အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ ဇန်နဝါရီမှာ သူ ခေါ်ယူဖြစ်ခဲ့တဲ့ ကစားသမားတွေထဲ အကောင်းဆုံးကို ရွေးချယ် ရှင်းပြသွားခဲ့ပါတယ်။ အာဆင်ဝင်းဂါး ရွေးခဲ့တာက လက်ရှိ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အူဘာမီးယန်းတော့ မဟုတ်ပါဘူး။
ဂန်းနားတို့ရဲ့ နည်းပြ အဖြစ် ၂၂ နှစ် ကြာ တာဝန်ယူခဲ့တဲ့ အာဆင်ဝင်းဂါးက ဇန်နဝါရီမှာ ကစားသမား ခေါ်ယူရတာ သဘောကျသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားကောင်း ခေါ်ယူမှု တချို့တော့ ပြုလုပ်နိုင်ခဲ့ပါတယ်။ အူဘာမီးယန်းကတော့ ၂၀၁၈ ဇန်နဝါရီမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိ အာဆင်နယ်မှာ ခြေစွမ်းပြနေသူပါ။
ပြီးခဲ့တဲ့ ရာသီမှာလည်း ဂါဘွန်သားက လီဗာပူး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလက်၊ မာနေးတို့နဲ့ အတူ ပူးတွဲ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း ၁၇ ဂိုး သွင်းထားပြီး ပရီးမီးယားလိဂ် ထိပ်တန်း သွင်းဂိုးရှင် စာရင်းမှာ ဗာဒီနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။
အူဘာမီးယန်း အပြင် ဇန်နဝါရီ ခေါ်ယူမှုကောင်းတွေထဲမှာ ဝဲလ်ကော့၊ အဒီဘာရော၊ ရေးယက်စ်၊ အာရှာဗင်၊ မွန်ရီရယ်၊ အီဘိုး စတဲ့ ကစားတွေ ရှိခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတော့ အသင်းအပေါ် သက်ရောက်မှုကြီး အရှိဆုံး ကစားသမားကို သူ့ရဲ့ ဇန်နဝါရီ အကောင်းဆုံး ခေါ်ယူမှု အဖြစ် ရွေးချယ် လိုခဲ့တာပါ။
” ကနူး ဖြစ်မယ် ထင်တယ်။ ဘောလုံးရာသီ တဝက်မှာ ရောက်ရှိလာခဲ့ပေမယ့် အသင်းကို သက်ရောက်မှု ကြီးကြီးနဲ့ ကူညီနိုင်ခဲ့တယ်။ တကယ့် ကစားသမားကောင်း ဖြစ်တယ်။ ” လို့ အာဆင်ဝင်းဂါးက beIN Sports မှာ ဖြေကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယား တိုက်စစ်သမားကို လွန်ခဲ့တဲ့ ၂၁ နှစ် အကြာက အာဆင်ဝင်းဂါး ခေါ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။ ပွဲဦးထွက် ပါဝင်ရတဲ့ ရာသီဝက်မှာ ၅ ပွဲသာ ပွဲထွက် ကစားခဲ့ရပေမယ့် ကနူးက ၇ ဂိုး သွင်း၊ ၂ ဂိုး ထောက်ပံ့မှု ပြုလုပ်သွားခဲ့ပါတယ်။ ဂန်းနားတွေနဲ့ အတူ ၅ နှစ်ကြာ ကစားသွားခဲ့တဲ့ ကနူးက