ဇီယက်၊ ဗာနာ၊ ဟာဗက်ဇ် တို့ မဟုတ်တဲ့ ချယ်ဆီးရဲ့ အစွမ်းထက် အသင်းသား

ပရီးမီးယားလိဂ် ဘောလုံးရာသီကတော့ စတင်နေပြီ ဖြစ်ပြီး ချယ်ဆီးက ပွဲစဉ် ၁ မကစားရသေးပါဘူး။ ကစားသမားကောင်းတွေ အများအပြား ခေါ်ယူထားတဲ့ ဖရန့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းကတော့ ရာသီသစ်မှာ ဘယ်လို ခင်းကျင်းလာမလဲက စိတ်ဝင်စားစရာပါ။

ဒီနွေ ကစားသမားသစ် ခေါ်ယူမှုတွေထဲ က ကစားသမား ၆ ဦးဟာ ချယ်ဆီး စီနီယာအသင်းကြီးနဲ့ ပူးပေါင်းမှာ ဖြစ်ပြီး လမ်းပတ် အားကိုးရသူတွေ ဖြစ်လာနိုင်ပါတယ်။ ပွဲဦးထွက် ဘရိုက်တန်နဲ့ ပွဲမှာတော့ ကစားသမားသစ်တွေထဲက ဇီယက်နဲ့ ချေးဝဲလ်တို့ ဒဏ်ရာ ကိုယ်စီကြောင့် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် သီယေဂို ဆေးလ်ဗားကလည်း ကြံ့ခိုင်မှု အပြည့်အ၀ မရှိသေးတာကြောင့် ချန်လှပ်ခံရဖွယ်ရှိပြီး ထူးထူးခြားခြား သတင်းကောင်း အနေနဲ့ ပူလီဆစ်ကတော့ ကြံ့ခိုင်မှု အပြည့် ပြန်ရနေပြီး ပါဝင် ကစားနိုင်ဖို့ ရှိပါတယ်။

အမေရိကန် ကြယ်ပွင့် ကစားသမားဟာ ချယ်ဆီးရဲ့ သြဂုတ်လထဲက အက်ဖ်အေဖလား ဖိုင်နယ်မှာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတလော သီတင်းပတ်တွေ အတွင်း နာမည်ကြီး ကစားသမားတွေ အသင်း ရောက်လာပေမယ့် ပူလီဆစ် ပြန်ကောင်းလာတာက ထို သတင်းတွေထက် ပိုကောင်းမွန်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနကတော့ သုံးသပ် ထားပါတယ်။

ပူလီဆစ်ကို ချယ်ဆီးက ဟာဇက် ထွက်ခွာသွားပြီး အစားထိုး ဖို့ ရည်ရွယ် ခေါ်ယူခဲ့တာ ဖြစ်ပြီး အမေရိကန်သားဟာ ဘယ်လ်ဂျီယံ ကစားသမား ထားခဲ့တဲ့ ကွက်လပ်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ပြီး အားထားရသူ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၎င်းရဲ့ ပွဲဦးထွက် ရာသီက စွမ်းဆောင်ရည် အချက်အလက်ကို ကြည့်ရင် ပူလီဆစ်က အဓိက အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ကစားသမားသစ်တွေ ဖြစ်တဲ့ ဇီယက်၊ ဝါနာနဲ့ ဟာဗက်ဇ်တို့ထက် အားကိုးရဦးမယ့် သူလို့ သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပူလီဆစ်က ၁၇၂၂ မိနစ် ကစားပြီး ၉ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။ ထို အချက်အလက်ထက် ပိုသိသာစေတာကတော့ မိနစ် ၉၀ တိုင်းမှာ ဝ.၆၈ ဂိုးထိ ပူလီဆစ်က ပါဝင် ပတ်သတ်နေခဲ့ပါတယ်။ တစ်ရာသီစာ ပရီးမီးယားလိဂ် အတွေ့အကြုံလဲ ရခဲ့ပြီ ဖြစ်တဲ့ အမေရိကန်သားဟာ လာမယ့်ရာသီမှာ ပိုပြီး အစွမ်းပြနိုင်မယ်လို့ လန်ဒန် ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ေဘာလံုးရာသီကေတာ့ စတင္ေနျပီ ျဖစ္ျပီး ခ်ယ္ဆီးက ပြဲစဥ္ ၁ မကစားရေသးပါဘူး။ ကစားသမားေကာင္းေတြ အမ်ားအျပား ေခၚယူထားတဲ့ ဖရန္႕ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းကေတာ့ ရာသီသစ္မွာ ဘယ္လို ခင္းက်င္းလာမလဲက စိတ္၀င္စားစရာပါ။

