ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (15/09/20)

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဖလားကို အောင်မြင်ချင်ရင် လီဗာပူးနဲ့ မန်ချက်စတာစီးတီးမှာ ယာဂင်ကလော့ပ်နဲ့ ပက်ဂွာဒီယိုလာတို့ မရှိတော့တဲ့အထိ စောင့်ဖို့လိုလိမ့်မယ်လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဆာဂျီယို ရီဂွယ်လွန်ကို ပေါင်၂၃သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် မက်ဒရစ်က အပြောင်းအရွှေ့ စာချုပ်ထဲမှာ ‘အလိုရှိရင် ပြန်လည်ဝယ်ယူနိုင်ခွင့်’ ရှိတဲ့ အချက်ကို ထည့်သွင်းဖို့ အလိုရှိနေတာကြောင့် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ အိုင်ဗန်ပါရီဆစ်နဲ့ နိုင်ဂိုလန် တို့ကို အသင်းမှာဆက်နေခွင့်အတွက် လုံလောက်တဲ့ ခြေစွမ်းပြသနိုင်ဖို့ အချိန်ပေး စောင့်ကြည့်မှာ ဖြစ်တာကြောင့် ပါရီဆစ်ကို ကာလရှည် စိတ်ဝင်စားနေခဲ့တဲ့ ယူနိုက်တက်အနေနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ ထပ်မံစောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗလင်စီယာအသင်းရဲ့ ဆားဘီးယားကွင်းလယ်လူ အူရို ရာစစ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုရှိခဲ့ပြီး ၂၀၂၂ နွေရာသီမှာ သက်တမ်းကုန်ဆုံးမယ့် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၉၂သန်း ရှိပေမယ့် ဘဏ္ဍာရေး အင်အားလိုအပ်နေတဲ့ ကလပ်က ပေါင်၂၈သန်း လောက်နဲ့ လက်ခံနိုင်ဖွယ် ရှိနေတာပါ။

အဲဗာတန်ဟာ ယူနိုက်တက် အပယ်ခံကစားသမား ဒီယိုဂို ဒါလော့ကို ကာလရှည် ချိတ်ဆက်နေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ကြိုးပမ်းမှုမှာ ဘာမှ တိုးတက်မှုမရှိခဲ့ပေမယ့် အခုချိန်မှာ ယူနိုက်တက်က ရီဂွယ်လွန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ဒါလော့ကို ထွက်ခွာခွင့်ပေးနိုင်ဖွယ် ရှိနေပါတယ်။

ချယ်ဆီးဟာ လီဗာပူးနဲ့ မန်စီးတီးကိုစိန်ခေါ်ဖို့ ဒီနွေမှာ ပေါင် သန်း ၂၀၀ ကျော် သုံးစွဲခဲ့ပေမယ့် သူတို့အနေနဲ့ အထိုင်ကျဖို့ အချိန် ပိုလိုအပ်မှာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အနီးစပ်ဆုံး စိန်ခေါ်နိုင်သူ ဖြစ်လိမ့်မယ်လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့အရေးမှာ တဖြည်းဖြည်း အားလျော့လာတာနဲ့အတူ ဒေါ့မွန်နည်းပြ လူစီယန် ဖေဗရီကလဲ ပေါင် ၁၀၈ သန်းတန်ကြေးရှိတဲ့ ကြယ်ပွင့်ကစားသမားဟာ ဂျာမနီကနေ ထွက်ခွာဖို့ မဖြစ်နိုင်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ေနာက္ထပ္ ပရီးမီးယားလိဂ္ဖလားကို ေအာင္ျမင္ခ်င္ရင္ လီဗာပူးနဲ႔ မန္ခ်က္စတာစီးတီးမွာ ယာဂင္ကေလာ့ပ္နဲ႔ ပက္ဂြာဒီယိုလာတို႔ မရွိေတာ့တဲ့အထိ ေစာင့္ဖို႔လိုလိမ့္မယ္လို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ဘယ္ေနာက္ခံလူ ဆာဂ်ီယို ရီဂြယ္လြန္ကို ေပါင္၂၃သန္းနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနေပမယ့္ မက္ဒရစ္က အေျပာင္းအေ႐ႊ႕ စာခ်ဳပ္ထဲမွာ ‘အလိုရွိရင္ ျပန္လည္ဝယ္ယူႏိုင္ခြင့္’ ရွိတဲ့ အခ်က္ကို ထည့္သြင္းဖို႔ အလိုရွိေနတာေၾကာင့္ ညွိနိႈင္းေနဆဲ ျဖစ္ပါတယ္။

အင္တာမီလန္ဟာ အိုင္ဗန္ပါရီဆစ္နဲ႔ ႏိုင္ဂိုလန္ တို႔ကို အသင္းမွာဆက္ေနခြင့္အတြက္ လုံေလာက္တဲ့ ေျခစြမ္းျပသႏိုင္ဖို႔ အခ်ိန္ေပး ေစာင့္ၾကည့္မွာ ျဖစ္တာေၾကာင့္ ပါရီဆစ္ကို ကာလရွည္ စိတ္ဝင္စားေနခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ သူ႔ကိုေခၚယူႏိုင္ဖို႔ ထပ္မံေစာင့္ဆိုင္းရေတာ့မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဗလင္စီယာအသင္းရဲ႕ ဆားဘီးယားကြင္းလယ္လူ အူ႐ို ရာစစ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ၿပီး ၂၀၂၂ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးမယ့္ သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၉၂သန္း ရွိေပမယ့္ ဘ႑ာေရး အင္အားလိုအပ္ေနတဲ့ ကလပ္က ေပါင္၂၈သန္း ေလာက္နဲ႔ လက္ခံႏိုင္ဖြယ္ ရွိေနတာပါ။

အဲဗာတန္ဟာ ယူႏိုက္တက္ အပယ္ခံကစားသမား ဒီယိုဂို ဒါေလာ့ကို ကာလရွည္ ခ်ိတ္ဆက္ေနခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ႀကိဳးပမ္းမႈမွာ ဘာမွ တိုးတက္မႈမရွိခဲ့ေပမယ့္ အခုခ်ိန္မွာ ယူႏိုက္တက္က ရီဂြယ္လြန္ကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ဒါေလာ့ကို ထြက္ခြာခြင့္ေပးႏိုင္ဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးဟာ လီဗာပူးနဲ႔ မန္စီးတီးကိုစိန္ေခၚဖို႔ ဒီေႏြမွာ ေပါင္ သန္း ၂၀၀ ေက်ာ္ သုံးစြဲခဲ့ေပမယ့္ သူတို႔အေနနဲ႔ အထိုင္က်ဖို႔ အခ်ိန္ ပိုလိုအပ္မွာ ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ကသာ အနီးစပ္ဆုံး စိန္ေခၚႏိုင္သူ ျဖစ္လိမ့္မယ္လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔အေရးမွာ တျဖည္းျဖည္း အားေလ်ာ့လာတာနဲ႔အတူ ေဒါ့မြန္နည္းျပ လူစီယန္ ေဖဗရီကလဲ ေပါင္ ၁၀၈ သန္းတန္ေၾကးရွိတဲ့ ၾကယ္ပြင့္ကစားသမားဟာ ဂ်ာမနီကေန ထြက္ခြာဖို႔ မျဖစ္ႏိုင္ဘူးလို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။