ချယ်ဆီး သဘောတူညီမှု ရပြန်ပြီ၊ အိုင်ဆက် အာဆင်နယ်၊ လီဗာပူးချိန်တဲ့ ဂိုးသမားသစ် နဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး နေရာအတွက် နယူးကာဆယ်မှ အိုင်ဆက်ကို အတော်လေး လိုချင်နေပါတယ်။ ဆွီဒင်သားက အာတီတာရဲ့ နည်းစနစ်မှာ အံဝင်မယ်လို့ ဂန်းနားတို့ မြင်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဂရာမီယို ကစားသမား ဂေဘရီရယ်မက်ကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရထားပါပြီ။

လီဗာပူး က ကာဗာရို အတွက် ပေါင် ၁၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့နောက် ပေါင် သန်း ၂၀ ဖြင့် ထပ်တိုး ကမ်းလှမ်းဖို့ ဆောက်သမ်တန်ဘက်က ပြင်ဆင်နေပါတယ်။

ချယ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်က ယူရို သန်း ၅၀ တောင်းဆိုနေတဲ့ Omorodion အတွက် လက်လျော့ခြင်း မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ကို ဂျာစီ စပွန်ဆာပေးနေတဲ့ Snapdragon က အိုးထရတ်ဖိုဒ့်နေရာ ကွင်းသစ် အစားထိုးစဉ်မှာလည်း ကွင်းနာမည် ဝယ်ယူခွင့်ကို စိတ်ဝင်စားနေပါတယ်။

ဘုန်းမောက် တိုက်စစ်သမား ဆိုလန်ကီကို စပါးအပြင် ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ပေးရမှာကို သဘောမကျဖြစ်နေပါတယ်။

လီဗာပူးအသင်းဟာ ဂိုးသမား အယ်လီဆန်နေရာ ရေရှည် အစားထိုးဖို့ ဗလန်စီယာကနေ Mamardashvili ကို ယူရို သန်း ၃၀ ဖြင့် ခေါ်ယူပြီး လာလီဂါကလပ်ထံ အငှားပြန်ချထားဖို့ စဉ်းစားနေပါတယ်။

ဘာစီလိုနာဟာ ပရီးမီးယားလိဂ်ကလပ်တွေ အလိုရှိနေတဲ့ ကွင်းလယ်လူ ဒီယောင်ကို ပေါင် ၃၅ သန်းနဲ့တင် ရောင်းချမှာပါ။ ပြဿနာက ကစားသမားဟာ သူ့ရဲ့ လုပ်ခဖြစ်တဲ့ တစ်ပတ် ယူရို ၆ သန်းကို လျော့ယူပေးဖို့ အစီအစဉ် မရှိပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ ကာဆီမီရိုကို ဒီနွေမှာ မရောင်းထုတ်နိုင်ရင်တောင် ကွင်းလယ် ခံစစ်သမား အသစ် ရလိုနေဆဲဖြစ်ပါတယ်။

လီဗာပူးကနေ ဒီနွေမှာ အလွတ်နဲ့ ထွက်သွားတဲ့ ခံစစ်မှူး မာတစ်ကို လေဗာကူဆင်အသင်းအပြင် အဲဗာတန်အသင်းကလည်း အလိုရှိနေပါတယ်။