ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (15/09/20)

ပူလီဆစ် ဟာ အက်ဖ်အေဖလားဖိုင်နယ်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် မနေ့က ဘရိုက်တန်ကို ၃-၁နဲ့အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို လွဲချော်ခဲ့သလို တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့လဲ မသေချာသေးဘူးလို့ နည်းပြလမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လမ်းပတ်က သူ့အနေနဲ့ ကီပါနဲ့ ပတ်သက်လို့ ပြဿနာမရှိပဲ ပျော်ရွှင်နေကြောင်းပြောဆိုခဲ့ပေမယ့် ဂယ်ရီနဗီးကတော့ ကီပါရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ဒီဂိုးသမားနဲ့ဆိုရင် ချယ်ဆီး က ပရီးမီးယားလိဂ် ဖလားရမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အနိုင် ၃မှတ် ရယူနိုင်ခဲ့ပြီး ရိစ်ဂျိမ်းစ်က ခြေစွမ်းပြသခဲ့တာနဲ့အတူ သူ့ရဲ့ အဝေးကန်ချက်နဲ့ သွင်းယူခဲ့တဲ့ဂိုးကြောင့် အံ့အားသင့်ခဲ့ရပြီး ခုံပေါ်ကနေ ထပြီး ဂုဏ်ပြုခဲ့ရတယ်လို့ နည်းပြ လမ်းပတ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဟာ ရန်းနက်စ်ဂိုးသမား အီဒူရတ်မန်ဒီနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖရန့်လမ်းပတ်က ငြင်းပယ်ခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာ အမှားလုပ်ခဲ့ပေမယ့် ကီပါက အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်နေဆဲပါလို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

ချယ်ဆီး ဟာ ဒီကလန်ရိုက်စ်ကို အလိုရှိနေပြီး လမ်းပတ်က သူ့ကို ဗဟိုနောက်တန်းမှာ အသုံးချဖို့ စိတ်အားထက်သန်နေပေမယ့်လဲ ဝက်စ်ဟမ်းက အသက်၂၁နှစ်အရွယ် ကစားသမားကို ဆက်ထိန်းထားလိုနေပြီး ဘာအကြောင်းနဲ့မှ ရောင်းမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ဒန်နီ ဒရင့်ဝါးတားဟာ ချယ်ဆီး ရဲ့ လိုအပ်ချက်မှာ အပိုဖြစ်နေခဲ့တဲ့နောက် ပုံမှန်ကစားချိန်ပြန်ရအောင် ကြိုးစားဖို့အတွက် ဒီနွေမှာ စတန်းဖို့ဒ်ဘရစ်ခ်ျ ကနေ အပြီးပိုင်ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ဆမ်ဒိုးရီးယားမှာ နည်းပြ ရာနေးရာရီနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ဖွယ် ရှိနေပါတယ်။

တီမိုဗာနာဟာ မနှစ်က ရက်ဘူးလိုက်ပ်ဇစ်မှာ လူကျွံဘောအတွက် ၄၃ကြိမ် အလံပြခံခဲ့ရပြီး မနေ့က ချယ်ဆီး ပွဲမှာလဲ ၇မိနစ်အတွင်း ၂ကြိမ် လူကျွံခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ခံစစ်မှာ ပြေးလွှားနိုင်မှုက ပြိုင်ဘက် နောက်ခံလူတွေနဲ့ ဂိုးသမားတွေအတွက် ကြောက်စရာဖြစ်လိမ့်မယ်လို့ ခရစ်ဆက်တန်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအတွက် ပွဲဦးထွက်မှာ တီမိုဗာနာဟာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပြီး ပင်နယ်တီတစ်လုံး ရယူပေးခဲ့သလို ပြိုင်ဘက်တွေကို ခြိမ်းခြောက်မှု ပေးနိုင်တဲ့ ကစားသမားအနေနဲ့ ပေါင်တံဒဏ်ရာ ပြန်ကောင်းလာပြီး တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲမှာလဲ အချိန်မီ ပါဝင်နိုင်ဖို့ လမ်းပတ်က ထောက်ခံအားပေးခဲ့ပါတယ်။

