မန်ချက်စတာ ယူနိုက်တက် ဟာ ပီအက်စ်ဂျီ အသင်းထံမှ ကွင်းလယ် ကစားသမား အူဂါတီကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီလို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ပြသွားပါတယ်။
ပီအက်စ်ဂျီဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၅ဝ ရရှိမှာ ဖြစ်ပြီး ထပ်ဆောင်းကြေး ယူရို ၁ဝ သန်းလည်း ပါရှိတာကြောင့် သန်း ၆ဝ ထိ ရရှိမှာပါ။
အူဂါတီက အပြောင်းအရွှေ့ အပြီးသတ် ဖြစ်မြောက်ဖို့အတွက် ဆေးစစ်ရန် ဒီနေ့မှာပဲ မန်ချက်စတာ သို့ ထွက်ခွာလာမှာ ဖြစ်ပါတယ်။
ဒီ အပြောင်းအရွှေ့မှာ အူဂါတီ ကလည်း ယူနိုက်တက်ထံ ပဲ ပြောင်းခဲ့သလို ယူနိုက်တက်ကလည်း ကွင်းလယ် ပစ်မှတ်တွေထဲကမှ အူဂါတီကိုပဲ အဓိက အလိုရှိခဲ့တာကြောင့် ကစားသမားနဲ့ ကလပ် နှစ်ဘက်လုံး စိတ်တိုင်းကျခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ အူဂါတီနဲ့ ဇူလိုင်လတည်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ကွင်းလယ် အတွက် နံပါတ် တစ် ဦးစားပေး ပစ်မှတ် အဖြစ် ယူနိုက်တက်က သတ်မှတ် ကြိုးစားခဲ့တာပါ။