ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ စကိုင္းစေပါ့မွ ခ်ာလီ သံုးသပ္ခန္႔မွန္းခ်က္

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၉ အတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္က ေအာက္ပါအတိုင္း သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္မ်ားကို ေဖာ္ျပသြားပါတယ္။

မန္ခ်က္စတာယူနုိက္တက္ Vs မန္စီးတီး

သိပ္ေကာင္းတဲ့ စူပါဆန္းေဒးပြဲပါပဲ။ မန္စီးတီးက အမွတ္ေပးဖလားကို အႏုိင္ရဖို႔ မျဖစ္ႏိုင္ေတာ့ေပမယ့္ ဒီပြဲကို အေရးနိမ့္မယ္ဆိုရင္ လီဗာပူးက မန္ခ်က္စတာကို လာရမယ့္ သီတင္းပတ္ အနည္းငယ္အတြင္း ရိုက္ခတ္ႏုိင္မယ့္ အလားအလာကို သူတို႔ သိပါတယ္။

ဒီရာသီ အီးသီဟတ္မွာ ယူႏုိက္တက္က မန္စီးတီးကို အႏုိင္ယူခဲ့ျပီးပါျပီ။ ဒါေပမယ့္ ကာရာေဘာင္း ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ အိုထရတ္ဖိုဒ့္မွာ စီးတီးက အႏုိင္ယူခဲ့တယ္။ ယူႏုိက္တက္ ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈအရ ဒီပြဲမွာ သူတို႔က ခံစစ္အထုိင္ခ်ျပီး ကစားမွာ မဟုတ္ပါဘူး။ ကိုယ္ရဲ႕ အိမ္ကြင္းမွာ မန္စီးတီးကို ထိပ္တိုက္ ယွဥ္ျပိဳင္ကစားမွာျဖစ္ျပီး ဒါက မန္စီးတီးအတြက္ ပိုသေဘာက်ဖို႔ေကာင္းတဲ့ အေနအထား ျဖစ္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ယူနိုက္တက္ ၁-၃ မန္စီးတီး။

အာဆင္နယ္ Vs ၀က္စ္ဟမ္း

၀က္စ္ဟမ္းက ျပီးခဲ့တဲ့ အပတ္က ေဆာက္သမ္တန္နဲ႕ပြဲမွာ ရလဒ္ေကာင္း ရထားတာပါ။ က်ေနာ္ ေဒးဗစ္ မိုယက္စ္အတြက္ ေက်နပ္မိပါတယ္။ အာဆင္နယ္ ဘက္မွာေတာ့ အာတီတာရဲ႕ နည္းျပမႈေအာက္မွာ ဂန္းနားေတြ ျဖည္းျဖည္းခ်င္း တိုးတက္လာေနပါတယ္။ အာတီတာရဲ႕ လုပ္ပိုင္ခြင့္ေတြ အတြက္လည္း သေဘာက်မိတယ္။

၀က္စ္ဟမ္းကလည္း သူ႔အေနအထားနဲ႕ သူ ဟုတ္ေနပါတယ္။ ေလာေလာဆယ္မွာ ေတာင္ပံတိုက္စစ္သမား အန္တိုနီယိုက သူတို႔အတြက္ အေကာငး္ဆံုး ေျဖရွင္းနည္း ျဖစ္ေနတာ ေတြ႔ရတယ္။ ဒါေပမယ့္ ၀က္စ္ဟမ္း ခံစစ္မွာ အင္အားနည္းေနတာေတြ ရွိေနတယ္။ ဒါေၾကာင့္ ေဖဘီယန္စကီး အေနနဲ႕ အသင္းေဟာင္းနဲ႕ ျပန္ ရင္ဆိုင္ရာမွာ အလုပ္မ်ားတဲ့ ေန႔တစ္ရက္ ၾကံဳဦးမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ ၃-၁ ၀က္စ္ဟမ္း။

ခ်ယ္ဆီး Vs အဲဗာတန္

အဲဗာတန္က ခန္႔မွန္းရခက္ပါတယ္။ ေနာက္တန္းမွာ ျပသနာေတြ ရွိေနဆဲ ျဖစ္တယ္။ ဒါေပမယ့္ ခ်ယ္ဆီးအသင္း အိမ္ကြင္းကလည္း တည္ျငိမ္မႈ မရွိပါဘူး။ တခါတေလ ေျခ လံုး၀ေပ်ာက္ေနတဲ့ပြဲေတြ ရွိတယ္။ ဒီရာသီ အေစာပိုင္းက အေကာင္းေတြ ယူေဆာင္ေပးခဲ့တဲ့ ခ်ယ္ဆီး လူငယ္ေတြဟာ ဒီတေလာမွာ ျပန္ ခံစားေနရတဲ့ အခ်ိန္ေတြ ရွိေနပါျပီ။ သူတို႔က ဖိအားေတြ ခံရတယ္၊ တခါတေလ ရလဒ္ မေကာင္းတာေတြ ၾကံဳရရင္ စိတ္ဒဏ္ရာေတြလည္း ရၾကတယ္။

