မန်စီးတီးအသင်းဟာ တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်ကို အက်သလက်တီကို မက်ဒရစ် အသင်းထံ ရောင်းချရေး ကိစ္စအား အပြီးသတ် သဘောတူခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြသွားပါတယ်။
ပုဂ္ဂိုလ်ရေးကိစ္စတွေ ပြီးမြောက်ပြီးရင် ဒီရက်ပိုင်းမှာပဲ အဲဗာရက်စ်ဟာ လာလီဂါကလပ်ထံ ကူးပြောင်းသွားမှာဖြစ်ပါတယ်။
အဲဗာရက်စ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အာဂျင်တီးနားကလပ်ကနေ ယူရို ၁၇ သန်းဖြင့် ပြောင်းလာခဲ့တာပါ။
အာဂျင်တိုင်းသား တိုက်စစ်သမား အဲဗာရက်စ်ဟာ ပုံမှန်ပွဲကစားခွင့်အပြင် အင်္ဂလန်ရာသီဥတုထက် ပိုကောင်းပြီး ပိုနွေးထွေးမယ့် နိုင်ငံကို ကူးပြောင်းချင်ခဲ့ပါတယ်။
အဲဗာရက်စ် အတွက် မန်စီးတီးက အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်းထိ ရမှာဖြစ်ကာ ကလပ်သမိုင်းမှာ ဈေးအကြီးဆုံး ရောင်းချရမှုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။
အဲဗာရက်စ် ဟာ စီးတီးမှာ ဟာလန်းနောက် ဒုတိယ ဦးစားပေး အဖြစ်ပဲ ပွဲထွက်နေရတာတောင် မနှစ်ကရာသီ ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ကိုယ်တိုင် ၁၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။