ချယ်ဆီး အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
ယခင် ပစ်မှတ်ထားခဲ့တဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်မန်ကို ယူရို သန်း ၁၃၀ ထက် နည်းတဲ့ ပမာဏဖြင့် ခေါ်ယူနိုင်ဖို့ ရှိနေပေမယ့် ချယ်ဆီးဘက်က နောက်ဆုတ်သွားခဲ့ပါတယ်။
အကြောင်းကတော့ အိုဆင်မန်အတွက် ပေးရမယ့် လုပ်ခကို သဘောမကျခြင်းကြောင့် ချယ်ဆီးတို့ နောက်ဆုတ်ခဲ့ခြင်းလို့ သိရတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက အိုဆင်မန်ကို ဆော်ဒီလိဂ်နဲ့အပြိုင် လိုက်နေပြီဖြစ်ပါတယ်။
ချယ်ဆီးကတော့ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖိုဒ့် တိုက်စစ်သမား တိုနေးကိုပဲ အဓိက အာရုံစိုက်ဖို့ ဆုံးဖြတ်လာခဲ့ပြီဖြစ်ပါတယ်။
ဘရန့်ဖိုဒ့်အသင်းမှာ တိုနေးရဲ့ လက်ရှိ စာချုပ်က နောက်ဆုံးနှစ်ကို ရောက်ရှိနေပါပြီ။ အင်္ဂလန်သား တိုက်စစ်သမားအတွက် ဘရန့်ဖိုဒ့်က ဈေးချပေးရဖို့ ရှိနေပြီး သင့်လျော်တဲ့ ပမာဏတစ်ရပ်ကို တောင်းဆိုသွားဖို့တော့ ရှိနေတာဖြစ်ပါတယ်။
တိုနေးဟာ ပရီးမီးယားလိဂ် အသားကျပြီးသား ဖြစ်တဲ့ အပြင် သွင်းဂိုးတွေ အတွက် စိတ်ချရတဲ့ အဆုံးသတ်သမား ဖြစ်တာကြောင့် ချယ်ဆီး ခေါ်ယူနိုင်မယ် ဆိုရင် အပြောင်းအရွှေ့ကောင်း တစ်ခု ဖြစ်လာဖွယ် ရှိပါတယ်။