ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (13/09/20)

ပီအက်စ်ဂျီ ကြယ်ပွင့် အမ် ဘတ်ပီက နောက်နှစ်နွေမှာ အသင်းပြောင်းရွှေ့မယ်လို့ ပြင်သစ်ကလပ်ထံ အကြောင်းကြားထားပြီး ဖြစ်ကာ ၎င်း ပြောင်းရွှေ့ကစားလိုတဲ့ အသင်း ငါးသင်းထဲ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

စပိန်က သတင်းများအရ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူမယ် ဆိုရင် ယူရို သန်း ၂၀ လောက်ပဲ ကျသင့်မှာ ဖြစ်တာကြောင့် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို လက်လျှော့ပြီး ဘေးလ် ဘက် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဒီတလောမှာ သတင်းဆိုးတွေနဲ့ ဝေဖန်မှုတွေ ခံယူနေရပေမယ့် ယူနိုက်တက် တိုက်စစ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ဟာ ကစားတဲ့ ပွဲတိုင်းတောင် ဂိုးသွင်းနိုင်တဲ့ စွမ်းရည်မျိုး ရှိနေပြီလို့ ရိုင်ယန်ဂစ်က ထောက်ခံချီးကျူးလိုက်ပါတယ်။

လုခ်ရှောကတော့ ခြေစမ်းပွဲ ဖြစ်ပေမယ့် ဗီလာနဲ့ ပွဲမှာ ရတဲ့ အရှုံးရလဒ်ကို စိတ်ပျက်မိကြောင်း ဝန်ခံလိုက်ပြီး အသင်းဟာ ရာသီကြိုကာလ ပြင်ဆင်မှု အခြေမကျသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဗီလာနဲ့ ပွဲက ဗန်ဒီဘိခ်နဲ့ ဒင်း ဟန်ဒါဆန်တို့ရဲ့ စွမ်းဆောင်ရည်ကို အားရကျေနပ်နေပြီး ချီးကျူး စကားလည်း ဆိုခဲ့ပါတယ်။

ဆိုးရှားက ဒင်း ဟန်ဒါဆန်ဟာ ပွဲထွက် ဂိုးသမား နေရာကို ခြိမ်းခြောက်လာမှာ ဖြစ်ကြောင်း အသင်း ဦးစားပေး ဂိုးသမား ဒီဂီယာ အားလည်း ထုတ်ဖော် သတိပေးခဲ့ပါတယ်။

ဘိုင်ယန် ဥက္ကဌဟောင်း အူလီဟိုးနက်စ်က အသင်း ကစားသမား သီယေဂို အယ်ကန်တာရာက ဘိုင်ယန်မြူးနစ်နဲ့ သက်တမ်းတိုးဖို့ သဘောတူချက် ပေးပြီးကာမှ လေသံပြောင်းသွားခြင်းဟာ ယူနိုက်တက်၊ လီဗာပူးတို့လို အသင်းတွေနဲ့ ကြိတ်ဆွေးနွေးပြီး အသင်းကို ခြေကန်တဲ့ လုပ်ရပ်မျိုး ဖြစ်ကြောင်း ထုတ်ဖော် ဝေဖန်လိုက်ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ ဘတ္ပီက ေနာက္နွစ္ေႏြမွာ အသင္းေျပာင္းေရႊ႕မယ္လို႔ ျပင္သစ္ကလပ္ထံ အေၾကာင္းၾကားထားျပီး ျဖစ္ကာ ၄င္း ေျပာင္းေရႊ႕ကစားလိုတဲ့ အသင္း ငါးသင္းထဲ ယူနိုက္တက္လည္း ပါ၀င္ေနပါတယ္။

စပိန္က သတင္းမ်ားအရ ယူနိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ကစားသမား ဂါရတ္ေဘးလ္ကို ေခၚယူမယ္ ဆိုရင္ ယူရို သန္း ၂၀ ေလာက္ပဲ က်သင့္မွာ ျဖစ္တာေၾကာင့္ စိတ္၀င္စားေနေၾကာင္း သိရပါတယ္။ ယူနိုက္တက္ဟာ ဆန္ခ်ိဳကို လက္ေလွ်ာ့ျပီး ေဘးလ္ ဘက္ ပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။

ဒီတေလာမွာ သတင္းဆိုးေတြနဲ႕ ေ၀ဖန္မႈေတြ ခံယူေနရေပမယ့္ ယူနိုက္တက္ တိုက္စစ္ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္ဟာ ကစားတဲ့ ပြဲတိုင္းေတာင္ ဂိုးသြင္းနုိင္တဲ့ စြမး္ရည္မ်ိဳး ရွိေနျပီလို႔ ရိုင္ယန္ဂစ္က ေထာက္ခံခ်ီးက်ဴးလိုက္ပါတယ္။

လုခ္ေရွာကေတာ့ ေျခစမ္းပြဲ ျဖစ္ေပမယ့္ ဗီလာနဲ႕ ပြဲမွာ ရတဲ့ အရွံဳးရလဒ္ကို စိတ္ပ်က္မိေၾကာင္း ၀န္ခံလိုက္ျပီး အသင္းဟာ ရာသီၾကိဳကာလ ျပင္ဆင္မႈ အေျခမက်ေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဗီလာနဲ႕ ပြဲက ဗန္ဒီဘိခ္နဲ႕ ဒင္း ဟန္ဒါဆန္တို႕ရဲ႕ စြမ္းေဆာင္ရည္ကို အားရေက်နပ္ေနျပီး ခ်ီးက်ဴး စကားလည္း ဆိုခဲ့ပါတယ္။

ဆိုးရွားက ဒင္း ဟန္ဒါဆန္ဟာ ပြဲထြက္ ဂိုးသမား ေနရာကို ျခိမ္းေျခာက္လာမွာ ျဖစ္ေၾကာင္း အသင္း ဦးစားေပး ဂိုးသမား ဒီဂီယာ အားလည္း ထုတ္ေဖာ္ သတိေပးခဲ့ပါတယ္။

ဘိုင္ယန္ ဥကၠဌေဟာင္း အူလီဟိုးနက္စ္က အသင္း ကစားသမား သီေယဂို အယ္ကန္တာရာက ဘိုင္ယန္ျမဴးနစ္နဲ႕ သက္တမ္းတိုးဖို႔ သေဘာတူခ်က္ ေပးျပီးကာမွ ေလသံေျပာင္းသြားျခင္းဟာ ယူနုိက္တက္၊ လီဗာပူးတို႔လို အသင္းေတြနဲ႕ ၾကိတ္ေဆြးေႏြးျပီး အသင္းကို ေျခကန္တဲ့ လုပ္ရပ္မ်ိဳး ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေ၀ဖန္လိုက္ပါတယ္။