ယနေ့ ညနေခင်း နောက်ဆုံးရ လီဗာပူးသတင်းတိုများ (11/09/20)

လီဗာပူး လူငယ်ကစားသမားလေး ဘမ်ဝုဒ်ဘမ်းဟာ နယ်သာလန် ကလပ် Sparta Rotterdam အသင်းထံ တစ်ရာသီ အငှား ကစးဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဝုဒ်ဘမ်းကို လိဂ်ဝမ်းကလပ်တွေက အငှားခေါ်ယူခဲ့ပေမယ့် လက်ထောက်နည်းပြ လင်ဒါးက နယ်သာလန် ကလပ်ထံ အငှားချဖို့ ကြိုးစားပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ချီးမြင့်တဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ရရှိသွားပြီး ဆုလက်ခံ ယူခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ၎င်းတို့ ကွင်းလယ်လူ သီယေဂိုအတွက် ပြောင်းရွှေ့ကြေးကို ဈေးတင်ခဲ့ပြီး ယူရို ၃၅ သန်းထိ တိုးမြင့် ဈေး သတ်မှတ် လိုက်ပါတယ်။ ကစားသမားကတော့ ဒီနွေမှာ ထွက်ခွာဖြစ်ဖို့ များနေပြီး လီဗာပူးကတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

FIFA 21 ရဲ့ rating အကောင်းဆုံး ၁၀ ဦးစာရင်းမှာ လီဗာပူးမှ ဗန်ဒိုက်၊ ဆာလက်နဲ့ မာနေးတို့ ပါဝင်ခဲ့သလို ထိပ်တန်း ကစားသမား ၁၀၀ စာရင်းမှာ အများဆုံး ရွေးချယ်ခံရတဲ့ အသင်းသားတွေက လီဗာပူးနဲ့ ဘာစီလိုနာမှ အသင်းသားတွေ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ကစားသမားအားလုံး ပြန်ရောက်လာကြပြီဖြစ်ကာ ရှာကွီရီကလည်း ဒဏ်ရာပြဿနာ ကင်းကင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖို့ ၁၆ နှစ်တောင် စောင့်ခဲ့ရတဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးပွဲကို အားသွန်ခွန်စိုက် ကစားကြမှာဖြစ်လို့ လွယ်ကူမှာ မဟုတ်ကြောင်း ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲအတွက် ကလော့ပ်က လီဗာပူး အသင်းသားတွေကို သတိပေးလိုက် ပါတယ်။

ကွင်းလယ်ကစားသမား ဝိုက်နယ်ဒန်ဟာ ဘာစီလိုနာက သူ့ကို စိတ်ဝင်စားနေမှုကို အသုံးချပြီး လီဗာပူးနဲ့ သက်တမ်းတိုးကိစ္စ ပြန်လည် စတင်ဖို့ကို ဆွေးနွေးလိုနေပါတယ်။ ကစားသမားနဲ့ ကလော့ပ်ကြား ပြောဆိုထားမှုတွေကတော့ အကောင်းဘက်မှာ ရှိကြောင်း သိရပါတယ်။

Zawgyi – လီဗာပူး လူငယ္ကစားသမားေလး ဘမ္ဝုဒ္ဘမ္းဟာ နယ္သာလန္ ကလပ္ Sparta Rotterdam အသင္းထံ တစ္ရာသီ အငွား ကစးဖို႔ ထြက္ခြာသြားျပီ ျဖစ္ပါတယ္။ ဝုဒ္ဘမ္းကို လိဂ္ဝမ္းကလပ္ေတြက အငွားေခၚယူခဲ့ေပမယ့္ လက္ေထာက္နည္းျပ လင္ဒါးက နယ္သာလန္ ကလပ္ထံ အငွားခ်ဖို႔ ၾကိဳးစားေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္က ခ်ီးျမင့္တဲ့ ျပီးခဲ့တဲ့ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို လီဗာပူးအသင္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရရွိသြားျပီး ဆုလက္ခံ ယူခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၄င္းတို႔ ကြင္းလယ္လူ သီေယဂိုအတြက္ ေျပာင္းေရႊ႔ေၾကးကို ေစ်းတင္ခဲ့ျပီး ယူရို ၃၅ သန္းထိ တိုးျမင့္ ေစ်း သတ္မွတ္ လိုက္ပါတယ္။ ကစားသမားကေတာ့ ဒီေႏြမွာ ထြက္ခြာျဖစ္ဖို႔ မ်ားေနျပီး လီဗာပူးကေတာ့ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

FIFA 21 ရဲ႕ rating အေကာင္းဆံုး ၁၀ ဦးစာရင္းမွာ လီဗာပူးမွ ဗန္ဒိုက္၊ ဆာလက္နဲ႔ မာေနးတို႔ ပါဝင္ခဲ့သလို ထိပ္တန္း ကစားသမား ၁၀၀ စာရင္းမွာ အမ်ားဆံုး ေရြးခ်ယ္ခံရတဲ့ အသင္းသားေတြက လီဗာပူးနဲ႔ ဘာစီလိုနာမွ အသင္းသားေတြ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ကစားသမားအားလံုး ျပန္ေရာက္လာၾကျပီျဖစ္ကာ ရွာကီြရီကလည္း ဒဏ္ရာျပႆနာ ကင္းကင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းေနျပီျဖစ္ပါတယ္။

လိဒ္ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာဖို႔ ၁၆ ႏွစ္ေတာင္ ေစာင့္ခဲ့ရတဲ့ အသင္းျဖစ္ျပီး သူတို႔ရဲ႕ ပထမဆံုးပြဲကို အားသြန္ခြန္စိုက္ ကစားၾကမွာျဖစ္လို႔ လြယ္ကူမွာ မဟုတ္ေၾကာင္း ပရီးမီးယားလိဂ္ ပြဲဦးထြက္ ပြဲအတြက္ ကေလာ့ပ္က လီဗာပူး အသင္းသားေတြကို သတိေပးလိုက္ ပါတယ္။

ကြင္းလယ္ကစားသမား ၀ိုက္နယ္ဒန္ဟာ ဘာစီလိုနာက သူ႔ကို စိတ္ဝင္စားေနမႈကို အသံုးခ်ျပီး လီဗာပူးနဲ႔ သက္တမ္းတိုးကိစၥ ျပန္လည္ စတင္ဖို႔ကို ေဆြးေႏြးလိုေနပါတယ္။ ကစားသမားနဲ႕ ကေလာ့ပ္ၾကား ေျပာဆိုထားမႈေတြကေတာ့ အေကာင္းဘက္မွာ ရွိေၾကာင္း သိရပါတယ္။