ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (13/09/20)

မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဗန်ဒိဘိခ်နဲ့ ဒင်းဟန်ဒါဆန်တို့ ပါဝင်လာခဲ့ပေမယ် အက်စ်တွန်ဗီလာက ၁-ဝနဲ့ အနိုင်ရရှိခဲ့ရာ ဗီလာတို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားသစ် အိုလီဝက်ကင်က အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ် ကြယ်ပွင့် ဂျွာအိုဖီးလစ်ဟာ ဂျေဒန်ဆန်ချိုရဲ့ အပြောင်းအလဲပစ်မှတ်အနေနဲ့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ ဖီးလစ်ဟာ ပေါင်၁၁၃သန်းတန်စာချုပ်နဲ့ အေတီကိုထံ ရောက်ရှိခဲ့ပြီး မနှစ်က ၉ဂိုးနဲ့ ဖန်တီးမှု၃ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနွေမှာ ရီးရဲလ်ဘယ်နောက်ခံလူ ရီဂွယ်လွန်အပါအဝင် နောက်ထပ် တိုက်စစ်ကစားသမား၂ယောက်နဲ့ ဗဟိုခံစစ် တစ်ယောက် ထပ်မံခေါ်ယူဖို့ လိုတယ်လို့ ဗဟိုနောက်ခံလူဟောင်း ရီယိုဖာဒီနန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ မိုနာကို နောက်ခံလူ ဘာဒီယာရှီလ်ကို ပြောင်းရွှေ့ကြေး ပေါင်၂၃သန်းနဲ့ ခေါ်ယူနိုင်ဖို့အလိုရှိနေပါတယ်။ ဆိုလ်းရှားရဲ့အသင်းဟာ လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ အူပါမီကာနိုကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် သူ့ကိုခေါ်နိုင်ဖို့ နောက်နှစ်အထိ စောင့်ရမှာဖြစ်တာကြောင့် ပစ်မှတ် ပြောင်းလဲခဲ့တာပါ။

ဝါဒါဘရီမင်မှာ အငှားချထားတဲ့ ယူနိုက်တက်လူငယ်ကစားသမား တာဟစ်ချောင်ဟာ ကားလ်ဇစ်နဲ့ ပိုကယ်ဖလားပွဲမှာ အရန်ခုံမှာ ပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး ၈၈မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဟယ်ရီမက်ဂွဲရား ဟာ ဂရိမှာ ထောင်နန်းစံခဲ့ရတဲ့နောက် အင်္ဂလန်ရဲ့နေးရှင်းလိဂ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ သူ့ကို အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ပေးထားဦးမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်လို ထိပ်သီးကလပ်ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် ရီးရဲလ်မက်ဒရစ် အငှားကစားသမား ရီဂွယ်လွန်ဟာ မနှစ်က ဆီးဗီးလားနဲ့အတူ ယူရိုပါလိဂ် အောင်မြင်ခဲ့တဲ့နောက် စပိန်မှာပဲ ဆက်နေဖို့ အလိုရှိနေတာကြောင့် ယူနိုက်တက်က သူ့ကို လက်လွှတ်လိုက်ရဖို့ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲမွာ ဗန္ဒိဘိခ္နဲ႔ ဒင္းဟန္ဒါဆန္တို႔ ပါဝင္လာခဲ့ေပမယ္ အက္စ္တြန္ဗီလာက ၁-၀နဲ႔ အႏိုင္ရရွိခဲ့ရာ ဗီလာတို႔ ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ကစားသမားသစ္ အိုလီဝက္ကင္က အႏိုင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ ၾကယ္ပြင့္ ဂြၽာအိုဖီးလစ္ဟာ ေဂ်ဒန္ဆန္ခ်ိဳရဲ႕ အေျပာင္းအလဲပစ္မွတ္အေနနဲ႔ ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကို ခံေနရပါတယ္။ ဖီးလစ္ဟာ ေပါင္ ၁၁၃သန္းတန္စာခ်ဳပ္နဲ႔ ေအတီကိုထံ ေရာက္ရွိခဲ့ၿပီး မႏွစ္က ၉ဂိုးနဲ႔ ဖန္တီးမႈ၃ႀကိမ္ ျပဳလုပ္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေႏြမွာ ရီးရဲလ္ဘယ္ေနာက္ခံလူ ရီဂြယ္လြန္အပါအဝင္ ေနာက္ထပ္ တိုက္စစ္ကစားသမား၂ေယာက္နဲ႔ ဗဟိုခံစစ္ တစ္ေယာက္ ထပ္မံေခၚယူဖို႔ လိုတယ္လို႔ ဗဟိုေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ မိုနာကို ေနာက္ခံလူ ဘာဒီယာရွီလ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္၂၃သန္းနဲ႔ ေခၚယူႏိုင္ဖို႔အလိုရွိေနပါတယ္။ ဆိုလ္းရွားရဲ႕အသင္းဟာ လိုက္ပ္ဇစ္ ဗဟိုေနာက္ခံလူ အူပါမီကာႏိုကို စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ သူ႔ကိုေခၚႏိုင္ဖို႔ ေနာက္ႏွစ္အထိ ေစာင့္ရမွာျဖစ္တာေၾကာင့္ ပစ္မွတ္ ေျပာင္းလဲခဲ့တာပါ။

ဝါဒါဘရီမင္မွာ အငွားခ်ထားတဲ့ ယူႏိုက္တက္လူငယ္ကစားသမား တာဟစ္ေခ်ာင္ဟာ ကားလ္ဇစ္နဲ႔ ပိုကယ္ဖလားပြဲမွာ အရန္ခုံမွာ ပါဝင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ၿပီး ၈၈မိနစ္မွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဟယ္ရီမက္ဂြဲရား ဟာ ဂရိမွာ ေထာင္နန္းစံခဲ့ရတဲ့ေနာက္ အဂၤလန္ရဲ႕ေနးရွင္းလိဂ္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားကေတာ့ သူ႔ကို အသင္းေခါင္းေဆာင္ အျဖစ္ ဆက္လက္ တာဝန္ေပးထားဦးမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္လို ထိပ္သီးကလပ္ရဲ႕ စိတ္ဝင္စားျခင္းခံေနရေပမယ့္ ရီးရဲလ္မက္ဒရစ္ အငွားကစားသမား ရီဂြယ္လြန္ဟာ မႏွစ္က ဆီးဗီးလားနဲ႔အတူ ယူ႐ိုပါလိဂ္ ေအာင္ျမင္ခဲ့တဲ့ေနာက္ စပိန္မွာပဲ ဆက္ေနဖို႔ အလိုရွိေနတာေၾကာင့္ ယူႏိုက္တက္က သူ႔ကို လက္လႊတ္လိုက္ရဖို႔ရွိေနပါတယ္။