အိုလီဗာ ဂ်ီရူးကေတာ့ အခ်ိန္ကိုက္ အသင္းမွာ ျပန္ပါ၀င္ခြင့္ရလာျပီး အေကာင္းဆံုး စြမ္းေဆာင္ျပေနတယ္။ ဒါေပမယ့္ ခ်ယ္ဆီး ခံစစ္ကေတာ့ အႏၱရယ္ၾကီးဆဲ ျဖစ္ပါတယ္။ အဲဗာတန္ ဒီပြဲက ရမွတ္ တစ္ခုခု ယူသြားနုိင္ရင္ အံ့အားသင့္စရာ မဟုတ္ပါဘူး။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး ၁-၁ အဲဗာတန္။

လီဗာပူး Vs ဘုန္းေမာက္

ဘုန္းေမာက္က ခံစစ္ကို ပိတ္ကစားတဲ့ အသင္းတစ္သင္း မဟုတ္ပါဘူး။ သူတိုက ဟန္ခ်က္ညီေနတဲ့ အသင္းတစ္သင္းလည္း မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း သူတို႔က ျပႆနာေတြ ေတြ႔ေနရတာပါ။ သူတို႔ရဲ႕ အရင္အေျခအေနကို ျပန္ေရာက္သြားပါတယ္။ မတည္ျငိမ္တဲ့ ခံစစ္သမားေတြ ပိုင္ဆိုင္ထားေပမယ့္ ဘုန္းေမာက္က အႏၱရာယ္ေတာ့ ရွိေနဆဲျဖစ္ပါတယ္။

လီဗာပူးအတြက္ကေတာ့ အလုပ္ကို အျပီးသတ္ဖို႔ အခ်ိန္ ေရာက္လာပါျပီ။ အေရးၾကီးတာက ရမွတ္ သံုးမွတ္ ရယူဖို႔ပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေဒါသေတြကို ဒီပြဲမွာ ေပါက္ကြဲၾကမယ္လို႔ ခန္႔မွန္းထားတယ္။ အဲ့အေၾကာင္းျပခ်က္ေၾကာင့္ပဲ ဒီပြဲက လီဗာပူးအတြက္ သက္ေသာင့္သက္သာ အႏုိင္ရမယ့္ ပြဲတစ္ပြဲ ျဖစ္လာပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၀ ဘုန္းေမာက္။

Unicode – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ အတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်က အောက်ပါအတိုင်း သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များကို ဖော်ပြသွားပါတယ်။

မန်ချက်စတာယူနိုက်တက် Vs မန်စီးတီး

သိပ်ကောင်းတဲ့ စူပါဆန်းဒေးပွဲပါပဲ။ မန်စီးတီးက အမှတ်ပေးဖလားကို အနိုင်ရဖို့ မဖြစ်နိုင်တော့ပေမယ့် ဒီပွဲကို အရေးနိမ့်မယ်ဆိုရင် လီဗာပူးက မန်ချက်စတာကို လာရမယ့် သီတင်းပတ် အနည်းငယ်အတွင်း ရိုက်ခတ်နိုင်မယ့် အလားအလာကို သူတို့ သိပါတယ်။

ဒီရာသီ အီးသီဟတ်မှာ ယူနိုက်တက်က မန်စီးတီးကို အနိုင်ယူခဲ့ပြီးပါပြီ။ ဒါပေမယ့် ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိုထရတ်ဖိုဒ့်မှာ စီးတီးက အနိုင်ယူခဲ့တယ်။ ယူနိုက်တက် ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ ဒီပွဲမှာ သူတို့က ခံစစ်အထိုင်ချပြီး ကစားမှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အိမ်ကွင်းမှာ မန်စီးတီးကို ထိပ်တိုက် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒါက မန်စီးတီးအတွက် ပိုသဘောကျဖို့ကောင်းတဲ့ အနေအထား ဖြစ်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် ၁-၃ မန်စီးတီး။

