ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (12/09/20)

ချယ်ဆီး ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေးအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ရော့စ်ဘာကလေကို အလိုက်ပေး ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ ကိုင်ဟားဗတ်နဲ့ ဇီယက်ခ်ျ ရောက်ရှိလာပြီးနောက် အသင်းမှာ ဘာကလေအတွက် ကစားချိန်ကန့်သတ်ခံရနိုင်တာကြောင့် ဒါ က သူ့အတွက် ကောင်းဖို့လဲ ဖြစ်နိုင်ပါတယ်။

အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့က ကန်တေကို စိတ်ဝင်စားနေပေမယ့် ချယ်ဆီး နည်းပြ လမ်းပတ်က ပြင်သစ်သားရဲ့ အပြောင်းအရွှေ့ကိစ္စကို ငြင်းပယ်ခဲ့ပြီး သူ့အစီအစဉ်တွေမှာ ကန်တေက အဓိက ပါဝင်တာကြောင့် ရောင်းမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ချယ်ဆီး ဟာ နောက်ရက်အနည်းငယ်အတွင်း ဂိုးသမား အီဒူရတ်မန်ဒီကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့အတွက် ရန်းနက်စ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ချယ်ဆီးရဲ့စိတ်ဝင်စားမှုကို သိရတဲ့နောက် အသင်းကနေ ထွက်ခွာခွင့် လီဂူးဝမ်းဂိုးသမားဟာ ဒီနွေမှာ လမ်းပတ်ရဲ့ ၈ယောက်မြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။

ချယ်ဆီး အနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်ချက်မထားနိုင်ခင် ကီပါကို အစားထိုးဖို့နဲ့ ဗဟိုခံစစ်ကို အင်အား ဖြည့်တင်းဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။ မနှစ်က သူတို့ဟာ လိဂ်မှာ ၅၄ဂိုး ခွင့်ပြုပေးခဲ့ရတာနဲ့ အတူ အားနည်းတဲ့ ခံစစ်အတွက် အတွေ့အကြုံရင့် နောက်ခံလူ သီယာဂိုဆေးဗားကို ခေါ်ယူခဲ့ပါတယ်။

ကိုင်ဟားဗတ်ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် ချယ်ဆီး ဟာ တောင်ပံကစားသမား အိုဒွိုင်းကို အငှားချထားနိုင်ခြေရှိကြောင်း သတင်းထွက်နေပါတယ်။ အသစ် ခေါ်ယူထားတဲ့ ဟားဗတ်၊ ဗာနာ၊ ဇီယက်ခ်ျတို့ဟာ အိုဒွိုင်းရဲ့နေရာမှာ ကစားနိုင်တဲ့သူတွေဖြစ်ပြီး သူတို့ မရောက်လာခင်ထဲက အိုဒွိုင်းက နေရာ မရခဲ့တာဖြစ်ရာ မနှစ်က ၇ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။

ပူလီဆစ်ဟာ ဩဂုတ်လတုန်းက အက်ဖ်အေဖလား ဖိုင်နယ်မှာ တံကောက်ကြောဒဏ်ရာရခဲ့တဲ့နောက် ထပ်မကစားနိုင်ခဲ့တာဖြစ်ပေမယ့် အခု အက်ဇ်ပီလီကွီတာနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနိုင်နေပြီဖြစ်ပြီး တနင်္လာနေ့ ဘရိုက်တန်နဲ့ပွဲအတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ လမ်းပတ်က အတည်ပြုပေးခဲ့ပါတယ်။

တီမိုဗာနာ ရောက်လာတဲ့နောက် အသင်းမှာ နေရာပျောက်နိုင်တဲ့ ဂျီရူးဟာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ ကောလာဟလတွေ ထွက်နေပေမယ့် သူ့အနေနဲ့ ဒီသတင်းတွေကြောင့် အံ့အားသင့်ခဲ့ရပြီး ဒါက အမှန်မဟုတ်ဘူးလို့ ငြင်းပယ်ခဲ့သလို ချယ်ဆီး မှာ ဆက်နေဖို့ စီစဉ်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး ဟာ ဒီကလန္႐ိုက္စ္ကို ေခၚယူႏိုင္ေရးအတြက္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ ေရာ့စ္ဘာကေလကို အလိုက္ေပး ကမ္းလွမ္းဖို႔ စဥ္းစားေနပါတယ္။ ကိုင္ဟားဗတ္နဲ႔ ဇီယက္ခ္် ေရာက္ရွိလာၿပီးေနာက္ အသင္းမွာ ဘာကေလအတြက္ ကစားခ်ိန္ ကန႔္သတ္ခံရႏိုင္တာေၾကာင့္ ဒါ က သူ႔အတြက္ ေကာင္းဖို႔လဲ ျဖစ္ႏိုင္ပါတယ္။