ဒီေႏြ ကစားသမားသစ္ ေခၚယူမႈေတြထဲ က ကစားသမား ၆ ဦးဟာ ခ်ယ္ဆီး စီနီယာအသင္းၾကီးနဲ႕ ပူးေပါင္းမွာ ျဖစ္ျပီး လမ္းပတ္ အားကိုးရသူေတြ ျဖစ္လာနုိင္ပါတယ္။ ပြဲဦးထြက္ ဘရိုက္တန္နဲ႕ ပြဲမွာေတာ့ ကစားသမားသစ္ေတြထဲက ဇီယက္နဲ႕ ေခ်း၀ဲလ္တို႔ ဒဏ္ရာ ကိုယ္စီေၾကာင့္ ပါ၀င္နုိင္ဦးမွာ မဟုတ္ပါဘူး။

ဒါ့အျပင္ သီေယဂို ေဆးလ္ဗားကလည္း ၾကံ႕ခိုင္မႈ အျပည့္အ၀ မရွိေသးတာေၾကာင့္ ခ်န္လွပ္ခံရဖြယ္ရွိျပီး ထူးထူးျခားျခား သတင္းေကာင္း အေနနဲ႕ ပူလီဆစ္ကေတာ့ ၾကံ႕ခိုင္မႈ အျပည့္ ျပန္ရေနျပီး ပါ၀င္ ကစားနုိင္ဖို႔ ရွိပါတယ္။

အေမရိကန္ ၾကယ္ပြင့္ ကစားသမားဟာ ခ်ယ္ဆီးရဲ႕ ၾသဂုတ္လထဲက အက္ဖ္ေအဖလား ဖိုင္နယ္မွာ တံေကာက္ေၾကာ ဒဏ္ရာ ရသြားခဲ့တာ ျဖစ္ပါတယ္။ ဒီတေလာ သီတင္းပတ္ေတြ အတြင္း နာမည္ၾကီး ကစားသမားေတြ အသင္း ေရာက္လာေပမယ့္ ပူလီဆစ္ ျပန္ေကာင္းလာတာက ထို သတင္းေတြထက္ ပိုေကာင္းမြန္တယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနကေတာ့ သံုးသပ္ ထားပါတယ္။

ပူလီဆစ္ကို ခ်ယ္ဆီးက ဟာဇက္ ထြက္ခြာသြားျပီး အစားထိုး ဖို႔ ရည္ရြယ္ ေခၚယူခဲ့တာ ျဖစ္ျပီး အေမရိကန္သားဟာ ဘယ္လ္ဂ်ီယံ ကစားသမား ထားခဲ့တဲ့ ကြက္လပ္ကို အတတ္နုိင္ဆံုး ျဖည့္ဆည္းေပးခဲ့ျပီး အားထားရသူ ျဖစ္လာပါတယ္။

ျပီးခဲ့တဲ့ ၄င္းရဲ႕ ပြဲဦးထြက္ ရာသီက စြမ္းေဆာင္ရည္ အခ်က္အလက္ကို ၾကည့္ရင္ ပူလီဆစ္က အဓိက အားထားရတဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး ကစားသမားသစ္ေတြ ျဖစ္တဲ့ ဇီယက္၊ ၀ါနာနဲ႕ ဟာဗက္ဇ္တို႔ထက္ အားကိုးရဦးမယ့္ သူလို႔ သံုးသပ္ေနၾကပါတယ္။

ျပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ပူလီဆစ္က ၁၇၂၂ မိနစ္ ကစားျပီး ၉ ဂိုးသြင္းကာ ၄ ဂိုး ဖန္တီးေထာက္ပံ့မႈ ျပဳလုပ္ခဲ့ပါတယ္။ ထို အခ်က္အလက္ထက္ ပိုသိသာေစတာကေတာ့ မိနစ္ ၉၀ တိုင္းမွာ ၀.၆၈ ဂိုးထိ ပူလီဆစ္က ပါ၀င္ ပတ္သတ္ေနခဲ့ပါတယ္။ တစ္ရာသီစာ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳလဲ ရခဲ့ျပီ ျဖစ္တဲ့ အေမရိကန္သားဟာ လာမယ့္ရာသီမွာ ပိုျပီး အစြမ္းျပနိုင္မယ္လို႔ လန္ဒန္ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။