ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (13/09/20)

အူဘာမီးယန်းဟာ ဖူလ်ဟမ်ကို ၃-ဝနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် အာဆင်နယ်ဂန္တဝင် ရောဘတ်ပီရက်စ်ရဲ့ စံချိန်တစ်ခုကို လိုက်မှီ ခဲ့ပါတယ်။ ဂါဘွန်တိုက်စစ်မှူးဟာ ၂၀၀၃-၂၀၀၄ နဲ့ ၂၀၀၄-၂၀၀၅ ရာသီ ပီရက်စ်နောက်ပိုင်း ၂နှစ်ဆက် ရာသီအဖွင့်ပွဲတွေမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဂန်းနားဖြစ်လာခဲ့တာပါ။

အာဆင်နယ်နဲ့ ပွဲဦးထွက်မှာ ၂ဂိုး ဖန်တီးပေးပြီး အထင်ကြီးစရာ လုပ်ပြခဲ့တဲ့ ဝီလီယံက ပွဲအပြီးမှာ “ကျွန်တော့် ပွဲဦးထွက် အတွက် အရမ်း ပျော်ပါတယ်၊ တစ်သင်းလုံး ကောင်းကောင်း လုပ်ခဲ့တာပဲ၊ ဒါပေမယ့် အစပဲ ရှိပါသေးတယ်၊ ဆက်ကြိုးစားကြစို့၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။” လို့ အင်စတာဂရမ်မှာ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်နီ အီဒူရတ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရပါတယ်။ ပေါင် ၂.၅ သန်း ထိ တန်ကြေးရှိမယ့် အပိုဆုကြေးနဲ့အတူ ပြောင်းရွှေ့ကြေး ပေါင် သန်း၂၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် တီရာနေးတုန်းကလိုပဲ လေးနှစ် အရစ်ကျပေးဖို့ အလိုရှိနေပါတယ်။

အာဆင်နယ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် အီမီလီယာနို မာတီနက်ဇ်ရဲ့ အစားထိုးအနေနဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာအတွက် ကမ်းလှမ်းမှု အသစ် လုပ်ဖို့ ပြင်ဆင်ထားပါတယ်။ စနေနေ့က ဘာမင်ဂမ်ကို ရှုံးခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ စပိန်သားအတွက် အာဆင်နယ်က ပေါင် ၁၀သန်း ပေးဖို့ စဉ်းစားထားနေပါတယ်။

အာဆင်နယ်ဟာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်အတွက် အက်စ်တွန်ဗီလာရဲ့ ပေါင် ၁၆သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ဂန်းနားတွေ ဟာ မနှစ်က ရာသီနှောင်းပိုင်းမှာ လက်စွမ်းပြခဲ့တဲ့ အာဂျင်တိုင်းသားအတွက် ပေါင်သန်း၂၀ အလိုရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဗီလာရဲ့ ကနဦး ပေါင် ၁၆သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

နာပိုလီက အလိုရှိနေတဲ့ အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်ဟာ သူကိုယ်တိုင်လဲ အသင်းပြောင်းရွှေ့ချင်တာကြောင့် အာဆင်နယ်နဲ့စာချုပ်ကို ဖျက်သိမ်းဖို့ အလိုရှိနေပေမယ့် အသင်းက ခွင့်မပြုပေးခဲ့ပါဘူး။ ဒါပေမယ့် ဂရိနောက်ခံလူဟာ လက်မလျှော့သေးပဲ ဂန်းနားတွေ သဘောတူညီမှု ရအောင် ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

အာဆင်နယ်ဂိုးသမား မတ်မာစီက ဒီနွေမှာ အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဆန္ဒရှိနေပါတယ်။ သူ့အနေနဲ့ ပုံမှန် ကစားခွင့်ရလိုတာကြောင့် ကလပ်ကလဲ သူ့ကို အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချပြီး အောင်မြင်မှုရှာဖွေခွင့်ပေးဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ပက်ဘလိုမာရီနဲ့ မက်ဂါးလက်စ် ရောက်ရှိလာတဲ့နောက် ရော့ဘ်ဟိုးဒင်းရဲ့ အာဆင်နယ် အနာဂတ်ဟာ မရေရာမှုတွေရှိခဲ့ပေမယ့် သူဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်လာခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် ဒီနွေမှာ ဘယ်ကိုမှ သွားမှမဟုတ်ပဲ အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

Zawgyi – အူဘာမီးယန္းဟာ ဖူလ္ဟမ္ကို ၃-၀နဲ႔ နိုင္ခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ အာဆင္နယ္ဂႏၲဝင္ ေရာဘတ္ပီရက္စ္ရဲ႕ စံခ်ိန္တစ္ခုကို လိုက္မီွ ခဲ့ပါတယ္။ ဂါဘြန္တိုက္စစ္မႉးဟာ ၂၀၀၃-၂၀၀၄ နဲ႔ ၂၀၀၄-၂၀၀၅ ရာသီ ပီရက္စ္ေနာက္ပိုင္း ၂ႏွစ္ဆက္ ရာသီအဖြင့္ပြဲေတြမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံးဂန္းနားျဖစ္လာခဲ့တာပါ။

