ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/09/20)

မန်ချက်စတာ အခြေစိုက်သတင်းဌာန MEN အဆိုအရတော့ ယူနိုက်တက်ဟာ ဘိုင်ယန်ကွင်းလယ်သမား သီယေဂို အယ်ကန်တာရာကို ကမ်းလှမ်းဖို့ အစီအစဉ် မရှိဘူး သိရပါတယ်။

ယူနိုက်တက်ဟာ ဂါရတ်ဘေးကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း၂၀လောက်ပဲ ကုန်ကျမှာဖြစ်ပေမယ့် ၎င်းရဲ့ မြင့်မားတဲ့လစာက အခက်အခဲ ဖြစ်နေပါတယ်။ သူ့လုပ်ခက တစ်နှစ်ကို ယူရို၁၅သန်း ရှိပေမယ့် မက်ဒရစ်က တစ်နှစ်စာကို ပေးချေမှာဖြစ်လို့ ၃နှစ်စာ အတွက် ကုန်ကျမယ့် လစာငွေ ၃၅သန်းဟာ ယူနိုက်တက် အတွက် မများဘူးလို့ ဆိုရမှာပါ။

ဂါရတ်ဘေးနဲ့ အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်နဲ့ ခိုင်မာတဲ့ချိတ်ဆက်မှုတွေ ရှိခဲ့တာနဲ့အတူ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူတို့နှစ်ယောက်လုံးကို ခေါ်ယူသင့်တယ်လို့ တင်ရှားဝုဒ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆာဂျီယို ရက်ဂီလွန် အတွက် ကမ်းလှမ်းမှု စတင်တော့မှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အလိုရှိနေတဲ့ ယူရို သန်း ၃၀ တန်ကြေးကိုတော့ မပေးလိုဘူး သိရပါတယ်။

ကစားသမားသစ် ဗန်ဒီဘိခ် ဟာ ယူနိုက်တက်မှာ ကောင်းမွန်စွာ အထိုင်ကျ နေပြီ ဖြစ်ကြောင်း အသင်းဖော် လုခ်ရှောက ထောက်ခံ ချီးကျူးလိုက်ပါတယ်။

အခြား ပရီးမီးယားလိဂ် အသင်းတော်တော်များများ ပွဲစဉ် ၁ ကစားပြီးပြီ ဖြစ်သော်လည်း ယူနိုက်တက်ရဲ့ ပွဲဦးထွက် ပွဲကတော့ လာမယ့် စနေနေ့ ည ၁၁ နာရီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားပြီး စတင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစးသမားဟောင်းကြီး နဗီးလ်က ဒီရာသီ ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့က အလှမ်းဝေးသေးကြောင်းနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ တိုက်စစ် နှစ်ဦး၊ ဗဟိုခံစစ်နဲ့ ဘယ်စွန်ခံစစ် တစ်ဦးစီကို ထိပ်တန်း ကစားသမားတွေ ခေါ်ယူနိုင်ပါက ဖြစ်နိုင်ခြေ ရှိကြောင်း သုံးသပ်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ အေျခစိုက္သတင္းဌာန MEN အဆိုအရေတာ့ ယူနုိက္တက္ဟာ ဘိုင္ယန္ကြင္းလယ္သမား သီေယဂို အယ္ကန္တာရာကို ကမ္းလွမ္းဖို႔ အစီအစဥ္ မရွိဘူး သိရပါတယ္။

ယူႏိုက္တက္ဟာ ဂါရတ္ေဘးကို ေခၚယူမယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း၂၀ေလာက္ပဲ ကုန္က်မွာျဖစ္ေပမယ့္ ၎ရဲ႕ ျမင့္မားတဲ့လစာက အခက္အခဲ ျဖစ္ေနပါတယ္။ သူ႔လုပ္ခက တစ္ႏွစ္ကို ယူ႐ို၁၅သန္း ရွိေပမယ့္ မက္ဒရစ္က တစ္ႏွစ္စာကို ေပးေခ်မွာျဖစ္လို႔ ၃ႏွစ္စာ အတြက္ ကုန္က်မယ့္ လစာေငြ ၃၅သန္းဟာ ယူႏိုက္တက္ အတြက္ မမ်ားဘူးလို႔ ဆိုရမွာပါ။

ဂါရတ္ေဘးနဲ႔ အက္စ္တြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္တို႔ဟာ အိုးလ္ထရက္ဖို႔ဒ္နဲ႔ ခိုင္မာတဲ့ခ်ိတ္ဆက္မႈေတြ ရွိခဲ့တာနဲ႔အတူ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ သူတို႔ႏွစ္ေယာက္လုံးကို ေခၚယူသင့္တယ္လို႔ တင္ရွားဝုဒ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဆာဂ်ီယို ရက္ဂီလြန္ အတြက္ ကမ္းလွမ္းမႈ စတင္ေတာ့မွာ ျဖစ္ေပမယ့္ ရီးရဲလ္မက္ဒရစ္ အလိုရွိေနတဲ့ ယူရို သန္း ၃၀ တန္ေၾကးကိုေတာ့ မေပးလိုဘူး သိရပါတယ္။

ကစားသမားသစ္ ဗန္ဒီဘိခ္ ဟာ ယူနိုက္တက္မွာ ေကာင္းမြန္စြာ အထိုင္က် ေနျပီ ျဖစ္ေၾကာင္း အသင္းေဖာ္ လုခ္ေရွာက ေထာက္ခံ ခ်ီးက်ဴးလိုက္ပါတယ္။

အျခား ပရီးမီးယားလိဂ္ အသင္းေတာ္ေတာ္မ်ားမ်ား ပြဲစဥ္ ၁ ကစားျပီးျပီ ျဖစ္ေသာ္လည္း ယူနုိက္တက္ရဲ႕ ပြဲဦးထြက္ ပြဲကေတာ့ လာမယ့္ စေနေန႔ ည ၁၁ နာရီမွာ ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားျပီး စတင္မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ ကစးသမားေဟာင္းၾကီး နဗီးလ္က ဒီရာသီ ယူနိုက္တက္ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံ ျဖစ္ဖို႔က အလွမ္းေ၀းေသးေၾကာင္းနဲ႕ အေျပာင္းအေရႊ႕ မပိတ္ခင္မွာ တိုက္စစ္ နွစ္ဦး၊ ဗဟိုခံစစ္နဲ႕ ဘယ္စြန္ခံစစ္ တစ္ဦးစီကို ထိပ္တန္း ကစားသမားေတြ ေခၚယူနိုင္ပါက ျဖစ္နုိင္ေျခ ရွိေၾကာင္း သံုးသပ္ခဲ့ပါတယ္။