ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (14/09/20)

အူဘာမီးယန်းဟာ ဒီနွေမှာ ဂန်းနားတွေရဲ့ အကောင်းဆုံးခေါ်ယူမှုလို ဖြစ်မှာမို့လို့ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့က ကလပ်အတွက် အရေးကြီးကြောင်း အာဆင်နယ် ဂန္တဝင် အီယန်ရိုက်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ အသက် ၃၁နှစ် အရွယ် ကစားသမားက ၃နှစ်စာချုုပ် ချုပ်ဖို့ သဘောတူညီမှု ရခဲ့ပေမယ့် ကလပ်က မကြေညာသေးတာမို့လို့ ပရိသတ်တွေက စိုးရိမ်နေကြတာပါ။

ဝီလီယံရဲ့ ဆုဖလားတွေ ပိုမိုအောင်မြင်လိုတဲ့ ဆာလောင်မှုက ဒီနွေမှာ ချယ်ဆီးကနေ အာဆင်နယ်ထံပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်မှာ အဓိက ကျခဲ့တယ်လို့ မစ်ကယ် အာတီတာက ဆိုပါတယ်။ အပြင်မှာ အနေအေးပေမယ့် ကွင်းထဲမှာ ခြေစွမ်းပြတတ်တဲ့ ဝီလီယံဟာ လူငယ်တွေ အတွက် စံပြဖြစ်လာဖို့လဲ အာတီတာက မျှော်လင့်နေတာပါ။

အာဆင်နယ်ဟာ ဒီဂျွန် တောင်ပံကစားသမား မူနီရာ ချူရီရာကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ပြိုင်ဆိုင်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြင်သစ်သ တင်းတွေက ဆိုပါတယ်။ ချူရီရာဟာ ဒီဂျွန်ရဲ့ လီဂူးဝမ်း ပွဲစဉ်၁ကို ပါဝင်လာခဲ့ခြင်းမရှိတာကြောင့် အသင်းကနေ ထွက်ခွာမယ့်သတင်းတွေက ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

လာကာဇက်တီဟာ အာဆင်နယ်အတွက် ဖူလ်ဟမ်ကို ၃-ဝနဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့တဲ့နောက် သူ့အနေနဲ့ အမ်းမရိတ်စ်မှာ ပျော်ရွှင်နေပြီး ဆုဖလားတွေ အောင်မြင်ချင်ကြောင်း၊ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အသင်းက ထွက်ခွာတော့မယ် အီမီလီယာနို မာတီနက်အတွက် အစားထိုးဖို့ အိုက်စလန်ဂိုးသမား ရူနာအဲလက်စ်ကို ပစ်မှတ်ထားနေပါတယ်။ မာတီနက်ဟာ အသင်းရဲ့ FA ဖလားအောင်မြင်မှုမှာအရေးပါခဲ့ပေမယ့် နံပါတ်တစ် ဂိုးသမား လီနိုပြန်လာခဲ့တဲ့နောက်မှာ ကစားခွင့်ရရေးအတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အက်သလက်တီကိုကြယ်ပွင့် သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားတစ်ယောက်ကို အလိုက်ပေးကမ်းလှမ်းဖို့ ချိတ်ဆက်နေခဲ့တာဖြစ်သလို အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒူဇီက အဲ့ဒီ အလဲအလှယ် စာချုပ်မှာပါဝင်လိုပြီး မက်ဒရစ်ကလပ်ထံ ပြောင်းရွှေ့ချင် နေပါတယ်။

Zawgyi – အူဘာမီးယန္းဟာ ဒီေႏြမွာ ဂန္းနားေတြရဲ႕ အေကာင္းဆုံးေခၚယူမႈလို ျဖစ္မွာမို႔လို႔ သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔က ကလပ္အတြက္ အေရးႀကီးေၾကာင္း အာဆင္နယ္ ဂႏၲဝင္ အီယန္႐ိုက္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ အသက္ ၃၁ႏွစ္ အ႐ြယ္ ကစားသမားက ၃ႏွစ္စာခ်ဳုပ္ ခ်ဳပ္ဖို႔ သေဘာတူညီမႈ ရခဲ့ေပမယ့္ ကလပ္က မေၾကညာေသးတာမို႔လို႔ ပရိသတ္ေတြက စိုးရိမ္ေနၾကတာပါ။

ဝီလီယံရဲ႕ ဆုဖလားေတြ ပိုမိုေအာင္ျမင္လိုတဲ့ ဆာေလာင္မႈက ဒီေႏြမွာ ခ်ယ္ဆီးကေန အာဆင္နယ္ထံေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္မွာ အဓိက က်ခဲ့တယ္လို႔ မစ္ကယ္ အာတီတာက ဆိုပါတယ္။ အျပင္မွာ အေနေအးေပမယ့္ ကြင္းထဲမွာ ေျခစြမ္းျပတတ္တဲ့ ဝီလီယံဟာ လူငယ္ေတြ အတြက္ စံျပျဖစ္လာဖို႔လဲ အာတီတာက ေမွ်ာ္လင့္ေနတာပါ။

အာဆင္နယ္ဟာ ဒီဂြၽန္ ေတာင္ပံကစားသမား မူနီရာ ခ်ဴရီရာကို ေခၚယူဖို႔စိတ္ဝင္စားေနေပမယ့္ ၿပိဳင္ဆိုင္မႈေတြ ရင္ဆိုင္ရႏိုင္တယ္လို႔ ျပင္သစ္သ တင္းေတြက ဆိုပါတယ္။ ခ်ဴရီရာဟာ ဒီဂြၽန္ရဲ႕ လီဂူးဝမ္း ပြဲစဥ္၁ကို ပါဝင္လာခဲ့ျခင္းမရွိတာေၾကာင့္ အသင္းကေန ထြက္ခြာမယ့္သတင္းေတြက ပိုၿပီး ခိုင္မာလာခဲ့ပါတယ္။

လာကာဇက္တီဟာ အာဆင္နယ္အတြက္ ဖူလ္ဟမ္ကို ၃-၀နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ အမ္းမရိတ္စ္မွာ ေပ်ာ္႐ႊင္ေနၿပီး ဆုဖလားေတြ ေအာင္ျမင္ခ်င္ေၾကာင္း၊ အသင္းကေန ထြက္ခြာဖို႔ အစီအစဥ္ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အသင္းက ထြက္ခြာေတာ့မယ္ အီမီလီယာႏို မာတီနက္အတြက္ အစားထိုးဖို႔ အိုက္စလန္ဂိုးသမား ႐ူနာအဲလက္စ္ကို ပစ္မွတ္ထားေနပါတယ္။ မာတီနက္ဟာ အသင္းရဲ႕ FA ဖလားေအာင္ျမင္မႈမွာအေရးပါခဲ့ေပမယ့္ နံပါတ္တစ္ ဂိုးသမား လီႏိုျပန္လာခဲ့တဲ့ေနာက္မွာ ကစားခြင့္ရေရးအတြက္ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အက္သလက္တီကိုၾကယ္ပြင့္ ေသာမတ္စ္ပါေတးကို ေခၚယူႏိုင္ဖို႔အတြက္ ကစားသမားတစ္ေယာက္ကို အလိုက္ေပးကမ္းလွမ္းဖို႔ ခ်ိတ္ဆက္ေနခဲ့တာျဖစ္သလို အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒူဇီက အဲ့ဒီ အလဲအလွယ္ စာခ်ဳပ္မွာပါဝင္လိုၿပီး မက္ဒရစ္ကလပ္ထံ ေျပာင္းေ႐ႊ႕ခ်င္ ေနပါတယ္။