Zawgyi – ပူလီဆစ္ ဟာ အက္ဖ္ေအဖလားဖိုင္နယ္ပြဲမွာ ရခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ မေန႔က ဘ႐ိုက္တန္ကို ၃-၁နဲ႔အႏိုင္ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို လြဲေခ်ာ္ခဲ့သလို တနဂၤေႏြေန႔ လီဗာပူးနဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔လဲ မေသခ်ာေသးဘူးလို႔ နည္းျပလမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္က သူ႔အေနနဲ႔ ကီပါနဲ႔ ပတ္သက္လို႔ ျပႆနာမရွိပဲ ေပ်ာ္႐ႊင္ေနေၾကာင္းေျပာဆိုခဲ့ေပမယ့္ ဂယ္ရီနဗီးကေတာ့ ကီပါရဲ႕ စြမ္းေဆာင္ရည္ကို ေဝဖန္ခဲ့ၿပီး ဒီဂိုးသမားနဲ႔ဆိုရင္ ခ်ယ္ဆီး က ပရီးမီးယားလိဂ္ ဖလားရမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အႏိုင္ ၃မွတ္ ရယူႏိုင္ခဲ့ၿပီး ရိစ္ဂ်ိမ္းစ္က ေျခစြမ္းျပသခဲ့တာနဲ႔အတူ သူ႔ရဲ႕ အေဝးကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး ခုံေပၚကေန ထၿပီး ဂုဏ္ျပဳခဲ့ရတယ္လို႔ နည္းျပ လမ္းပတ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ရန္းနက္စ္ဂိုးသမား အီဒူရတ္မန္ဒီနဲ႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ အေျပာင္းအေ႐ႊ႕ သတင္းေတြကို ဖရန႔္လမ္းပတ္က ျငင္းပယ္ခဲ့ၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာ အမွားလုပ္ခဲ့ေပမယ့္ ကီပါက အသင္းရဲ႕ နံပါတ္ တစ္ ဂိုးသမား ျဖစ္ေနဆဲပါလို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ ဒီကလန္႐ိုက္စ္ကို အလိုရွိေနၿပီး လမ္းပတ္က သူ႔ကို ဗဟိုေနာက္တန္းမွာ အသုံးခ်ဖို႔ စိတ္အားထက္သန္ေနေပမယ့္လဲ ဝက္စ္ဟမ္းက အသက္၂၁ႏွစ္အ႐ြယ္ ကစားသမားကို ဆက္ထိန္းထားလိုေနၿပီး ဘာအေၾကာင္းနဲ႔မွ ေရာင္းမွာမဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့ပါတယ္။

ဒန္နီ ဒရင့္ဝါးတားဟာ ခ်ယ္ဆီး ရဲ႕ လိုအပ္ခ်က္မွာ အပိုျဖစ္ေနခဲ့တဲ့ေနာက္ ပုံမွန္ကစားခ်ိန္ျပန္ရေအာင္ ႀကိဳးစားဖို႔အတြက္ ဒီေႏြမွာ စတန္းဖို႔ဒ္ဘရစ္ခ္် ကေန အၿပီးပိုင္ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဆမ္ဒိုးရီးယားမွာ နည္းျပ ရာေနးရာရီနဲ႔အတူ ျပန္လည္ပူးေပါင္းႏိုင္ဖြယ္ ရွိေနပါတယ္။

တီမိုဗာနာဟာ မႏွစ္က ရက္ဘူးလိုက္ပ္ဇစ္မွာ လူကြၽံေဘာအတြက္ ၄၃ႀကိမ္ အလံျပခံခဲ့ရၿပီး မေန႔က ခ်ယ္ဆီး ပြဲမွာလဲ ၇မိနစ္အတြင္း ၂ႀကိမ္ လူကြၽံခဲ့တာျဖစ္ေပမယ့္ သူ႔ရဲ႕ ခံစစ္မွာ ေျပးလႊားႏိုင္မႈက ၿပိဳင္ဘက္ ေနာက္ခံလူေတြနဲ႔ ဂိုးသမားေတြအတြက္ ေၾကာက္စရာျဖစ္လိမ့္မယ္လို႔ ခရစ္ဆက္တန္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအတြက္ ပြဲဦးထြက္မွာ တီမိုဗာနာဟာ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့ၿပီး ပင္နယ္တီတစ္လုံး ရယူေပးခဲ့သလို ၿပိဳင္ဘက္ေတြကို ၿခိမ္းေျခာက္မႈ ေပးႏိုင္တဲ့ ကစားသမားအေနနဲ႔ ေပါင္တံဒဏ္ရာ ျပန္ေကာင္းလာၿပီး တနဂၤေႏြေန႔ လီဗာပူးနဲ႔ပြဲမွာလဲ အခ်ိန္မီ ပါဝင္ႏိုင္ဖို႔ လမ္းပတ္က ေထာက္ခံအားေပးခဲ့ပါတယ္။