မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် ကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာရဝီတို့ နှစ်ဦးကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု တပြိုင်နက်တည်း ရရှိသွားပြီ လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူး ဒီလစ် အတွက် စုစုပေါင်း ယူရို သန်း ၅၀ တန်ကြေးရှိမယ့် ပြောင်းရွှေ့ကြေး ပေးမှာဖြစ်ပါတယ်။
နယ်သာလန်သား ခံစစ်မှူးဟာ ယူနိုက်တက်ကို ၅ နှစ် စာချုပ်ဖြင့် ပြောင်းလာမှာဖြစ်ကာ ၁၂ လ ထပ်မံ သက်တမ်းတိုးခွင့်ပါဝင်ပါမယ်။
စွယ်စုံရ ခံစစ်မှူးဟာ ယူနိုက်တက်အတွက် အသုံးဝင်တဲ့ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် အသက် ၂၆ နှစ်အရွယ် ဘိုင်ယန် အစွန်လူ မာဇာရဝီကလည်း ယူရို သန်း ၂၀ နဲ့ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အစွန်လူ ဘစ်ဆာကာကို ဝက်စ်ဟမ်းအသင်းထံ ပေါင် ၁၅ သန်းဖြင့် ရောင်းချဖို့ သဘောတူထားပြီး အခြားသော ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေဆဲဖြစ်ပါတယ်။