အင္တာမီလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔က ကန္ေတကို စိတ္ဝင္စားေနေပမယ့္ ခ်ယ္ဆီး နည္းျပ လမ္းပတ္က ျပင္သစ္သားရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥကို ျငင္းပယ္ခဲ့ၿပီး သူ႔အစီအစဥ္ေတြမွာ ကန္ေတက အဓိက ပါဝင္တာေၾကာင့္ ေရာင္းမွာမဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ေနာက္ရက္အနည္းငယ္အတြင္း ဂိုးသမား အီဒူရတ္မန္ဒီကို ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ ရန္းနက္စ္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ခ်ယ္ဆီးရဲ႕စိတ္ဝင္စားမႈကို သိရတဲ့ေနာက္ အသင္းကေန ထြက္ခြာခြင့္ လီဂူးဝမ္းဂိုးသမားဟာ ဒီေႏြမွာ လမ္းပတ္ရဲ႕ ၈ေယာက္ေျမာက္ ေခၚယူမႈ ျဖစ္လာမွာပါ။

ခ်ယ္ဆီး အေနနဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္မထားႏိုင္ခင္ ကီပါကို အစားထိုးဖို႔နဲ႔ ဗဟိုခံစစ္ကို အင္အား ျဖည့္တင္းဖို႔ လိုအပ္ေနဆဲ ျဖစ္တယ္လို႔ ေဂ်မီကာေရဂါက ေျပာဆိုခဲ့ပါတယ္။ မႏွစ္က သူတို႔ဟာ လိဂ္မွာ ၅၄ဂိုး ခြင့္ျပဳေပးခဲ့ရတာနဲ႔ အတူ အားနည္းတဲ့ ခံစစ္အတြက္ အေတြ႕အႀကဳံရင့္ ေနာက္ခံလူ သီယာဂိုေဆးဗားကို ေခၚယူခဲ့ပါတယ္။

ကိုင္ဟားဗတ္ကို ေခၚယူႏိုင္ခဲ့တဲ့ေနာက္ ခ်ယ္ဆီး ဟာ ေတာင္ပံကစားသမား အိုဒြိဳင္းကို အငွားခ်ထားႏိုင္ေျခရွိေၾကာင္း သတင္းထြက္ေနပါတယ္။ အသစ္ ေခၚယူထားတဲ့ ဟားဗတ္၊ ဗာနာ၊ ဇီယက္ခ္်တို႔ဟာ အိုဒြိဳင္းရဲ႕ေနရာမွာ ကစားႏိုင္တဲ့သူေတြျဖစ္ျပီး သူတို႔ မေရာက္လာခင္ထဲက အိုဒြိဳင္းက ေနရာ မရခဲ့တာျဖစ္ရာ မႏွစ္က ၇ပြဲသာ ပြဲထြက္ခြင့္ရခဲ့တာပါ။

ပူလီဆစ္ဟာ ဩဂုတ္လတုန္းက အက္ဖ္ေအဖလား ဖိုင္နယ္မွာ တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ေနာက္ ထပ္မကစားႏိုင္ခဲ့တာျဖစ္ေပမယ့္ အခု အက္ဇ္ပီလီကြီတာနဲ႔အတူ ေလ့က်င့္ေရးျပန္ဆင္းႏိုင္ေနၿပီျဖစ္ၿပီး တနလၤာေန႔ ဘ႐ိုက္တန္နဲ႔ပြဲအတြက္ ပါဝင္ႏိုင္ဖြယ္ရွိတယ္လို႔ လမ္းပတ္က အတည္ျပဳေပးခဲ့ပါတယ္။

တီမိုဗာနာ ေရာက္လာတဲ့ေနာက္ အသင္းမွာ ေနရာေပ်ာက္ႏိုင္တဲ့ ဂ်ီ႐ူးဟာ ဂ်ဴဗင္တပ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ေကာလာဟလေတြ ထြက္ေနေပမယ့္ သူ႔အေနနဲ႔ ဒီသတင္းေတြေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး ဒါက အမွန္မဟုတ္ဘူးလို႔ ျငင္းပယ္ခဲ့သလို ခ်ယ္ဆီး မွာ ဆက္ေနဖို႔ စီစဥ္ထားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။