ချယ်ဆီး စီနီယာ လူစာရင်းမှာ ၄၅ ယောက်ထိ နည်းပြ မမှတ်မိအောင် များပြားနေပေမယ့် ဝုဗ်တိုက်စစ်မှုး နက်တိုကို ထပ်မံ ခေါ်ယူ

ကစားသမား ဝယ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ချယ်ဆီး အသင်းဟာ ဝုဗ်အသင်း တိုက်စစ်မှူး နက်တိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းဌာနက အတည်ပြုပါတယ်။

ချယ်ဆီးဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အပြင် စွမ်းဆောင်ရည်အရ ထပ်တိုးကြေး ယူရို ၃ သန်း ပေးသွားမှာပါ။ မကြာခင်မှာပဲ ဆေးစစ်မှု ပြုလုပ်မှာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားဟာ မနှစ်ကရာသီမှာ တံကောက်ကြော ဒဏ်ရာတွေကြောင့် ဝုဗ်အတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ ပဲ ကစားပေးနိုင်ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ နက်တိုရဲ့ခေါ်ယူမှု မကြေညာရသေးခင်မှာတင် အသင်းရဲ့ စီနီယာ လူစာရင်းက ၄၅ ဦး ထိ ဖောင်းပွနေပြီ ဖြစ်ပါတယ်။

နက်တိုဟာ နည်းပြမာရက်စကာရဲ့ ချယ်ဆီးလူစာရင်းထဲ ပါဝင်သွားမှာဖြစ်ကာ လန်ဒန်ကလပ်ဟာ ဒီနွေမှာတော့ ဖူလ်ဟမ်ကနေ တိုဆင်၊ အက်စတွန်ဗီလာမှ ကယ်လီမန်း၊ ဘာစီလိုနာမှ မာ့ခ်ဂူယီ၊ ဘေလ်ဆယ်မှ ဗီဂါ၊ အတ္တလန်တာမှ ဝိုင်လေနဲ့ ဘိုကာဂျူနီယာမှ အန်ဆယ်မီနိုတို့ကိုလည်း ခေါ်ယူထားသေးတာ ဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ် ကစားသမား ကော်နာ ဂါလယ်ဂါကတော့ အက်သလက်တီကို ရောက်သွားပြီ ဖြစ်ကာ အနောက်လန်ဒန် ကလပ်ဟာ ကစားသမား ရောင်းချမှုတွေကိုလည်း ဈေးကွက် မပိတ်ခင် အရှိန်မြှင့်တော့မှာ ဖြစ်ပါတယ်။