ပရီးမီးယားလိဂ် ကစားသမားဟောင်း ကာရေဂါက ဒီရာသီ လိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းကနေ ထိပ်ဆုံး ၇ သင်းထိ ရွေးထုတ်ရာမှာ ချယ်ဆီးအသင်းကို ချန်ထားခဲ့ပါတယ်။
မန်စီးတီးကပဲ ၅ ရာသီဆက်ဖြစ်မယ်လို့ ယုံကြည်နေတဲ့ ကာရေဂါက ထိပ်ဆုံး ၄ သင်းအဖြစ် မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့ကို ရွေးချယ်ခဲ့တာပါ။
အဆင့် ၅ နဲ့ ၆ အသင်းတွေအဖြစ် ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ကို ရွေးချယ်ခဲ့တဲ့ ကာရေဂါက အဆင့် ၇ နေရာမှာတောင် ချယ်ဆီးကို မထားခဲ့ပါဘူး။
လူခေါ်ကြမ်းနေတဲ့ လန်ဒန်ကလပ်နဲ့ ပတ်သက်လို့ ကာရေဂါကပဲ ” အခု ချယ်ဆီး လူစာရင်းကို ကြည့်လိုက်ဦး၊ ဖီလစ်က (ချယ်ဆီးရဲ့ ကစားသမားသစ်ဖြစ်လာသူ) လေ့ကျင့်ရေးကွင်းက ဘယ်နေရာမှာ အဝတ်သွားလဲမှာလဲ? ငါ အတည်ကြီးပြောနေတာနော်။
မင်းမှာ ကစားသမား ၄၀ လောက်ရှိရင် သူတို့အားလုံးကို အဝတ်လဲခန်း တစ်ခုထံ ဘယ်လို ဆံ့အောင် ထည့်မလဲ? လေ့ကျင့်ရေးတစ်ခုမှာ ဒီကစားသမားတွေ အားလုံးကို ဘယ်လို သွားပြီး နေရာချမလဲ?” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ကာရေဂါရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၇ အသင်းက ဝက်စ်ဟမ်းအသင်းဖြစ်ပြီး တန်းဆင်းမယ့် ၃ သင်းအဖြစ် ဆောက်သမ်တန်၊ လက်စတာ၊ ဖောရက်စ်တို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။