ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (12/09/20)

အာဆင်နယ် တိုက်စစ်ကစားသမား လာကာဇက်တီဟာ ၎င်း အနာဂတ်နဲ့ ပတ်သက်လို့ အမျိုးမျိုး ထင်ကြေးပေးမှုတွေရှိနေပေမယ့် အမ်းမရိတ်စ်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ဝုလ်ဗ်ဟာ မိတ်လန်နိုင်းစ်အတွက် ပေါင် ၁၅ သန်း ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရတဲနောက် အာဆင်နယ်ထံ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ ဆက်လက် ပြင်ဆင်နေပါတယ်။ အသက် ၂၃နှစ်အရွယ် ကစားသမားဟာ ဂန်းနားတွေအတွက် ကစားပေးချင်ပေမယ့် အသင်းကြီးမှာ ကစားခွင့်မရရင် အသင်းကနေ ထွက်ခွာလိုနေပါတယ်။

အာဆင်နယ် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ အက်စ်တွန်ဗီလာထံ ပေါင် သန်း၂၀နဲ့ အပြောင်းအရွှေ့ မတိုင်ခင် တစ်ပတ်လုပ်ခ ပေါင် ၆သောင်း နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားတွေက သူ့ကိုအသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် ပထမအသင်း ကစားခွင့် ရချင်တဲ့ မာတီနက်ဇ်က အသင်းပြောင်းရွှေ့ဖို့ အလိုရှိခဲ့တာပါ။

လာကာဇက်တီ အနေနဲ့ ဒီနွေမှာ အာဆင်နယ်မှာ ဆက်ရှိနေလိမ့်မယ်လို့ မစ်ကယ် အာတီတာက ယုံကြည်နေပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အက်သလက်တီကို မက်ဒရစ် ဒါမှမဟုတ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အာတီတာကတော့ လာကာဇက်တီက ကလပ်မှာ ပျော်နေပြီး ထွက်ခွာဖို့မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒေးဗစ်ရာယာ အတွက် ဘရန့်ဖို့ဒ် အသင်းထံ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ ဂိုးသမားရဲ့အေးဂျင့်ကအတည်ပြုခဲ့ပါတယ်။ ဂန်းနားတွေ ဟာ အက်စ်တွန်ဗီလာနဲ့ ချိတ်ဆက်နေတဲ့ အီမီလီယာနို မာတီနက်ဇ်အတွက် အစားထိုးစရာအနေနဲ့ ရာယာကို ပစ်မှတ်ထားနေ ပါတယ်။

အာတီတာဟာ အသက် ၃၂နှစ်အရွယ် ဝီလီယံကို ကာလရှည် စာချုပ်ချုပ်ခဲ့တာအတွက် စနိုးစနှောင့်မဖြစ်ခဲ့ဘူးလို့ ပြောဆိုခဲ့သလို အာဆင်နယ်ရဲ့ တိုးတက်မှုမှာ ဝီလီယံက အရေးပါတဲ့ နေရာကနေ ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်ဟာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ခဲ့တဲ့ ဘရာဇီးသား တောင်ပံကစားသမားကို ၃နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

ဘာစီလိုနာဟာ အာဆင်နယ် နောက်ခံလူ ဟက်တာဘယ်လာရင်အတွက် ကစားသမားတစ်ယောက် အလိုက်ပေးကမ်းလှမ်းဖို့စဉ်းစားနေပါတယ်။ ကနဦးမှာ ဘာစီလိုနာက အငှားခေါ်ယူလိုပေမယ့် ဂန်းနားတွေက အသုံးစရိတ်ရဖို့ အပြီးသတ်သာ ရောင်းချချင်နေတာကြောင့် အကုန်အကျ မများချင်တဲ့ ဘာကာက ကစားသမား+ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ တိုက္စစ္ကစားသမား လာကာဇက္တီဟာ ၄င္း အနာဂတ္နဲ႔ ပတ္သက္လို႔ အမ်ိဳးမ်ိဳး ထင္ေၾကးေပးမႈေတြရွိေနေပမယ့္ အမ္းမရိတ္စ္မွာ ဆက္ေနဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။

