တိုက်စစ်အားဖြည့်လိုနေတဲ့ ယူနိုက်တက်ဟာ ဖီအိုရင်တီးနားမှ အာဂျင်တိုင်းသား တောင်ပံတိုက်စစ်သမား နီကိုးလပ်စ် ဂွန်ဇာလက်စ်ကို စိတ်ဝင်စားနေကြောင်း စပိန် မာကာ သတင်းက ဖော်ထုတ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် တစ်ဦး ဖြစ်တဲ့ နိုက်စ် နောက်ခံလူ တိုဒီဘို ကို ဝက်စ်ဟမ်းက ခေါ်ယူဖို့ လက်ဦးမှု ရယူလိုက်ပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ကနဦး အငှား၊ အပြီး ဝယ်ယူခွင့်နဲ့ ညှိနှိုင်းနိုင်ခဲ့တာ လို့ သိရပါတယ်။
ယူနိုက်တက် ချိန်နေတဲ့ ဘန်လေ ကွင်းလယ်လူ ဆန်ဒါဘာ့ဂျ် ကိုယ်တိုင်က ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ပြောင်းဖို့ စိတ်အားထက်သန်မှု ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာဟာ အီတလီကလပ် ဖီအိုရင်တီးနားအသင်းကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ လူငယ် တိုက်စစ်သမားလေး အိုဘီမာတင်ရဲ့ အကယ်ဒမီ ပြောင်းရွှေ့ကြေးအတွက် ညိနှိုင်းစကားပြောနေပါတယ်။
ယူနိုက်တက် ပစ်မှတ် ဇူဘီမန်ဒီကို လီဗာပူးတို့ ရဖို့ ရေပန်းစားခဲ့ပေမယ့် ၎င်းရဲ့ လက်ရှိကလပ် ရီးရဲလ်ဆိုစီဒက်ဘက်က ရောင်းချလိုခြင်း မရှိပါဘူး။
ဘိုင်ယန်မြူးနစ်ဟာ ဒီလစ် အပြောင်းအရွှေ့ အတွက် နှုတ်ဆိတ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို စိတ်မရှည်တော့ဘဲ အမြန်ဆုံး ဈေးလျှော့ရောင်းချင်နေပြီ လို့ ဂျာမန်သတင်းတွေက ဖော်ပြလာပါတယ်။