မန်စီးတီး တိုက်စစ်မှုး အဲဗာရက်စ်ကို အက်သလက်တီကို မက်ဒရစ်က ယူရို သန်း ၆ဝ နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ် တိုက်စစ်မှုး အန်ကတ်တီးယားကို ခေါ်ယူရေးမှာ မာဆေးအသင်းက ကစားသမားနဲ့ သဘောတူညီမှု ရထားပေမယ့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေသေးပါဘူး။ ဂန်းနားတို့က ပေါင် သန်း ၃ဝ အလိုရှိနေပါတယ်။
စပါးအသင်းဟာ ဆွန်နဲ့ တွဲဘက်ကစားနိုင်မယ့် တိုက်စစ်မှူးသစ် ရှာနေဆဲဖြစ်ကာ အင်္ဂလန်ပြည်တွင်းက ကစားသမား တစ်ဦးကို ခေါ်ယူဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ကို လက်ရှိ ဈေးကွက်မှာပဲ ခေါ်ယူသွားနိုင်ခြေ ရှိနေဆဲဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ခံစစ်သမား ဒီလစ်နဲ့ မာဇရာဝီတို့ နှစ်ဦးအတွက် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။
ရာဘီရော့ကို အလွတ်နဲ့ ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်နဲ့ အေတီကိုတို့ ပါဝင်လာပါတယ်။
လီဗာပူးအသင်းဟာ ဘယ်လ်ဂျီယံ တိုက်စစ်သမား ဘာကာယိုကို အား စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းနဲ့ ယူနိုက်တက်တို့ဟာ ကွင်းလယ်လူ တော်မီနေးအတွက် သဘောတူညီမှု ရသွားနိုင်ပါတယ်။ ဖူလ်ဟမ်ရဲ့ ပေါင် သန်း ၂၀ တန် ကမ်းလှမ်းမှုကို ယူနိုက်တက်က ပယ်ချထားခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ် ကစားသမား စမစ်ရိုးဟာ ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း + ပေါင် ၇ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ချယ်ဆီး လူငယ်ကစားသမား ရိုင်ယန် မက်ခေဒူဟာ မန်စီးတီး အကယ်ဒမီကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ပဲလေစ့် ခံစစ်မှူး ဂူဟီကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီဖြစ်ကာ အင်္ဂလန်သားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ဝန်းကျင် ကုန်ကျပါလိမ့်မယ်။