အာဆင္နယ္နဲ႔ ပြဲဦးထြက္မွာ ၂ဂိုး ဖန္တီးေပးၿပီး အထင္ႀကီးစရာ လုပ္ျပခဲ့တဲ့ ဝီလီယံက ပြဲအၿပီးမွာ “ကြၽန္ေတာ့္ ပြဲဦးထြက္ အတြက္ အရမ္း ေပ်ာ္ပါတယ္၊ တစ္သင္းလုံး ေကာင္းေကာင္း လုပ္ခဲ့တာပဲ၊ ဒါေပမယ့္ အစပဲ ရွိပါေသးတယ္၊ ဆက္ႀကိဳးစားၾကစို႔၊ အားေပးတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။” လို႔ အင္စတာဂရမ္မွာ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္နီ အီဒူရတ္အတြက္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေပါင္ ၂.၅ သန္း ထိ တန္ေၾကးရွိမယ့္ အပိုဆုေၾကးနဲ႔အတူ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း၂၀နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ တီရာေနးတုန္းကလိုပဲ ေလးႏွစ္ အရစ္က်ေပးဖို႔ အလိုရွိေနပါတယ္။

အာဆင္နယ္ဟာ အသင္းကေန ထြက္ခြာေတာ့မယ့္ အီမီလီယာႏို မာတီနက္ဇ္ရဲ႕ အစားထိုးအေနနဲ႔ ဘရန္႔ဖို႔ဒ္ဂိုးသမား ရာယာအတြက္ ကမ္းလွမ္းမႈ အသစ္ လုပ္ဖို႔ ျပင္ဆင္ထားပါတယ္။ စေနေန႔က ဘာမင္ဂမ္ကို ရႈံးခဲ့တဲ့ပြဲမွာ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ စပိန္သားအတြက္ အာဆင္နယ္က ေပါင္ ၁၀သန္း ေပးဖို႔ စဥ္းစားထားေနပါတယ္။

အာဆင္နယ္ဟာ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္အတြက္ အက္စ္တြန္ဗီလာရဲ႕ ေပါင္ ၁၆သန္းနဲ႔ ကမ္းလွမ္းမႈကို လက္ခံခဲ့ပါတယ္။ ဂန္းနားေတြ ဟာ မႏွစ္က ရာသီေႏွာင္းပိုင္းမွာ လက္စြမ္းျပခဲ့တဲ့ အာဂ်င္တိုင္းသားအတြက္ ေပါင္သန္း၂၀ အလိုရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဗီလာရဲ႕ ကနဦး ေပါင္ ၁၆သန္းနဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တာ ျဖစ္ပါတယ္။

နာပိုလီက အလိုရွိေနတဲ့ အာဆင္နယ္ ခံစစ္မွဴး ဆိုကေရးတစ္ဟာ သူကိုယ္တိုင္လဲ အသင္းေျပာင္းေ႐ႊ႕ခ်င္တာေၾကာင့္ အာဆင္နယ္နဲ႔စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ အလိုရွိေနေပမယ့္ အသင္းက ခြင့္မျပဳေပးခဲ့ပါဘူး။ ဒါေပမယ့္ ဂရိေနာက္ခံလူဟာ လက္မေလွ်ာ့ေသးပဲ ဂန္းနားေတြ သေဘာတူညီမႈ ရေအာင္ ဆြဲေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနဆဲပါ။

အာဆင္နယ္ဂိုးသမား မတ္မာစီက ဒီေႏြမွာ အမ္းမရိတ္စ္ကို စြန္႔ခြာဖို႔ ဆႏၵရွိေနပါတယ္။ သူ႔အေနနဲ႔ ပုံမွန္ ကစားခြင့္ရလိုတာေၾကာင့္ ကလပ္ကလဲ သူ႔ကို အငွား ဒါမွမဟုတ္ အၿပီးသတ္ေရာင္းခ်ၿပီး ေအာင္ျမင္မႈရွာေဖြခြင့္ေပးဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ပက္ဘလိုမာရီနဲ႔ မက္ဂါးလက္စ္ ေရာက္ရွိလာတဲ့ေနာက္ ေရာ့ဘ္ဟိုးဒင္းရဲ႕ အာဆင္နယ္ အနာဂတ္ဟာ မေရရာမႈေတြရွိခဲ့ေပမယ့္ သူဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထြက္ပါဝင္လာခဲ့ၿပီး ေျခစြမ္းျပခဲ့တာေၾကာင့္ ဒီေႏြမွာ ဘယ္ကိုမွ သြားမွမဟုတ္ပဲ အသင္းမွာ ဆက္ရွိေနမွာျဖစ္ေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။