မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကွင်းလယ် ခံစစ်မှာ ကာဆီမီရို တစ်ဦးတည်း မလုံလောက်တာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်နေကြောင်း The Athletic သတင်းဌာန က ဖော်ပြပါတယ်။
လက်ရှိမှာ ယူနိုက်တက် ကွင်းလယ်သမား တော်မီနေးကို ဖူလ်ဟမ်အသင်းက ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းထားပြီး ယူနိုက်တက်က ပယ်ချထားတာပါ။ စကော့သားအတွက် ယူနိုက်တက်ဘက်က ပေါင် ၂၅ သန်း ရချင်နေတာဖြစ်ပါတယ်။
တော်မီနေးကို ရောင်းထုတ်ပြီးခဲ့ရင် ကွင်းလယ် ရွေးချယ်စရာအတွက် ကစားသမား တစ်ဦး ခေါ်ဖို့ကို ယူနိုက်တက်ဘက်က လုပ်ဆောင်လာဖို့ ရှိနေတယ်။
ယူနိုက်တက်က ကွင်းလယ်အတွက် ပီအက်စ်ဂျီအသင်းမှ အူဂါတီကို ချိတ်ဆက်ခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်း မရတာကြောင့် စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပါပြီ။
ဒီတလောမှာ ယူနိုက်တက်ကတော့ နော်ဝေအသင်းမှာ အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ရဲ့ တွဲဘက်ဖြစ်တဲ့ ဆန်ဒါဘာ့ဂျ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ တန်းဆင်းသွားရတဲ့ ဘန်လေအသင်းက ကွင်းလယ်လူ ဆန်ဒါဘာ့ဂျ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ရရင် ရောင်းထုတ်ဖို့ ပြင်ဆင်ထားတာပါ။
ယူနိုက်တက်ဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးတာဟာ တော်မီနေး အပြောင်းအရွှေ့ မပြီးပြတ်သေးတာ ကြောင့် ဖြစ်ပြီး ယူနိုက်တက်တို့ မကြာခင်မှာ ဆန်ဒါဘာ့ဂျ်အတွက် အားထုတ်လာတော့မှာ ဖြစ်ပါတယ်။