရီ မှာပါ။

ဘရိုက်တန်နဲ့ ချယ်ဆီးပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အဒမ် လယ်လာနာသာ ကြံ့ခိုင်မှု ပြည့်ပြီး ဝင်ကစားနိုင်လို့ကတော့ ဘရိုက်တန်ဟာ ခြားနားတဲ့ ကွင်းလယ် ခင်းလာတာ မြင်ရမှာပါ။ သူက အရမ်း ပါးနပ်တဲ့ ကစားသမား ဖြစ်တယ်။ ဘရိုက်တန်က ခံစစ်မှာ ကျစ်လစ်တယ် ဆိုတာ ကျနော်တို့ သိပြီးသား ဖြစ်တယ်။ သူတို့ကို ကြည့်ရင် ဇယားအထက်ပိုင်း တဝက် အောက်နား (အမှတ်ပေးဇယား အလယ်) နားလောက်တော့ ကောင်းစွာ ရပ်တည်နိုင်မှာပါ။

ဒီပွဲက နည်းနည်းတော့ ပြောရခက်တဲ့ ပွဲ ဖြစ်ပါတယ်။ ချယ်ဆီးရဲ့ ကစားသမားသစ်တွေက အချိန်နည်းနည်း ယူရဖို့ ရှိနိုင်တယ်။ သူတို့ဟာ ဘောလုံးရာသီကောင်း ပိုင်ဆိုင်မယ် ဆိုတာ သိထားကြမှာပါ။ ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်လေ။

ကန်တေနဲ့ ချယ်ဆီး အနာဂတ် အခုထိ မသေချာသေးတာကတော့ ထိုးနှက်ချက် တစ်ခု ဖြစ်ပါတယ်။ ဒါကလည်း လမ်းပတ်က ကွင်းလယ်မှာ ဝက်စ်ဟမ်းက ဒီကလနိရိုက်စ်ကို ထားပြီး ပိုထက်မြက်တဲ့ ပုံ ဖော်ချင်နေတာ ရှိပါတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဘရိုက်တန် 0-2 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ပြဲစဥ္ ၁ မွာ ဘရိုက္တန္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ စက္တင္ဘာလ ၁၅ ရက္ (အဂၤါေန႔) နံနက္ ၁း၄၅ နာရီ မွာပါ။

ဘရိုက္တန္နဲ႕ ခ်ယ္ဆီးပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” အဒမ္ လယ္လာနာသာ ၾကံ႕ခိုင္မႈ ျပည့္ျပီး ၀င္ကစားနိုင္လို႔ကေတာ့ ဘရိုက္တန္ဟာ ျခားနားတဲ့ ကြင္းလယ္ ခင္းလာတာ ျမင္ရမွာပါ။ သူက အရမ္း ပါးနပ္တဲ့ ကစားသမား ျဖစ္တယ္။ ဘရိုက္တန္က ခံစစ္မွာ က်စ္လစ္တယ္ ဆိုတာ က်ေနာ္တို႔ သိျပီးသား ျဖစ္တယ္။ သူတို႔ကို ၾကည့္ရင္ ဇယားအထက္ပိုင္း တ၀က္ ေအာက္နား (အမွတ္ေပးဇယား အလယ္) နားေလာက္ေတာ့ ေကာင္းစြာ ရပ္တည္နုိင္မွာပါ။

ဒီပြဲက နည္းနည္းေတာ့ ေျပာရခက္တဲ့ ပြဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးရဲ႕ ကစားသမားသစ္ေတြက အခ်ိန္နည္းနည္း ယူရဖို႔ ရွိနိုင္တယ္။ သူတို႔ဟာ ေဘာလံုးရာသီေကာင္း ပိုင္ဆိုင္မယ္ ဆိုတာ သိထားၾကမွာပါ။ ကစားသမားေကာငး္ေတြ အမ်ားၾကီး ပိုင္ဆိုင္ထားတယ္ေလ။

ကန္ေတနဲ႕ ခ်ယ္ဆီး အနာဂတ္ အခုထိ မေသခ်ာေသးတာကေတာ့ ထိုးနွက္ခ်က္ တစ္ခု ျဖစ္ပါတယ္။ ဒါကလည္း လမ္းပတ္က ကြင္းလယ္မွာ ၀က္စ္ဟမ္းက ဒီကလန္ိရိုက္စ္ကို ထားျပီး ပိုထက္ျမက္တဲ့ ပံု ေဖာ္ခ်င္ေနတာ ရွိပါတယ္။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ဘရိုက္တန္ 0-2 ခ်ယ္ဆီး ျဖစ္ပါတယ္။