ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (14/09/20)

ချယ်ဆီး အသင်း ဟာ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ဘာကာယိုကို၊ ဂျော်ဂျင်ဟို၊ ဒရင့်ဝါးတားနဲ့ ခရစ္စတန်ဆန် တို့ကို ရောင်းချပြီး အသုံးစရိတ်ရှာဖွေဖို့ အလိုရှိနေပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၁သိန်း ပေးရတဲ့ ဒရင့်ဝါးတားကိုရောင်းချဖို့က အခက်ခဲဆုံး ဖြစ်နေပါတယ်။

ချယ်ဆီး ရဲ့ အပြောင်းအရွှေ့ကာလ အသုံးစရိတ်များပြားမှုအပေါ် ယာဂန်ကလော့ပ်ရဲ့ ဝေဖန်မှုကို ဖရန့် လမ်းပတ်က ရယ်ရုံသာ တုံ့ပြန်ခဲ့ပြီး လီဗာပူးအနေနဲ့လဲ ဈေးကြီးတဲ့ ခေါ်ယူမှုတွေသာ မလုပ်ခဲ့ရင် မနှစ်က ပရီးမီးယားလိဂ်ဖလားကို ရခဲ့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကစားသမားသစ် သီယာဂိုဆေးဗားဟာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖိုင်နယ် ရောက်အောင် ဦးဆောင်ပေးခဲ့ပေမယ့် အသက် ၃၅နှစ် ကျော်ပြီ ဖြစ်တာကြောင့် ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်တယ်လို့ ဂျေမီကာရေဂါက ပြောဆိုခဲ့ပါတယ်။

ကီပါဟာ ပြီးခဲ့တဲ့ ရာသီမှာ ၂ကြိမ်တိုင် အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် လမ်းပတ်အပေါ် လေးစားမှုရှိနေဆဲဖြစ်တယ်လို့ ဆိုပြီး ဂိုးသမား အသစ် ရောက်လာရင်လဲ နေရာရဖို့ပြိုင်ဆိုင်မှုက သူ့ကို အကောင်းဆုံးပုံစံပြန်ရအောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။

လိဒ်ယူနိုက်တက်ဟာ ချယ်ဆီး လူငယ်ကစားသမား ကော်နာဂယ်လာဂါကို အပြီးသတ် ဝယ်ယူဖို့ စိတ်ဝင်စားနေပေမေယ့် ချယ်ဆီး က သူ့ကို စာချုပ်သစ် ချုပ်ဆိုပြီး အယ်လန်းရုဒ်ထံ အငှားချထားဖို့သာ အလိုရှိနေတာဖြစ်ပါတယ်။

ရန်းနက်စ်ဂိုးသမား အီဒူရတ်မန်ဒီဟာ ချယ်ဆီး ထံ ပြောင်းရွှေ့လာဖို့ ဆေးစစ်မှုပြီးမြောက်ခဲ့ပြီဖြစ်ပြီး အသက်၂၈နှစ်အရွယ် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပွဲထွက်နေရာအတွက် ကီပါနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့် ရီစီဂျိမ်းစ်ရဲ့ ခြေစွမ်းတောက်ပလာမှုနဲ့အတူ ချယ်ဆီးဟာ ဒီနွေမှာ အင်္ဂလန်နောက်ခံလူ ဘင်ချီဝဲကို ထပ်မံခေါ်ယူခဲ့ပေမယ့်လဲ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ကလပ်အတွက် ပေးဆပ်စရာ အများကြီးရှိနေဆဲဖြစ်တယ်လို့ တောင်ပံကစားသမားဟောင်း ပတ်နီဗင်က ယုံကြည်နေပါတယ်။

ကန်တေဟာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းခံနေရတာနဲ့ အတူ ဒီနွေမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် အရေးပါတဲ့ ကွင်းလယ်လူကို ဆုံးရှုံးရတာက ချယ်ဆီး ကို ထိခိုက်စေလိမ့်မယ်လို့ဂိုးသမားဟောင်း မာ့ခ် ရှာဝါဇာက သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္း ဟာ ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္႐ိုက္စ္ကို ေခၚယူႏိုင္ေရးအတြက္ ဘာကာယိုကို၊ ေဂ်ာ္ဂ်င္ဟို၊ ဒရင့္ဝါးတားနဲ႔ ခရစၥတန္ဆန္ တို႔ကို ေရာင္းခ်ၿပီး အသုံးစရိတ္ရွာေဖြဖို႔ အလိုရွိေနေပမယ့္ တစ္ပတ္လုပ္ခ ေပါင္ ၁သိန္း ေပးရတဲ့ ဒရင့္ဝါးတားကိုေရာင္းခ်ဖို႔က အခက္ခဲဆုံး ျဖစ္ေနပါတယ္။

