ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (12/09/20)

ယူနိုက်တက် ကစားသမားသစ် ဗန်ဒီဘိခ်ကတော့ အသင်းရဲ့ အစောပိုင်း ထရိန်နင်တွေမှာ အသင်းဖော်တွေ ပါ အထင်ကြီးလောက်အောင် အစွမ်းပြနေတယ် လို့ မန်ချက်စတာ အခြေစိုက် သတင်းတွေက ဆိုပါတယ်။

လာမယ့် ဘောလုံးရာသီအတွက် ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ဟယ်ရီ မက်ဂွဲရားကသာ ဆက်လက် တာဝန်ယူမှာ ဖြစ်ကြောင်း နည်းပြ ဆိုးရှား က အတည်ပြု ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေ ဦးစားပေး ပစ်မှတ် ဆန်ချို အတွက် ဒေါ့မွန်အသင်းနဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရတာကြောင့် ခေါ်ယူဖို့ လက်လျှော့ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခြား ပစ်မှတ်များကိုသာ ခေါ်ယူဖို့ ဆက်လက် အားစိုက်တော့မယ်လို့ သိရပါတယ်။

ခြေထောက်မှာ ဒဏ်ရာ ရှိနေတဲ့ လူငယ် ကစားသမား တူရမ်ဇီဘီ ဟာ စောစော ပြန်ပြီး ကောာင်းမွန်သက်သာ လာတာကြောင့် ယူနိုက်တက် ခံစစ်အတွက် အင်အားကောင်း တစ်ရပ် ဖြစ်လာပါတယ်။

လီဗာပူး နည်းပြ ယာဂင် ကလော့ပ်က ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့တဲ့နောက် မနက်၃နာရီခွဲမှာ ဆာအဲလက်စ် ဖာဂူဆန်ကို ဖုန်းဆက်နှိုး ပြီး ပြောခဲ့မိတဲ့ အတွက် တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဖာဂူဆန်ဆီ ဖုန်းဆက်တဲ့အချိန်မှာ မနက်အစောကြီးမို့လို့ သူ ဖုန်းကိုင်မှာ မဟုတ်ဘူးလို့ ကလော့ပ်က ထင်နေခဲ့ကြောင်း ဆိုပါတယ်။

ကိုဗစ် ခံစားခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကလည်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်တာကြောင့် အသင်းထရိန်နင်မှာ ပါဝင် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမားသစ္ ဗန္ဒီဘိခ္ကေတာ့ အသင္းရဲ႕ အေစာပိုင္း ထရိန္နင္ေတြမွာ အသင္းေဖာ္ေတြ ပါ အထင္ၾကီးေလာက္ေအာင္ အစြမ္းျပေနတယ္ လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းေတြက ဆိုပါတယ္။

လာမယ့္ ေဘာလံုးရာသီအတြက္ ယူနိုက္တက္ အသင္းေခါင္းေဆာင္ အျဖစ္ ဟယ္ရီ မက္ဂြဲရားကသာ ဆက္လက္ တာ၀န္ယူမွာ ျဖစ္ေၾကာင္း နည္းျပ ဆိုးရွား က အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ ဒီေႏြ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳ အတြက္ ေဒါ့မြန္အသင္းနဲ႕ ဘယ္လိုမွ ညွိနိႈင္းလို႔ မရတာေၾကာင့္ ေခၚယူဖို႔ လက္ေလွ်ာ့ခဲ့ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အျခား ပစ္မွတ္မ်ားကိုသာ ေခၚယူဖို႔ ဆက္လက္ အားစိုက္ေတာ့မယ္လို႔ သိရပါတယ္။

ေျခေထာက္မွာ ဒဏ္ရာ ရွိေနတဲ့ လူငယ္ ကစားသမား တူရမ္ဇီဘီ ဟာ ေစာေစာ ျပန္ျပီး ေကာာင္းမြန္သက္သာ လာတာေၾကာင့္ ယူနိုက္တက္ ခံစစ္အတြက္ အင္အားေကာင္း တစ္ရပ္ ျဖစ္လာပါတယ္။

လီဗာပူး နည္းျပ ယာဂင္ ကေလာ့ပ္က ပရီးမီးယားလိဂ္ ဖလား ရယူေပးႏိုင္ခဲ့တဲ့ေနာက္ မနက္၃နာရီခြဲမွာ ဆာအဲလက္စ္ ဖာဂူဆန္ကို ဖုန္းဆက္ႏႈိး ၿပီး ေျပာခဲ့မိတဲ့ အတြက္ ေတာင္းပန္စကား ဆိုခဲ့ပါတယ္။ ဖာဂူဆန္ဆီ ဖုန္းဆက္တဲ့အခ်ိန္မွာ မနက္အေစာႀကီးမို႔လို႔ သူ ဖုန္းကိုင္မွာ မဟုတ္ဘူးလို႔ ကေလာ့ပ္က ထင္ေနခဲ့ေၾကာင္း ဆိုပါတယ္။

ကိုဗစ္ ခံစားခဲ့ရတဲ့ ယူနုိက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာကလည္း ျပန္လည္ ေကာင္းမြန္ေနျပီ ျဖစ္တာေၾကာင့္ အသင္းထရိန္နင္မွာ ပါ၀င္ ေလ့က်င့္ေနျပီ ျဖစ္ပါတယ္။