ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (13/09/20)

ချယ်ဆီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ ဒေးဗစ်အလာဘာကို ခေါ်ယူဖို့ချိတ်ဆက်နေခဲ့ပါတယ်။ ဩစတြီးယားသားဟာ နောက်နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်လာမှာဆိုပေမယ့် စာချုပ်သစ် သဘောတူညီမှု မရခဲ့ရင် ဘိုင်ယန်အတွက် ပြောင်းရွှေ့ကြေးရအောင် ဒီနွေမှာ ထွက်ခွာလိုနေပါတယ်။

စတန်းဖို့ဒ်ဘရစ်ခ်ျကို ဘင်ချီဝဲရောက်လာတဲ့နောက် နေရာမရဖြစ်တော့မယ့် မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့ အင်တာမီလန်က စိတ်ဝင်စား နေပါတယ်။ အလွန်ဆိုဟာ ကွန်တီလက်အောက်မှာ အကောင်းဆုံးပုံစံအချို့ရခဲ့တာနဲ့အတူ လက်ရှိအင်တာနည်းပြက သူ့တပည့်ဟောင်းကို ပြန်ခေါ်လိုနေပါတယ်။

လမ်းပတ်ဟာ အနောက်လန်ဒန်မှာ သူ့ရဲ့နည်းပြဘဝ ဒုတိယရာသီအတွက် အရှိန်မြှင့်တင်ခဲ့သလို ချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် ပထမဆုံးပွဲမှာ ဘရိုက်တန်ကို ၄ဂိုးပြတ် အနိုင်ရရှိလိမ့်မယ်လို့ ဘာဘာတော့က ခန့်မှန်းပေးခဲ့ပါတယ်။

မနှစ်က မိုနာကိုမှာ အငှားကစားခဲ့တဲ့ ဘာကာယိုကိုကို အေစီမီလန်က အငှားခေါ်ယူချင်နေတာနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကလဲ စိတ်ဝင်စား လာနေပါတယ်။ ချယ်ဆီးက ကွင်းလယ်လူအတွက် တတ်နိုင်သလောက် ငွေပြန်ရချင်တာကြောင့် အပြီးသတ်ဝယ်ယူမယ့် ပဲလေ့စ်က အခွင့်အရေး ပိုရှိနေပါတယ်။

ချယ်ဆီး ဟာ ကိုင်ဟားဗတ်ကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် တိုက်စစ်အတွက် တီမိုဗာနာ၊ ဟာကင်ဇီယက်ခ်ျတို့လဲ ရွေးချယ်စရာရှိနေတာနဲ့အတူ ကစားချိန် ရဖို့ ရုန်းကန်ရနိုင်ဖွယ်ရှိတဲ့ ကော်လမ်ဟဒ်ဆန်အိုဒွိုင်းက အငှားချခံထားရနိုင်ခြေ ရှိနေပါတယ်။

အင်တာမီလန်ဟာ ချယ်ဆီး နောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ကာလ ကုန်တဲ့အထိ စောင့်ဖို့ ဆန္ဒရှိနေပါတယ်။ စီးရီးအေ ကလပ်ဟာ ရိုးမားကနေ ကိုလာရော့ဗ်ကိုခေါ်ယူခဲ့ပြီဖြစ်တာကြာင့် အီမာဆန်ကို အသည်းအသည် အလိုမရှိတော့ပေမယ့် စိတ်ဝင်စားမှုတော့ ရှိနေဆဲဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လာဂါကို အပြီးသတ်ခေါ်ယူဖို့အလိုရှိနေပါတယ်။ အင်္ဂလန် ယူ၂၁ ကစားသမားကို ဝက်စ်ဘရွန်းနဲ့ အက်စ်တွန်ဗီလာတို့က အရင်စိတ်ဝင်စားခဲ့ပေမယ့် ဂယ်လာဂါဟာ ဘီယယ်ဆာရဲ့ ကစားပုံနဲ့ အံဝင်လိမ့်မယ်လို့ လိဒ်က ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

ချယ်ဆီး အနေနဲ့ ၎င်းရဲ့ ဂျာမနီအသင်းဖော် ကိုင်ဟားဗတ်ကို ခေါ်ယူခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ရူဒီဂါက ထုတ်ဖော်ပြောဆိုခဲ့သလို ဝါရင့် နောက်ခံလူ သီယာဂိုဆေးဗားနဲ့အတူတွဲကစားရင်း သင်ယူလေ့လာဖို့ စိတ်အားထက်သန်နေကြောင်းလဲ ဝန်ခံခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့တဲ့ ေဒးဗစ္အလာဘာကို ေခၚယူဖို႔ခ်ိတ္ဆက္ေနခဲ့ပါတယ္။ ဩစႀတီးယားသားဟာ ေနာက္ေႏြရာသီမွာ ဖရီးေအးဂ်င့္ ျဖစ္လာမွာဆိုေပမယ့္ စာခ်ဳပ္သစ္ သေဘာတူညီမႈ မရခဲ့ရင္ ဘိုင္ယန္အတြက္ ေျပာင္းေ႐ႊ႕ေၾကးရေအာင္ ဒီေႏြမွာ ထြက္ခြာလိုေနပါတယ္။