ဝုလ္ဗ္ဟာ မိတ္လန္ႏိုင္းစ္အတြက္ ေပါင္ ၁၅ သန္း ကမ္းလွမ္းမႈကို ပယ္ခ်ခံခဲ့ရတဲေနာက္ အာဆင္နယ္ထံ ဒုတိယအႀကိမ္ ကမ္းလွမ္းဖို႔ ဆက္လက္ ျပင္ဆင္ေနပါတယ္။ အသက္ ၂၃ႏွစ္အ႐ြယ္ ကစားသမားဟာ ဂန္းနားေတြအတြက္ ကစားေပးခ်င္ေပမယ့္ အသင္းႀကီးမွာ ကစားခြင့္မရရင္ အသင္းကေန ထြက္ခြာလိုေနပါတယ္။

အာဆင္နယ္ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ အက္စ္တြန္ဗီလာထံ ေပါင္ သန္း၂၀နဲ႔ အေျပာင္းအေ႐ႊ႕ မတိုင္ခင္ တစ္ပတ္လုပ္ခ ေပါင္ ၆ေသာင္း နဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္ပါတယ္။ ဂန္းနားေတြက သူ႔ကိုအသင္းမွာ ဆက္ထိန္းထားခ်င္ေပမယ့္ ပထမအသင္း ကစားခြင့္ ရခ်င္တဲ့ မာတီနက္ဇ္က အသင္းေျပာင္းေ႐ႊ႕ဖို႔ အလိုရွိခဲ့တာပါ။

လာကာဇက္တီ အေနနဲ႔ ဒီေႏြမွာ အာဆင္နယ္မွာ ဆက္ရွိေနလိမ့္မယ္လို႔ မစ္ကယ္ အာတီတာက ယုံၾကည္ေနပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ အက္သလက္တီကို မက္ဒရစ္ ဒါမွမဟုတ္ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ အာတီတာကေတာ့ လာကာဇက္တီက ကလပ္မွာ ေပ်ာ္ေနၿပီး ထြက္ခြာဖို႔မျဖစ္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ေဒးဗစ္ရာယာ အတြက္ ဘရန္႔ဖို႔ဒ္ အသင္းထံ ကမ္းလွမ္းမႈလုပ္ခဲ့တယ္လို႔ ဂိုးသမားရဲ႕ေအးဂ်င့္ကအတည္ျပဳခဲ့ပါတယ္။ ဂန္းနားေတြ ဟာ အက္စ္တြန္ဗီလာနဲ႔ ခ်ိတ္ဆက္ေနတဲ့ အီမီလီယာႏို မာတီနက္ဇ္အတြက္ အစားထိုးစရာအေနနဲ႔ ရာယာကို ပစ္မွတ္ထားေန ပါတယ္။

အာတီတာဟာ အသက္ ၃၂ႏွစ္အ႐ြယ္ ဝီလီယံကို ကာလရွည္ စာခ်ဳပ္ခ်ဳပ္ခဲ့တာအတြက္ စႏိုးစေႏွာင့္မျဖစ္ခဲ့ဘူးလို႔ ေျပာဆိုခဲ့သလို အာဆင္နယ္ရဲ႕ တိုးတက္မႈမွာ ဝီလီယံက အေရးပါတဲ့ ေနရာကေန ပါဝင္မွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အာဆင္နယ္ဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ခဲ့တဲ့ ဘရာဇီးသား ေတာင္ပံကစားသမားကို ၃ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပါ။

ဘာစီလိုနာဟာ အာဆင္နယ္ ေနာက္ခံလူ ဟက္တာဘယ္လာရင္အတြက္ ကစားသမားတစ္ေယာက္ အလိုက္ေပးကမ္းလွမ္းဖို႔စဥ္းစားေနပါတယ္။ ကနဦးမွာ ဘာစီလိုနာက အငွားေခၚယူလိုေပမယ့္ ဂန္းနားေတြက အသုံးစရိတ္ရဖို႔ အၿပီးသတ္သာ ေရာင္းခ်ခ်င္ေနတာေၾကာင့္ အကုန္အက် မမ်ားခ်င္တဲ့ ဘာကာက ကစားသမား+ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။