ချယ်ဆီးနဲ့ အာဆင်နယ် ကန့်ကွက်ခဲ့ကြတဲ့ ကြားကွင်းဖြင့် ဘောလုံးပွဲ ပြန်စတင်ရေး အစီအစဉ်

UNICODE – ပရီးမီးယားလိဂ်ကို ကြားကွင်းမှာ ကစားခြင်းဖြင့် ပြန်လည်စတင်ရေး အစီအစဉ်တွေကို စပါးအပြင် နောက်ထပ် လန်ဒန်အခြေစိုက် အသင်းတွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ ကန့်ကွက်ခဲ့ကြပါတယ်။

အင်္ဂလန်ပြည်တွင်း အဆင့်မြင့်တန်း အားကစားပြိုင်ပွဲတွေ အားလုံးကို ဇွန်လ ၁ ရက်နေ့ကစပြီး ကွင်းပိတ်ကစားမှုဖြင့် ပြန်စတင်ဖို့ကို အာဏာပိုင်တွေ ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်။ ကိုဗစ် ကူးစက်မှု လုံးဝ မတွေ့တော့တဲ့ အချိန်ထိ ပရိသတ် ဝင်ခွင့်မပေးပဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဗြိတိန်အာဏာပိုင်တွေနဲ့ ဗြိတိန်ဘောလုံးဆိုင်ရာ ရဲအရာရှိတွေက ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းရှိမယ့် အခြေအနေတွေအရ ဘောလုံးပွဲ ပြန်စတင်မှုကို ကြားကွင်းမှာပဲ ကစားစေလိုပေမယ့် မေလ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာတော့ ကလပ်တွေက လိဂ်ပြန်စရေးမှာ ကြားကွင်းတွေမှာ ကစားဖို့ဆိုတဲ့ အချက်ကို ကလပ် ၁၂ သင်းထိ ကန့်ကွက်ခဲ့ကြပါတယ်။

တယ်လီဂရပ်က ဖော်ပြရာမှာတော့ ကြားကွင်းကစားဖို့ကို တောက်လျှောက် ငြင်းဆန်လာခဲ့တဲ့ ကလပ် ၆ သင်းက တန်းဆင်းဇုန် ၆ သင်းဖြစ်ပြီး တနင်္လာနေ့ အစည်းအဝေးမှာတော့ ထပ်တိုး ပူးပေါင်းခဲ့တဲ့ ကလပ် ၃ သင်းဟာ လန်ဒန်အခြေစိုက် ကလပ်တွေဖြစ်ပြီး ချယ်ဆီး၊ စပါးနဲ့ အာဆင်နယ်အသင်းတို့ ဖြစ်ပါတယ်။

လန်ဒန်ကလပ်တွေလို ကွင်းကြီးတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဒီစာရင်းထဲ ပါဝင်ခဲ့တာက စပွန်ဆာ စာချုပ်ကြီးတွေ ချုပ်ဆိုထားမှုတွေ ရှိတဲ့အတွက် အိမ်ကွင်းမှာ မကစားရရင် ငွေကြေးတွေ ပြန်လျော်ရမှာဖြစ်ခြင်းကြောင့်လို့ သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ဟာ ကြားကွင်းအစား သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်းတွေမှာ ကစားခွင့်ကိုပဲ အစိုးရထံ တင်ပြ တောင်းခံမှာဖြစ်တယ်။

ZAWGYI – ပရီးမီးယားလိဂ္ကို ၾကားကြင္းမွာ ကစားျခင္းျဖင့္ ျပန္လည္စတင္ေရး အစီအစဥ္ေတြကို စပါးအျပင္ ေနာက္ထပ္ လန္ဒန္အေျခစိုက္ အသင္းေတြျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ ကန္႔ကြက္ခဲ့ၾကပါတယ္။

အဂၤလန္ျပည္တြင္း အဆင့္ျမင့္တန္း အားကစားျပိဳင္ပြဲေတြ အားလံုးကို ဇြန္လ ၁ ရက္ေန႔ကစျပီး ကြင္းပိတ္ကစားမႈျဖင့္ ျပန္စတင္ဖို႔ကို အာဏာပိုင္ေတြ ခြင့္ျပဳေပးလိုက္ျပီျဖစ္တယ္။ ကိုဗစ္ ကူးစက္မႈ လံုးဝ မေတြ႔ေတာ့တဲ့ အခ်ိန္ထိ ပရိသတ္ ဝင္ခြင့္မေပးပဲ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ျဗိတိန္အာဏာပိုင္ေတြနဲ႔ ျဗိတိန္ေဘာလံုးဆိုင္ရာ ရဲအရာရွိေတြက ၄င္းတို႔ ထိန္းခ်ဳပ္ႏုိင္စြမ္းရွိမယ့္ အေျခအေနေတြအရ ေဘာလံုးပြဲ ျပန္စတင္မႈကို ၾကားကြင္းမွာပဲ ကစားေစလိုေပမယ့္ ေမလ ၁၁ ရက္ေန႔မွာ ျပဳလုပ္တဲ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာေတာ့ ကလပ္ေတြက လိဂ္ျပန္စေရးမွာ ၾကားကြင္းေတြမွာ ကစားဖို႔ဆိုတဲ့ အခ်က္ကို ကလပ္ ၁၂ သင္းထိ ကန္႔ကြက္ခဲ့ၾကပါတယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာေတာ့ ၾကားကြင္းကစားဖို႔ကို ေတာက္ေလွ်ာက္ ျငင္းဆန္လာခဲ့တဲ့ ကလပ္ ၆ သင္းက တန္းဆင္းဇုန္ ၆ သင္းျဖစ္ျပီး တနလၤာေန႔ အစည္းအေဝးမွာေတာ့ ထပ္တိုး ပူးေပါင္းခဲ့တဲ့ ကလပ္ ၃ သင္းဟာ လန္ဒန္အေျခစိုက္ ကလပ္ေတြျဖစ္ျပီး ခ်ယ္ဆီး၊ စပါးနဲ႔ အာဆင္နယ္အသင္းတို႔ ျဖစ္ပါတယ္။

လန္ဒန္ကလပ္ေတြလို ကြင္းၾကီးေတြကို ပိုင္ဆုိင္ထားတဲ့ အသင္းေတြ ဒီစာရင္းထဲ ပါဝင္ခဲ့တာက စပြန္ဆာ စာခ်ဳပ္ၾကီးေတြ ခ်ဳပ္ဆိုထားမႈေတြ ရွိတဲ့အတြက္ အိမ္ကြင္းမွာ မကစားရရင္ ေငြေၾကးေတြ ျပန္ေလ်ာ္ရမွာျဖစ္ျခင္းေၾကာင့္လို႔ သိရပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ဟာ ၾကားကြင္းအစား သက္ဆုိင္ရာ အိမ္ကြင္း၊ အေဝးကြင္းေတြမွာ ကစားခြင့္ကိုပဲ အစိုးရထံ တင္ျပ ေတာင္းခံမွာျဖစ္တယ္။