ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (12/09/20)

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနွေမှာ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့မအောင်မြင်ခဲ့ရင် ဂါရတ်ဘေးက သူတို့အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ပီတာခရော့ခ်ျက ပြောဆိုလိုက်ပါတယ်။ ဘေးဟာ ရီးရဲလ်မက်ဒရစ်မှာ အပိုဖြစ်နေခဲ့တဲ့နောက် ပရီးမီးယားလိဂ်ကိုပြန်လာဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ အသင်းမှာ နေရာပျောက်နေတဲ့ ဒီယိုဂို ဒါးလော့နဲ့ မားကို့စ် ရိုဂျိုတို့ နှစ်ယောက်ကို စုစုပေါင်း ပေါင်၂၈သန်း လောက်နဲ့ နွေ အပြောင်းအရွှေ့ကာလအတွင်း ရောင်းထုတ်ဖို့ မျှော်လင့်နေပါတယ်။ မနှစ်က ဒါးလော့ဟာ ပြိုင်ပွဲစုံ ၁၁ပွဲသာ ကစားခွင့်ရခဲ့ပြီး ရိုဂျိုကတော့ ဒုတိယရာသီဝက်ကို အငှားချခံခဲ့ရတာပါ။

ရှက်ဖီးကနေ ဒင်းဟန်ဒါဆန် ပြန်ရောက်လာတာက ဒီဂီယာရဲ့နေရာအတွက် ဖိအားပေးလာတာဖြစ်သလို လာမယ့်ရာသီမှာ ဘယ်သူက ဂိုးပေါက် ကို တာဝန်ယူရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အိုးလ်ထရက်ဖို့ဒ်မှာ အကြပ် ရိုက်လာနိုင်ပေမယ့် ဟန်ဒါဆန်က နံပါတ်တစ်နေရာတော့ ရမှာ မဟုတ်ဘူးလို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ သူတို့ရဲ့ကြိုးပမ်းမှုကို လက်လျှော့လိုက်ဖို့ စဉ်းစားနေပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ ဟာ ဒေါ့မွန်ရဲ့ငြင်းပယ်နေမှုကို ပိုပိုစိတ်ပျက်လာတာကြောင့် အခုချိန်မှာ တခြားပစ်မှတ်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်နိုင်ဖွယ် ရှိနေတာပါ။

ဒီဂျီဆိုတိုနာဟာ ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့နောက် အသင်းကနေ စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပါတယ်။ အသက် ၁၇နှစ် အရွယ် ကစားသမားဟာ ဖေဖော်ဝါရီလတုန်းက အက်ဖ်အေလူငယ်ဖလား ကွာတားဖိုင်နယ်မှာ အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် အသင်းသစ် ရှာဖွေမှု အောင်မြင်ခဲ့ရင် ဆီမီးဖိုင်နယ်ပွဲတွေနဲ့ လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဇနီးဖြစ်သူ မီးဖွားနေတာကြောင့် ပြီးခဲ့တဲ့အပတ်က ပေါ်တူဂီမှာပဲ ရှိနေခဲ့ပြီး အင်္ဂလန်ကိုပြန်လာတဲ့အခါကျရင် ကွာရန်တင်း ဝင်ရတော့မှာ ဖြစ်သလို မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ရာသီသစ် ပထမဆုံးပွဲကို လွဲချော်ရနိုင်ခြေ ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေႏြမွာ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔မေအာင္ျမင္ခဲ့ရင္ ဂါရတ္ေဘးက သူတို႔အတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈ ျဖစ္လိမ့္မယ္လို႔ ပီတာခေရာ့ခ္်က ေျပာဆိုလိုက္ပါတယ္။ ေဘးဟာ ရီးရဲလ္မက္ဒရစ္မွာ အပိုျဖစ္ေနခဲ့တဲ့ေနာက္ ပရီးမီးယားလိဂ္ကိုျပန္လာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဟာ အသင္းမွာ ေနရာေပ်ာက္ေနတဲ့ ဒီယိုဂို ဒါးေလာ့နဲ႔ မားကို႔စ္ ႐ိုဂ်ိဳတို႔ ႏွစ္ေယာက္ကို စုစုေပါင္း ေပါင္၂၈သန္း ေလာက္နဲ႔ ေႏြ အေျပာင္းအေ႐ႊ႕ကာလအတြင္း ေရာင္းထုတ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ မႏွစ္က ဒါးေလာ့ဟာ ၿပိဳင္ပြဲစုံ ၁၁ပြဲသာ ကစားခြင့္ရခဲ့ၿပီး ႐ိုဂ်ိဳကေတာ့ ဒုတိယရာသီဝက္ကို အငွားခ်ခံခဲ့ရတာပါ။

ရွက္ဖီးကေန ဒင္းဟန္ဒါဆန္ ျပန္ေရာက္လာတာက ဒီဂီယာရဲ႕ေနရာအတြက္ ဖိအားေပးလာတာျဖစ္သလို လာမယ့္ရာသီမွာ ဘယ္သူက ဂိုးေပါက္ ကို တာဝန္ယူရမလဲ ဆိုတာနဲ႔ ပတ္သက္လို႔ အိုးလ္ထရက္ဖို႔ဒ္မွာ အၾကပ္ ႐ိုက္လာႏိုင္ေပမယ့္ ဟန္ဒါဆန္က နံပါတ္တစ္ေနရာေတာ့ ရမွာ မဟုတ္ဘူးလို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ဟာ အဂၤလန္ၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ သူတို႔ရဲ႕ႀကိဳးပမ္းမႈကို လက္ေလွ်ာ့လိုက္ဖို႔ စဥ္းစားေနပါတယ္။ ယူနိုက္တက္ တာ၀န္ရွိသူေတြ ဟာ ေဒါ့မြန္ရဲ႕ျငင္းပယ္ေနမႈကို ပိုပိုစိတ္ပ်က္လာတာေၾကာင့္ အခုခ်ိန္မွာ တျခားပစ္မွတ္ေတြကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ႏိုင္ဖြယ္ ရွိေနတာပါ။

ဒီဂ်ီဆိုတိုနာဟာ ယူႏိုက္တက္ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တဲ့ေနာက္ အသင္းကေန စြန္႔ခြာဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ အသက္ ၁၇ႏွစ္ အ႐ြယ္ ကစားသမားဟာ ေဖေဖာ္ဝါရီလတုန္းက အက္ဖ္ေအလူငယ္ဖလား ကြာတားဖိုင္နယ္မွာ အႏိုင္ဂိုးသြင္းေပးခဲ့ေပမယ့္ အသင္းသစ္ ရွာေဖြမႈ ေအာင္ျမင္ခဲ့ရင္ ဆီမီးဖိုင္နယ္ပြဲေတြနဲ႔ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဇနီးျဖစ္သူ မီးဖြားေနတာေၾကာင့္ ၿပီးခဲ့တဲ့အပတ္က ေပၚတူဂီမွာပဲ ရွိေနခဲ့ၿပီး အဂၤလန္ကိုျပန္လာတဲ့အခါက်ရင္ ကြာရန္တင္း ဝင္ရေတာ့မွာ ျဖစ္သလို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ ရာသီသစ္ ပထမဆုံးပြဲကို လြဲေခ်ာ္ရႏိုင္ေျခ ရွိေနပါတယ္။