ခ်ယ္ဆီး ရဲ႕ အေျပာင္းအေ႐ႊ႕ကာလ အသုံးစရိတ္မ်ားျပားမႈအေပၚ ယာဂန္ကေလာ့ပ္ရဲ႕ ေဝဖန္မႈကို ဖရန္႔ လမ္းပတ္က ရယ္႐ုံသာ တုံ႔ျပန္ခဲ့ၿပီး လီဗာပူးအေနနဲ႔လဲ ေဈးႀကီးတဲ့ ေခၚယူမႈေတြသာ မလုပ္ခဲ့ရင္ မႏွစ္က ပရီးမီးယားလိဂ္ဖလားကို ရခဲ့မွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးကစားသမားသစ္ သီယာဂိုေဆးဗားဟာ ပီအက္စ္ဂ်ီကို ခ်န္ပီယံလိဂ္ဖိုင္နယ္ ေရာက္ေအာင္ ဦးေဆာင္ေပးခဲ့ေပမယ့္ အသက္ ၃၅ႏွစ္ ေက်ာ္ၿပီ ျဖစ္တာေၾကာင့္ ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ရႏိုင္တယ္လို႔ ေဂ်မီကာေရဂါက ေျပာဆိုခဲ့ပါတယ္။

ကီပါဟာ ၿပီးခဲ့တဲ့ ရာသီမွာ ၂ႀကိမ္တိုင္ အသင္း လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေပမယ့္ လမ္းပတ္အေပၚ ေလးစားမႈရွိေနဆဲျဖစ္တယ္လို႔ ဆိုၿပီး ဂိုးသမား အသစ္ ေရာက္လာရင္လဲ ေနရာရဖို႔ၿပိဳင္ဆိုင္မႈက သူ႔ကို အေကာင္းဆုံးပုံစံျပန္ရေအာင္ ကူညီေပးႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

လိဒ္ယူႏိုက္တက္ဟာ ခ်ယ္ဆီး လူငယ္ကစားသမား ေကာ္နာဂယ္လာဂါကို အၿပီးသတ္ ဝယ္ယူဖို႔ စိတ္ဝင္စားေနေပေမယ့္ ခ်ယ္ဆီး က သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး အယ္လန္း႐ုဒ္ထံ အငွားခ်ထားဖို႔သာ အလိုရွိေနတာျဖစ္ပါတယ္။

ရန္းနက္စ္ဂိုးသမား အီဒူရတ္မန္ဒီဟာ ခ်ယ္ဆီး ထံ ေျပာင္းေ႐ႊ႕လာဖို႔ ေဆးစစ္မႈၿပီးေျမာက္ခဲ့ၿပီျဖစ္ၿပီး အသက္၂၈ႏွစ္အ႐ြယ္ ကစားသမားဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ပြဲထြက္ေနရာအတြက္ ကီပါနဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ ရီစီဂ်ိမ္းစ္ရဲ႕ ေျခစြမ္းေတာက္ပလာမႈနဲ႔အတူ ခ်ယ္ဆီးဟာ ဒီေႏြမွာ အဂၤလန္ေနာက္ခံလူ ဘင္ခ်ီဝဲကို ထပ္မံေခၚယူခဲ့ေပမယ့္လဲ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက ကလပ္အတြက္ ေပးဆပ္စရာ အမ်ားႀကီးရွိေနဆဲျဖစ္တယ္လို႔ ေတာင္ပံကစားသမားေဟာင္း ပတ္နီဗင္က ယုံၾကည္ေနပါတယ္။

ကန္ေတဟာ ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားျခင္းခံေနရတာနဲ႔ အတူ ဒီေႏြမွာ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ အေရးပါတဲ့ ကြင္းလယ္လူကို ဆုံးရႈံးရတာက ခ်ယ္ဆီး ကို ထိခိုက္ေစလိမ့္မယ္လို႔ဂိုးသမားေဟာင္း မာ့ခ္ ရွာဝါဇာက သတိေပးေျပာဆိုခဲ့ပါတယ္။