အာဆင်နယ်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ် ဗိုလ်စွဲသွားခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ နည္းျပေဟာင္းၾကီး အာဆင္၀င္းဂါးကေတာ့ ဇန္န၀ါရီမွာ သူ ေခၚယူျဖစ္ခဲ့တဲ့ ကစားသမားေတြထဲ အေကာင္းဆံုးကို ေရြးခ်ယ္ ရွင္းျပသြားခဲ့ပါတယ္။ အာဆင္၀င္းဂါး ေရြးခဲ့တာက လက္ရွိ အာဆင္နယ္မွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းေတာ့ မဟုတ္ပါဘူး။
ဂန္းနားတို႔ရဲ႕ နည္းျပ အျဖစ္ ၂၂ နွစ္ ၾကာ တာ၀န္ယူခဲ့တဲ့ အာဆင္၀င္းဂါးက ဇန္န၀ါရီမွာ ကစားသမား ေခၚယူရတာ သေဘာက်သူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကစားသမားေကာင္း ေခၚယူမႈ တခ်ိဳ႕ေတာ့ ျပဳလုပ္နုိင္ခဲ့ပါတယ္။ အူဘာမီးယန္းကေတာ့ ၂၀၁၈ ဇန္န၀ါရီမွာ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး လက္ရွိ အာဆင္နယ္မွာ ေျခစြမ္းျပေနသူပါ။
ျပီးခဲ့တဲ့ ရာသီမွာလည္း ဂါဘြန္သားက လီဗာပူး တိုက္စစ္မွဴးေတြ ျဖစ္တဲ့ ဆာလက္၊ မာေနးတို႔နဲ႕ အတူ ပူးတြဲ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီရာသီမွာလည္း ၁၇ ဂိုး သြင္းထားျပီး ပရီးမီးယားလိဂ္ ထိပ္တန္း သြင္းဂိုးရွင္ စာရင္းမွာ ဗာဒီေနာက္ ဒုတိယေနရာမွာ ရွိေနပါတယ္။
အူဘာမီးယန္း အျပင္ ဇန္န၀ါရီ ေခၚယူမႈေကာင္းေတြထဲမွာ ၀ဲလ္ေကာ့၊ အဒီဘာေရာ၊ ေရးယက္စ္၊ အာရွာဗင္၊ မြန္ရီရယ္၊ အီဘိုး စတဲ့ ကစားေတြ ရွိခဲ့ပါတယ္။ အာဆင္၀င္းဂါးကေတာ့ အသင္းအေပၚ သက္ေရာက္မႈၾကီး အရွိဆံုး ကစားသမားကို သူ႔ရဲ႕ ဇန္န၀ါရီ အေကာင္းဆံုး ေခၚယူမႈ အျဖစ္ ေရြးခ်ယ္ လိုခဲ့တာပါ။
” ကနူး ျဖစ္မယ္ ထင္တယ္။ ေဘာလံုးရာသီ တ၀က္မွာ ေရာက္ရွိလာခဲ့ေပမယ့္ အသင္းကို သက္ေရာက္မႈ ၾကီးၾကီးနဲ႕ ကူညီနိုင္ခဲ့တယ္။ တကယ့္ ကစားသမားေကာင္း ျဖစ္တယ္။ ” လို႔ အာဆင္၀င္းဂါးက beIN Sports မွာ ေျဖၾကားခဲ့ပါတယ္။
နိုင္ဂ်ီးရီးယား တိုက္စစ္သမားကို လြန္ခဲ့တဲ့ ၂၁ နွစ္ အၾကာက အာဆင္၀င္းဂါး ေခၚယူခဲ့ဖူးတာ ျဖစ္ပါတယ္။ ပြဲဦးထြက္ ပါ၀င္ရတဲ့ ရာသီ၀က္မွာ ၅ ပြဲသာ ပြဲထြက္ ကစားခဲ့ရေပမယ့္ ကနူးက ၇ ဂိုး သြင္း၊ ၂ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္သြားခဲ့ပါတယ္။ ဂန္းနားေတြနဲ႕ အတူ ၅ နွစ္ၾကာ ကစားသြားခဲ့တဲ့ ကနူးက အာဆင္နယ္နဲ႕ အတူ ပရီးမီးယားလိဂ္ ဖလား နွစ္ၾကိမ္၊ အက္ဖ္ေအဖလား နွစ္ၾကိမ္ ဗိုလ္စြဲသြားခဲ့ပါတယ္။