ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/09/20)

ယူနိုက်တက်က ချိတ်ဆက်နေတဲ့ တောင်ပံ ကစားသမားတွေထဲမှာ ဆန်ချို၊ ဂါရတ်ဘေး၊ ဒေါက်ဂလပ် ကော်စတာတို့အပြင် အိုင်ဗန် ပါရီဆစ်လဲ ပါဝင်လာပါတယ်။ ဆန်ချိုနဲ့ သဘောတူညီမှုရဖို့ ရုန်းကန်ခဲ့ရတဲ့နောက် ယူနိုက်တက်ဟာ ခရိုအေးရှားသားကို အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယိုဂိုဒါးလော့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၎င်းရဲ့ အခြေအနေကို စိတ်ပျက်နေတာကြောင့် အသင်းကနေ ထွက်ခွာ လိုနေပြီး နောက်ထပ် ခံစစ်ကစားသမားတွေ ခေါ်ယူလိုနေတဲ့ ယူနိုက်တက်က သူ့အတွက် ပေါင်သန်း၂၀ ရလိုနေတာဖြစ်ပါတယ်။

ရီဂွယ်လွန်ဟာ ယူနိုက်တက်ထံ ပြောင်းဖို့ထက် ဆီးဗီးလားထံ အငှားပြန်သွားဖို့ပဲ အလိုရှိနေတာကြောင့် ဆိုးလ်ရှားရဲ့အသင်းဟာ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ကြိုးစားနေပါတယ်။ ပေါ်တိုက သူ့အတွက် ယူရို သန်း၃၀ တောင်းဆိုခဲ့ပေမယ့် အခုချိန်မှာ သန်း၂၀လောက်ကိုပဲ ကျေကျေနပ်နပ် လက်ခံဖို့ရှိနေတာပါ။

ယူနိုက်တက်ဟာ မက်ဂွဲရားရဲ့ တွဲဖက်အဖြစ် ဗဟိုခံစစ်တစ်ယောက် ထပ်ခေါ်ယူလိုနေပြီး မိုနာကို နောက်ခံလူ ဘာဒီယာရှီလ်က ဆိုးလ်ရှားရဲ့ ထိပ်သီး ပစ်မှတ်ဖြစ်နေကြောင့် သူ့အတွက် ပေါင်၂၃သန်း ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီး ဒါထက်တော့ ပိုပေးမှာမဟုတ်ဘူးလို့သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းထဲ ဝင်အောင် ကြိုးစားရမယ့်အစား ဆုဖလားအောင်မြင်ဖို့ကို အဓိက ဦးစားပေးရမှာဖြစ်တယ်လို့ နောက်ခံလူ လုခ်ရှောက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ရိုင်ယန်ဂစ်က မေဆန်ဂရင်းဝုဒ်ဟာ သူ့ရဲ့ ကျောနံပါတ်ဟောင်းကို ဝတ်ဆင်ရတဲ့အတွက် ဖိအား ခံစားရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး ဆယ်ကျော်သက် ကစားသမားဟာ ရာသီသစ်မှာ ပွဲတိုင်း၂ဂိုးသွင်းလိမ့်မယ်လို့ ထောက်ခံ ချီးကျူးပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္က ခ်ိတ္ဆက္ေနတဲ့ ေတာင္ပံ ကစားသမားေတြထဲမွာ ဆန္ခ်ိဳ၊ ဂါရတ္ေဘး၊ ေဒါက္ဂလပ္ ေကာ္စတာတို႔အျပင္ အိုင္ဗန္ ပါရီဆစ္လဲ ပါဝင္လာပါတယ္။ ဆန္ခ်ိဳနဲ႔ သေဘာတူညီမႈရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ ယူႏိုက္တက္ဟာ ခ႐ိုေအးရွားသားကို အိုးလ္ထရက္ဖို႔ဒ္ထံ ေခၚေဆာင္ႏိုင္လိမ့္မယ္ လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူ ဒီယိုဂိုဒါးေလာ့ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၎ရဲ႕ အေျခအေနကို စိတ္ပ်က္ေနတာေၾကာင့္ အသင္းကေန ထြက္ခြာ လိုေနၿပီး ေနာက္ထပ္ ခံစစ္ကစားသမားေတြ ေခၚယူလိုေနတဲ့ ယူႏိုက္တက္က သူ႔အတြက္ ေပါင္သန္း၂၀ ရလိုေနတာျဖစ္ပါတယ္။

ရီဂြယ္လြန္ဟာ ယူႏိုက္တက္ထံ ေျပာင္းဖို႔ထက္ ဆီးဗီးလားထံ အငွားျပန္သြားဖို႔ပဲ အလိုရွိေနတာေၾကာင့္ ဆိုးလ္ရွားရဲ႕အသင္းဟာ အဲလက္စ္ တဲလက္စ္ကို ေခၚယူဖို႔ႀကိဳးစားေနပါတယ္။ ေပၚတိုက သူ႔အတြက္ ယူ႐ို သန္း၃၀ ေတာင္းဆိုခဲ့ေပမယ့္ အခုခ်ိန္မွာ သန္း၂၀ေလာက္ကိုပဲ ေက်ေက်နပ္နပ္ လက္ခံဖို႔ရွိေနတာပါ။

ယူႏိုက္တက္ဟာ မက္ဂြဲရားရဲ႕ တြဲဖက္အျဖစ္ ဗဟိုခံစစ္တစ္ေယာက္ ထပ္ေခၚယူလိုေနၿပီး မိုနာကို ေနာက္ခံလူ ဘာဒီယာရွီလ္က ဆိုးလ္ရွားရဲ႕ ထိပ္သီး ပစ္မွတ္ျဖစ္ေနေၾကာင့္ သူ႔အတြက္ ေပါင္၂၃သန္း ေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဒါထက္ေတာ့ ပိုေပးမွာမဟုတ္ဘူးလို႔သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ ထိပ္ဆုံးေလးသင္းထဲ ဝင္ေအာင္ ႀကိဳးစားရမယ့္အစား ဆုဖလားေအာင္ျမင္ဖို႔ကို အဓိက ဦးစားေပးရမွာျဖစ္တယ္လို႔ ေနာက္ခံလူ လုခ္ေရွာက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ဂႏၲဝင္ ႐ိုင္ယန္ဂစ္က ေမဆန္ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ ေက်ာနံပါတ္ေဟာင္းကို ဝတ္ဆင္ရတဲ့အတြက္ ဖိအား ခံစားရမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနၿပီး ဆယ္ေက်ာ္သက္ ကစားသမားဟာ ရာသီသစ္မွာ ပြဲတိုင္း၂ဂိုးသြင္းလိမ့္မယ္လို႔ ေထာက္ခံ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။