စတန္းဖို႔ဒ္ဘရစ္ခ္်ကို ဘင္ခ်ီဝဲေရာက္လာတဲ့ေနာက္ ေနရာမရျဖစ္ေတာ့မယ့္ မားကို႔စ္အလြန္ဆိုကို ေခၚယူဖို႔ အင္တာမီလန္က စိတ္ဝင္စား ေနပါတယ္။ အလြန္ဆိုဟာ ကြန္တီလက္ေအာက္မွာ အေကာင္းဆုံးပုံစံအခ်ိဳ႕ရခဲ့တာနဲ႔အတူ လက္ရွိအင္တာနည္းျပက သူ႔တပည့္ေဟာင္းကို ျပန္ေခၚလိုေနပါတယ္။

လမ္းပတ္ဟာ အေနာက္လန္ဒန္မွာ သူ႔ရဲ႕နည္းျပဘဝ ဒုတိယရာသီအတြက္ အရွိန္ျမႇင့္တင္ခဲ့သလို ခ်ယ္ဆီး အသင္းဟာ ပရီးမီးယားလိဂ္ရာသီသစ္ ပထမဆုံးပြဲမွာ ဘ႐ိုက္တန္ကို ၄ဂိုးျပတ္ အႏိုင္ရရွိလိမ့္မယ္လို႔ ဘာဘာေတာ့က ခန္႔မွန္းေပးခဲ့ပါတယ္။

မႏွစ္က မိုနာကိုမွာ အငွားကစားခဲ့တဲ့ ဘာကာယိုကိုကို ေအစီမီလန္က အငွားေခၚယူခ်င္ေနတာနဲ႔အတူ ခရစၥတယ္ပဲေလ့စ္ကလဲ စိတ္ဝင္စား လာေနပါတယ္။ ခ်ယ္ဆီးက ကြင္းလယ္လူအတြက္ တတ္ႏိုင္သေလာက္ ေငြျပန္ရခ်င္တာေၾကာင့္ အၿပီးသတ္ဝယ္ယူမယ့္ ပဲေလ့စ္က အခြင့္အေရး ပိုရွိေနပါတယ္။

ခ်ယ္ဆီး ဟာ ကိုင္ဟားဗတ္ကို ေခၚယူႏိုင္ခဲ့တဲ့အျပင္ တိုက္စစ္အတြက္ တီမိုဗာနာ၊ ဟာကင္ဇီယက္ခ္်တို႔လဲ ေ႐ြးခ်ယ္စရာရွိေနတာနဲ႔အတူ ကစားခ်ိန္ ရဖို႔ ႐ုန္းကန္ရႏိုင္ဖြယ္ရွိတဲ့ ေကာ္လမ္ဟဒ္ဆန္အိုဒြိဳင္းက အငွားခ်ခံထားရႏိုင္ေျခ ရွိေနပါတယ္။

အင္တာမီလန္ဟာ ခ်ယ္ဆီး ေနာက္ခံလူ အီမာဆန္ကို ေခၚယူဖို႔အတြက္ အေျပာင္းအေ႐ႊ႕ကာလ ကုန္တဲ့အထိ ေစာင့္ဖို႔ ဆႏၵရွိေနပါတယ္။ စီးရီးေအ ကလပ္ဟာ ႐ိုးမားကေန ကိုလာေရာ့ဗ္ကိုေခၚယူခဲ့ၿပီျဖစ္တာၾကာင့္ အီမာဆန္ကို အသည္းအသည္ အလိုမရွိေတာ့ေပမယ့္ စိတ္ဝင္စားမႈေတာ့ ရွိေနဆဲျဖစ္ပါတယ္။

လိဒ္ယူႏိုက္တက္ဟာ ခ်ယ္ဆီး ကြင္းလယ္လူ ေကာ္နာ ဂယ္လာဂါကို အၿပီးသတ္ေခၚယူဖို႔အလိုရွိေနပါတယ္။ အဂၤလန္ ယူ၂၁ ကစားသမားကို ဝက္စ္ဘ႐ြန္းနဲ႔ အက္စ္တြန္ဗီလာတို႔က အရင္စိတ္ဝင္စားခဲ့ေပမယ့္ ဂယ္လာဂါဟာ ဘီယယ္ဆာရဲ႕ ကစားပုံနဲ႔ အံဝင္လိမ့္မယ္လို႔ လိဒ္က ယုံၾကည္မႈရွိေနတာျဖစ္ပါတယ္။

ခ်ယ္ဆီး အေနနဲ႔ ၎ရဲ႕ ဂ်ာမနီအသင္းေဖာ္ ကိုင္ဟားဗတ္ကို ေခၚယူခဲ့တဲ့အတြက္ ဝမ္းသာမိေၾကာင္း ႐ူဒီဂါက ထုတ္ေဖာ္ေျပာဆိုခဲ့သလို ဝါရင့္ ေနာက္ခံလူ သီယာဂိုေဆးဗားနဲ႔အတူတြဲကစားရင္း သင္ယူေလ့လာဖို႔ စိတ္အားထက္သန္ေနေၾကာင္းလဲ ဝန္ခံခဲ့ပါတယ္။