အာဆင်နယ် Vs ဝက်စ်ဟမ်း

ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ အပတ်က ဆောက်သမ်တန်နဲ့ပွဲမှာ ရလဒ်ကောင်း ရထားတာပါ။ ကျနော် ဒေးဗစ် မိုယက်စ်အတွက် ကျေနပ်မိပါတယ်။ အာဆင်နယ် ဘက်မှာတော့ အာတီတာရဲ့ နည်းပြမှုအောက်မှာ ဂန်းနားတွေ ဖြည်းဖြည်းချင်း တိုးတက်လာနေပါတယ်။ အာတီတာရဲ့ လုပ်ပိုင်ခွင့်တွေ အတွက်လည်း သဘောကျမိတယ်။

ဝက်စ်ဟမ်းကလည်း သူ့အနေအထားနဲ့ သူ ဟုတ်နေပါတယ်။ လောလောဆယ်မှာ တောင်ပံတိုက်စစ်သမား အန်တိုနီယိုက သူတို့အတွက် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်နေတာ တွေ့ရတယ်။ ဒါပေမယ့် ဝက်စ်ဟမ်း ခံစစ်မှာ အင်အားနည်းနေတာတွေ ရှိနေတယ်။ ဒါကြောင့် ဖေဘီယန်စကီး အနေနဲ့ အသင်းဟောင်းနဲ့ ပြန် ရင်ဆိုင်ရာမှာ အလုပ်များတဲ့ နေ့တစ်ရက် ကြုံဦးမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း။

ချယ်ဆီး Vs အဲဗာတန်

အဲဗာတန်က ခန့်မှန်းရခက်ပါတယ်။ နောက်တန်းမှာ ပြသနာတွေ ရှိနေဆဲ ဖြစ်တယ်။ ဒါပေမယ့် ချယ်ဆီးအသင်း အိမ်ကွင်းကလည်း တည်ငြိမ်မှု မရှိပါဘူး။ တခါတလေ ခြေ လုံးဝပျောက်နေတဲ့ပွဲတွေ ရှိတယ်။ ဒီရာသီ အစောပိုင်းက အကောင်းတွေ ယူဆောင်ပေးခဲ့တဲ့ ချယ်ဆီး လူငယ်တွေဟာ ဒီတလောမှာ ပြန် ခံစားနေရတဲ့ အချိန်တွေ ရှိနေပါပြီ။ သူတို့က ဖိအားတွေ ခံရတယ်၊ တခါတလေ ရလဒ် မကောင်းတာတွေ ကြုံရရင် စိတ်ဒဏ်ရာတွေလည်း ရကြတယ်။

အိုလီဗာ ဂျီရူးကတော့ အချိန်ကိုက် အသင်းမှာ ပြန်ပါဝင်ခွင့်ရလာပြီး အကောင်းဆုံး စွမ်းဆောင်ပြနေတယ်။ ဒါပေမယ့် ချယ်ဆီး ခံစစ်ကတော့ အန္တရယ်ကြီးဆဲ ဖြစ်ပါတယ်။ အဲဗာတန် ဒီပွဲက ရမှတ် တစ်ခုခု ယူသွားနိုင်ရင် အံ့အားသင့်စရာ မဟုတ်ပါဘူး။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၁-၁ အဲဗာတန်။

လီဗာပူး Vs ဘုန်းမောက်

ဘုန်းမောက်က ခံစစ်ကို ပိတ်ကစားတဲ့ အသင်းတစ်သင်း မဟုတ်ပါဘူး။ သူတိုက ဟန်ချက်ညီနေတဲ့ အသင်းတစ်သင်းလည်း မဟုတ်ပါဘူး။ ဒါကြောင့်လည်း သူတို့က ပြဿနာတွေ တွေ့နေရတာပါ။ သူတို့ရဲ့ အရင်အခြေအနေကို ပြန်ရောက်သွားပါတယ်။ မတည်ငြိမ်တဲ့ ခံစစ်သမားတွေ ပိုင်ဆိုင်ထားပေမယ့် ဘုန်းမောက်က အန္တရာယ်တော့ ရှိနေဆဲဖြစ်ပါတယ်။

လီဗာပူးအတွက်ကတော့ အလုပ်ကို အပြီးသတ်ဖို့ အချိန် ရောက်လာပါပြီ။ အရေးကြီးတာက ရမှတ် သုံးမှတ် ရယူဖို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒေါသတွေကို ဒီပွဲမှာ ပေါက်ကွဲကြမယ်လို့ ခန့်မှန်းထားတယ်။ အဲ့အကြောင်းပြချက်ကြောင့်ပဲ ဒီပွဲက လီဗာပူးအတွက် သက်သောင့်သက်သာ အနိုင်ရမယ့် ပွဲတစ်ပွဲ ဖြစ်လာပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဘုန်းမောက်။