အရင်ကထက် အသုံးစရိတ်ကျလာတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ နွေ အသုံးစရိတ်များ ထွက်ပေါ်လာ

လက်ရှိ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ နွေဈေးကွက်က ပြီးဆုံးခဲ့ပြီဖြစ်ကာ ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်က ပေါင် ၂.၁ ဘီလျံထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ အသုံးစရိတ် ကျဆင်းသွားခဲ့ပြီး မန်စီးတီး၊ လီဗာပူးလို ထိပ်သီး အသင်းတွေဟာ အတော်လေး သတိထား ငွေသုံးစွဲလာတာကလည်း အခုလို ကျဆင်းစေခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အသုံးစရိတ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေရဲ့ အသုံးစရိတ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီး

  • ကစားသမား ရောင်းချမှု – ပေါင် ၁၄၆.၉ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၃၃.၆ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၁၁၃.၃ သန်း အကျိုးအမြတ်ရ

အာဆင်နယ်

  • ကစားသမား ရောင်းချမှု – ပေါင် ၉၇.၅ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၁၀၁.၅ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၄ သန်း

လီဗာပူး

  • ကစားသမား ရောင်းချမှု – ပေါင် ၆၂.၅ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၄၁.၅ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၂၁ သန်း အကျိုးအမြတ်ရ

စပါး

  • ကစားသမား ရောင်းချမှု – ပေါင် ၆၂.၉ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၁၃၃.၅ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၇၀.၆ သန်း

ချယ်ဆီး

  • ကစားသမား ရောင်းချမှု – ပေါင် ၁၅၃.၃ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၂၁၉.၆ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၆၆.၃ သန်း

ယူနိုက်တက်

  • ကစားသမား ရောင်းချမှု – ပေါင် ၉၄.၇ သန်း
  • ကစားသမား ပြန်ခေါ်မှု – ပေါင် ၂၀၅.၉ သန်း
  • အသာတင် သုံးစွဲမှု – ပေါင် ၁၁၂.၂ သန်း